ကြက်သွန်အပါအဝင် ပဲဈေးကွက်သုံးသပ်ချက် (၁၂-၁၆.၂.၂၀၂၄)
ဖေဖော်ဝါရီလ ၁၂ ရက်မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့တဲ့ စျေးနူန်းတွေအပေါ် စျေးကွက်သုံးသပ်ချက် ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ မတ်ပဲရော ပဲစဥ်းငုံနီပါ ဆက်တိုက်ဈေးပြန်ကျလာသလို ပဲတီစိမ်း၊ မြေထောက်ပဲစျေးလည်းကျပါတယ်။ ကြက်သွန်နီ ကြက်သွန်ဖြူဈေးတွေတော့ ပြန်မြင့်တက်လာပါတယ်။ ဗဟိုဘဏ်က ပို့ကုန်ရငွေအပေါ် ထိန်းချုပ်မှုအချို့ ပြန်လုပ်လိုက်တာကြောင့် ပဲစျေးကွက် လှုပ်ခတ်မှုဖြစ်ပြီး ပဲစျေးနှုန်းတွေကျရိပ်ပြလာတာဖြစ်ပါတယ်။
မတ်ပဲစျေးကွက်
မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း စျေးတွေထပ်ကျပြီး တစ်တန်ကို သိန်း ၃၀ အောက်ထိရောက်ရှိသွား ရာကနေ တစ်ပတ်အတွင်း သိန်း၃၀ ကျော်အထိပြန်မြင့်တက်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် စျေးက ကျဆင်းသွားပါတယ်။
မတ်ပဲအသစ်တွေလည်း နယ်စုံကနေ စျေး ကွက်ထဲဝင်ရောက်နေတဲ့အတွက်ကြောင့်လည်း စျေးတန်းက ပြန်အေးသွားတာ မှန်ပေမယ့် အိန္ဒိယက မြန်မာ့မတ်ပဲကိုလိုအပ်ချက်ရှိပြီး ဝယ်လိုအား ကောင်း တာကြောင့် စျေးကွက်က လှုပ်ခတ်မှုရှိနေပြီး အများကြီး ကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ ကုန်သည်ကြီး တွေက ခန့်မှန်းထားကြပါတယ်။
ဒီတစ်ပတ် ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ FAQ တစ်တန်ကို ၃၁၂၃၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁၇၇၀၀၀ လောက် ဈေးကျဆင်းသွားခဲ့ပါတယ်။
မန္တလေးစျေးကွက်မှာလည်း ဒီတစ်ပတ် မတ်ပဲက ပိဿာ ၆၀ ဝင်တစ်အိတ်ကို ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ကျပ်စျေးပေါက်ပြီး အရင်အပတ်ကထက် တစ်အိတ်ကို ၃၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
နယ်ကုန်စည်ဒိုင်တွေမှာလည်း မတ်ပဲတစ်တင်းကို ၉၈၀၀၀ ကနေ ၉၉၅၀၀ ကြားရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တင်းကို ၆၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
ပဲစဥ်းငုံနီစျေးကွက်
ပဲစဥ်းငုံနီကလည်း ဒီတစ်ပတ်မှာ စျေးကျလာပြီး တစ်တန်ကို သိန်း ၄၀ အောက် ဈေးကျလာပါတယ်။
ပဲစဥ်းငုံ စျေးကျပေမယ့် အိန္ဒိယဘက်က ပဲလိုအပ်ချက် ရှိပြီး ဝယ်လိုအားကောင်းတဲ့ အတွက် စျေးတန်း က အများကြီးပြုတ်ကျနိုင်မယ့်အခြေအနေမရှိဘူးလို့ ကုန်သည်တွေကသုံးသပ် ထားကြပါတယ်။
ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ၃၉၂၀၀၀၀ ကျပ်ရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင်တစ်တန်ကို ၁၀၇၀၀၀ ကျပ် ဈေးကျဆင်းလာပါတယ်။
အလားတူ မန္တလေး စျေးကွက်မှာလည်း ပိဿာ ၆၀ တစ်အိတ်ကို ၃၇၇၀၀၀ ကနေ ၃၇၈၀၀၀ ကြား ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ် နဲ့ယှဉ်ရင် တစ်အိတ်ကို ၈၀၀၀ ကျပ်လောက် ကျလာတာဖြစ်ပါတယ်။
ပဲတီစိမ်းစျေးကွက်
ပဲတီစိမ်းကတော့ ဒီတစ်ပတ် ရန်ကုန်မှာ စျေးငြိမ်နေပေမယ့် မန္တလေးစျေးကွက်မှာ စျေးကျလာတာ တွေ့ရပါတယ်။
ပဲတီစိမ်း အသစ်တွေ ကုန်စည်ဒိုင်တွေကို နယ်အစုံကနေ ဝင်ရောက်နေမှုရှိနေပေမယ့် တရုတ်က ဝယ်လိုအားအေးနေတာကြောင့်လည်း အရောင်းအဝယ်အေးနေပြီး စျေးကကျလာတာဖြစ်ပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်မှာ ပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၄၅၀၀ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၄၆၅ ကျပ်၊ ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၅၀၀ မှ ၃၈၃၅ ကျပ် ရှိပြီး အရင်အပတ်ကစျေးအတိုင်း ငြိမ်နေပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၈၅၀၀၀ ကျပ်စျေးရှိလို့ အရင်နဲ့ယှဉ်ရင် တစ်အိတ်ကို ၁၅၀၀၀ ကျပ် စျေးကျသွားပါတယ်။
မြေထောက်ပဲစျေးကွက်
မြေထောက်ပဲကတော့ စျေးတွေဆက်တိုက် ကျဆင်းလာပြီး မန္တလေးစျေးကွက်မှာ အရောင်းအဝယ်လည်းအေးနေတယ်လို့ သိရပါတယ်။
မြေထောက်ပဲကို တရုတ်နဲ့ အိန္ဒိယကအဝယ်ရှိပေမယ့် လက်ရှိပြည်တွင်းမှာဖြစ်နေတဲ့ ပို့ကုန်ရငွေ ကန့်သတ်မှု ဒေါ်လာငွေအပြောင်းအလဲတွေကြောင့် ပဲစျေးတွေ လှုပ်ခတ်ပြီး တည်ငြိမ်မှု မရှိဖြစ်နေတာပါ။
ဒီတစ်ပတ် မန္တလေးစျေးကွက်မှာ မြေထောက်ပဲ သုံးတင်းဝင်တစ်အိတ်ကို ၃၇၀၀၀၀ မှ ၃၇၇၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ် နဲ့ယှဥ်ရင် ၁၈၀၀၀ လောက် ဈေးကျဆင်း လာတာဖြစ်ပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်ပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်နေပေမယ့် ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ ဈေး အနည်းငယ် ပြန်မြင့်တက်လာပါတယ်။နေ့စဉ် ဘုရင့်နောင်ဈေးကွက်ကို နယ်စုံကနေ ပိဿာချိန် ၂သိန်းနီးပါးအဝင်ရှိနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာကို ၁၄၀၀ ကနေ ၃၁၀၀ ကြားရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၂၀၀ လောက်ဈေးမြင့်တက်လာပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ ကြက်သွန်ဖြူ အဝင်အနည်းငယ် နည်းလာပြီး ပြည်တွင်း ဝယ်ယူမှု မြင့်တက်လာတဲ့အတွက် ဈေးပြန်မြင့်တက်လာတာ ဖြစ်ပါတယ်။ကြက်သွန်ဖြူကတော့ လက်ရှိ အမြင့်ဆုံး ဈေး ရောက်ရှိနေတာ ဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(အောင်ပန်း)တွေက တစ်ပိဿာကို ၁၆၅၀၀ မှ ၁၇၈၀၀ ရှိပြီး တစ်ပိဿာကို ၈၀၀ ကျပ်ဈေးပြန်မြင့်တက်လာပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ပုံမှန် ပဲ ဈေးအပြောင်းအလဲ မရှိဘဲ တစ်ပိဿာကို ၉၀၀၀ ကနေ ၉၂၀၀ ကြားပေါက်ဈေးရှိနေပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....