ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၂၃.၇.၂၀၁၈ မှ ၂၇.၇.၂၀၁၈)ထိ
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) 2017 အပြင် 2018 ပါ ရက်ခြား အရောင်းအဝယ်ရှိနေတာကိုလည်း တွေ့ရပါတယ်။အရောင်းအဝယ်ကလည်း ရက်ခြားသာ ရှိတဲ့အတွက် ဈေးကကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။
နယ်ကုန်စည်ဒိုင်တွေမှာလည်း အရောင်းအဝယ်ကောင်းတဲ့ရက် ဈေးပိုရပြီး အရောင်းအေးတဲ့ရက် ဈေးကျဆင်းတဲ့ အခြေအနေရှိတဲ့အတွက် ဈေးတက်တဲ့ ရက်သတ္တပတ်၊ ဈေးကျတဲ့ ရက်သတ္တပတ်ဆိုပြီး သတ်မှတ်လို့မရတာလည်း တွေ့ရပါတယ်။
ဒီတစ်ပတ်မှာတော့ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲက တစ်တင်းကို ၁၃၅၀၀ နဲ့ ၅၀၀ ကျပ်ဈေးတက်ခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၈၀၀ နဲ့ ၇၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၆၀၀ နဲ့ ၅၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာတော့ တစ်ပတ်အတွင်း တစ်တန်ကို ငွေကျပ်တစ်သောင်းကျော် ဈေးကျဆင်းသွားခဲ့ပြီး လတ်တလောပေါက်ဈေးက တစ်တန်ကို ၄၁၉၀၀၀ ကနေ ၄၂၅၀၀၀ ကျော်ရှိပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်တက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာ အရောင်းကျသွားသလို ဈေးကလည်း ကျဆင်းသွားခဲ့ပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာလည်း ဈေးက အေးသွားပါတယ်။ ပြည်ပအဝယ်ရှိပေမယ့် ပြည်တွင်းဝယ်ယူမှုလျော့တဲ့အတွက် အရောင်းကျသွားခဲ့တာပါ။ မုံရွာကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၁၂၇၀၀ နဲ့ ၂၀၀ လောက်ကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၁၀၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၈၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၀၀၀ ကျပ် အသီးသီးဈေးငြိမ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၄၇၀၀၀၀ ကျော် နဲ့ တစ်တန်ကို ၁၀၀၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ ပဲစင်းငုံနီကတော့ လက်ရှိမှာ ပြည်ပဝယ်ယူမှုက ရှိနေဆဲဖြစ်တဲ့အတွက် ဈေးကအရမ်းကြီးကျသွားဖို့ မရှိသလို တက်နိုင်ခြေလည်း မရှိဘူးလို့လည်း ကုန်သည်တွေက သုံးသပ်ထားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ လက်ရှိနယ်ကုန်စည်ဒိုင်အချို့မှာ အသစ်တွေ ဝင်လာပြီလို့သိရပါတယ်။ အသစ်တွေ စတင်ဝင်ရောက်နေပြီး ဈေးကလည်း အမြင့်ဈေးနဲ့ဝင်ရောက်ကာ တစ်ခြားပဲတွေနဲ့နှိုင်းယှဉ်ရင် အမြင့်ဆုံးဈေးရရှိနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်နဲ့နှိုင်းယှဉ်လိုက်ရင်တော့ ဈေးကျဆင်းနေတဲ့အခြေအနေပါ။ ပြီးခဲ့တဲ့နှစ်က အသစ် တစ်တင်းကို ၃၀၀၀၀ ကျော်နဲ့ ဝင်လာပေမယ့် ဒီနှစ်မှာတော့ တစ်တင်းကို ၂၈၀၀၀ နဲ့ စတင်ဈေးဖွင့်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်နဲ့နှိုင်းယှဉ်လို့ ဈေးက ကျဆင်းပေမယ့် အရောင်းအဝယ်ကတော့ ပဲတီစိမ်းက သွက်နေတဲ့ အခြေအနေပါ။မုံရွာကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်း (အဟောင်း)က တစ်တင်းကို ၂၀၀၀၀ ကနေ၂၄၅၀၀ ပေါက်ဈေးရှိပြီး ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၇၀၀ ကျော်ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ လောက်ဈေးတက်လာပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၈၃၀၀ နဲ့ ၃၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာ တစ်တင်းကို ၃၀၀၀၀ နဲ့ ၃၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၃၆၆၀၀ နဲ့ အသီးသီးဈေးတက်လာပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်းခရမ်းရွှေဝါက ဈေးအမြင့်ဆုံးနဲ့ တစ်တင်းကို ၄၃၀၀၀ အထိ ဈေးရရှိနေခဲ့ပါတယ်။ တောင်သူအချို့ကတော့ လက်ရှိအချိန်ထိ ထုတ်မရောင်းသေးပဲ လှောင်ထားတဲ့အခြေအနေရှိနေပါတယ်။
ကုလားပဲ
ပြီးခဲ့တဲ့အပတ်က အိန္ဒိယဝယ်ယူမှု မြင့်လာတဲ့အတွက် မထင်မှတ်လောက်အောင် ဈေးတက်လာခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးကအနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။ ဈေးကျဆင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ဈေးကို ရောက်ရှိသွားတဲ့အခြေအနေတော့ မဟုတ်ပါဘူး။ ကုလားပဲကို တရုတ်က အဓိကဝယ်ယူပြီး အိန္ဒိယက အနည်းငယ်ဝယ်ယူပေမယ့် ယခုလအတွင်း အများအပြားဝယ်ယူမှုပြုလုပ်ခဲ့တဲ့အတွက် ဈေးကောင်းရခဲ့တာလည်း ဖြစ်ပါတယ်။
ဒီတစ်ပတ်ကတော့ အဝယ်ပြန်အေးပြီး ဈေးကပါးပါးလေး ပြန်ကျသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲလုံး (ဖြူ၊ဝါ)ကြီးက တစ်တင်းကို ၂၁၀၀၀ ကနေ ၂၃၂၀၀ ရှိပြီး ၈၀၀ နီးပါး ဈေးကျဆင်းခဲ့ပါတယ်။ (ဖြူ၊ဝါ) သေးကတော့ တစ်တင်းကို ၂၃၂၀၀ ကနေ ၂၃၅၀၀ ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ်လည်း ကုလားပဲ(ဖြူ၊ဝါ)ကြီးက တစ်တင်းကို ၂၁၅၀၀ ကနေ ၂၂၅၀၀ ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း ကုလားပဲ (ဖြူ၊ဝါ)ကြီးက တစ်တင်းကို ၂၂၅၀၀ ကနေ ၂၃၀၀၀ ရှိပြီး ၅၀၀ ကျပ်၊ မန္တလေးကုန်စည်ဒိုင်မှာလည်း ကုလားပဲဖြူက တစ်တင်းကို ၂၂၆၀၀ ရှိပြီး တစ်တင်းကို ၇၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။ ကုန်သည်တွေကတော့ ကုလားပဲဈေးက လက်တလော ဈေးတက်နိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။
ဝတ်ရည်မွန်((AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဖရဲ စိုက်ပျိုးရန် မြေဆီလွာကို ဘယ်လို ပြုပြင်ရမလဲ စိုက်ပျိုးနည်း ပုံစံလည်း သိချင်ပါတယ်။
Nay thura • ဖြေကြားချက် 1 ခု
EM-5 ဘယ်လိုပြုလုပ်ရင်အကောင်းဆုံးလဲ
san lin • ဖြေကြားချက် 1 ခု
မျိုးစေ့မသိမ်းခင် အဆင့်မှာ ပုတ်ပြီးခြောက်သွားတာ ဘာကြောင့်ဖြစ်တာလဲပြောပြပေးပါဆရာ၊ဆရာမတို့ရှင့်
Tone meezae • ဖြေကြားချက် 1 ခု
မတ်ပဲစိုက်ရန် ဒိုလာမောင်းထားပါတယ် ၂ဧက ပဲပတ်ပြီး ၁ရက်အကြာမိုးမိတယ် အပင်တေ မပေါက်တော့ပါ့ဘူး ပြန်ဖျတ်ပြီး ကျဲလျှင်ပေါက်နိုင်ပါလားဗျ ဒိုလာမောင်းပြီး ပဲမပတ်ရသေးတဲ့အခင်းတေရော ဘယ်နရက်လောက်နေလှန်းပြီးမှကျဲပတ်ရမလည်းသိချင်ပါတယ်ဆရာ
zayyy zayya • ဖြေကြားချက် 1 ခု
အိမ်မှာ စိုက်ပျိုးထားတဲ့ သရက်ပင်ရဲ့ အရွက်တွေက ပုံပါအတိုင်း ဖြစ်နေလို့ပါ။ ကျန်အရွက်တွေလည်း ညိုးကျနေလို့ပါဗျ။ ဘာဆေးလေး သုံးလို့ရလဲဗျ။
Thura • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
More from Green Way
အားလုံး
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
ဗီဒီယို
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့
03/11/2026
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့
26/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026