ဝယ်ယူမှု များပြားသော်လည်း သံပုရာသီးဈေးနှုန်း ထင်သလောက်မကောင်းမွန်သေး
ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် သံပုရာသီးကို လူအများ ဝယ်ယူမှုများပြားသော်လည်း ဈေးနှုန်းမှာ ထင်သလောက် မကောင်းမွန်သေးဘဲ ယခင်နှစ်များကထက် ကျဆင်းနေဆဲဖြစ်ကြောင်း သိရသည်။
လူတွေက သံပုရာသီးကို အရင်ကထက် သုံးလာကြတာကတော့ ဟုတ်တယ်။ ဒီနှစ်က မနှစ်ကထက်တော့ သံပုရာသီးဈေးကျပါတယ်။ အခုတော့ သံပုရာသီးတစ်လုံးကို လက်လီဆို ၅၀ ကျပ်ပဲ ရတော့တယ်။ လက်ကားဆိုရင် သံပုရာသီး အလုံး အကြီးအသေးအပေါ် မူတည်ပြီး တစ်လုံးကို ၂၅ ကျပ် ၃၀ ကျပ်ပဲရတယ်။ အရင်ကတော့ ဒီလို ဩဂုတ်လလောက်ဆို သံပုရာသီးဈေးပိုရတဲ့အချိန်ပါ။ လမ်းပန်းဆက်သွယ်ရေးကြောင့် မဟုတ်ဘူး။ ကျွန်တော်တို့ဘက်မှာ အခုက ကားလမ်းတွေက ပွင့်နေတယ်။
ဟု နေပြည်တော်ရှိ ပြည့်ဝသံပုရာခြံမှ ကိုပြည့်ဝက ပြောသည်။
ယခင်နှစ်က သံပုရာသီးတစ်လုံးလျှင် ပျမ်းမျှဈေးနှုန်း ၇၀ မှ ၁၀၀ ကျပ် အတွင်းရရှိခဲ့ပြီး အခုနှစ်တွင် သံပုရာသီးဈေးကွက်မပြတ်လပ်သော်လည်း ဈေးနှုန်းကျဆင်းမှု ဆက်တိုက်ကြုံတွေ့နေရခြင်းဖြစ်သည်။
ဈေးကွက်လည်ပတ်နေပေမယ့်လည်း ဘာကြောင့် ဈေးနည်းနည်းပဲရနေသလဲဆိုတော့ အခုကာလရဲ့အရှေ့ပိုင်းလေးမှာ နိုင်ငံရေးနဲ့ ကိုဗစ်နဲ့ဆိုတော့ ဈေးတွေက သိပ်မဖွင့်တာနဲ့ လူတွေက အသွားအလာနည်းပါးတာနဲ့ အိမ်ပြင်မထွက်တာနဲ့ တော်တော်ကို သုံးတဲ့လူကနည်းသွားခဲ့သေးတယ်။ ဒီတော့ အဲ့ဒီကာလရဲ့ရိုက်ခတ်မှုတချို့ကြောင့် ခြံတွေမှာ ဈေးကွက်ထဲမှာ သံပုရာသီးတွေက တအားပေါသွားသေးတဲ့အတွက် ဈေးတွေက အခုထိ အကုန်ပြုတ်ကျကုန်တယ်။
ဟု ကိုပြည့်ဝက ဆက်လက်ပြောသည်။
နှစ်စဉ် မတ်လ၊ ဧပြီလတို့၌ သံပုရာသီးဈေးများ မြင့်တက်လာပြီး၊ ဧပြီလကျော်လာပြီးသည့်နောက် သံပုရာသီးဈေးပြန်ကျသွားတတ်သည်။ အသီးထွက်နှုန်းများသည့် ဇွန်လ၊ ဇူလိုင်လများတွင်မူ သံပုရာသီးဈေး အနိမ့်ဆုံးဖြစ်သွားတတ်ပြီး၊ သြဂုတ်လတွင် ဈေးကောင်းပြန်ရတတ်ကြောင်း သိရသည်။
ကိုဇော်ဝင်းထွန်း
လွန်ခဲ့သော ၄ နှစ် ကနိုင်ငံခြားပို့မယ်
ကိုဇော်ဝင်းထွန်း
လွန်ခဲ့သော ၄ နှစ် ကဟုတ်ပါ့။
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....