အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့

အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့

Green Way
Green Way • 26/10/2026

သီတင်းကျွတ်ဆိုတာ ...

မြန်မာလူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှုအရ မိဘ၊ ဘိုးဘွား၊ ဆရာသမားနဲ့ မိမိတို့အပေါ် ကျေးဇူးပြုခဲ့သူတွေကို ဂါရဝပြုကန်တော့ပြီး ကျေးဇူးတရားကို ဖော်ထုတ်ကြတဲ့ အချိန်အခါတစ်ခု ဖြစ်တာမို့လို့

အစိမ်းရောင်လမ်းဆော့ဝဲကလည်း ဆောင်းပါးများနဲ့ အမေးအဖြေကဏ္ဍမှတစ်ဆင့်

မိမိတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ အသိပညာနှင့် အတွေ့အကြုံများကို ရက်ရောစွာ မျှဝေပေးကြသည့် ပညာရှင်များအား အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း ဒီနေရာကနေတဆင့် ပူဇော်ကန်တော့လိုက်ရပါတယ်...

ဆရာကြီး၊ ဆရာမကြီးတို့၏ ပံ့ပိုးကူညီမှုများကြောင့်သာ အစိမ်းရောင်လမ်းဆော့ဝဲအသုံးပြုသူ တောင်သူများဟာ အဖိုးတန်သော စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်များကို လက်လှမ်းမီရရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြခြင်းသာဖြစ်ပါတာမို့

ပါဝင်ပံ့ပိုးကူညီပေးခဲ့ကြတဲ့ ပညာရှင်ဆရာ၊ ဆရာမများအားလုံးကို အစိမ်းရောင်လမ်းအဖွဲ့မှ လှိုက်လှိုက်လှဲလှဲ ဂါရဝပြု၍ ကျေးဇူးတင်လေးစားကြောင်း ဖော်ပြအပ်ပါတယ်ရှင့် 🙏

You

ဆက်စပ်မေးခွန်းများ

မီးတောင်ချော်ပြာမှုန့်ဘယ်မှာဝယ်ရမှာလဲ

Zaw Min Naung • ဖြေကြားချက် 1 ခု

မတ်ပဲမြစ်ခြောက်ဆွေးနှစ်တိုင်းကျနေလို့ ပန်းပွင့်ချိန်ရောက်မှ အပင်ခြောက်ပြီး​သေ သွားပါတယ် ပုံထဲကဆေးအတိုင်းဖျန်းရင် ထိရောက်မှုရှိနိုင်လား တစ်ခြားဆေးတွေကပိုထိရောက်လား ဆေးရှိရင်ပြောပြပေးပါ မတ်ပဲအခုရက်၂၀ရှိပါပြီ အပင်မသေ သေးဘူး ရက်၃၀ကေျာ်လာရင်အမြစ်ခြောက်ပြီးသေတော့မှာပါ

Sawsamson • ဖြေကြားချက် 1 ခု

ဒီဆေးတွေကရောဖျန်းလို့ရနိုင်မလားဗျ။

မောင်မော် • ဖြေကြားချက် 1 ခု

ဒိအားဆေးမုန့်က.အပွင့်ပွင့်ချိန်မှာသုံးလို့ကောင်းလားဗျ...မြန်မာစာမပါတော့နားမလည်လို့ပါ

သန်းထိုက်အောင် • ဖြေကြားချက် 1 ခု

ဘာရောဂါလဲသိချင်ပါတယ် ဘာတေလိုအပ်မလဲ

Aung Thura • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။