ပဲမျိုးစုံဈေးကွက် သုံးသပ်ချက် (၂၉.၁.၂၀၂၃ - ၂.၂.၂၀၂၄) အထိ
ဇန်နဝါရီလ နောက်ဆုံးအပတ်ရဲ့ ၂၉ ရက်နဲ့ ဖေဖော်ဝါရီလအစ ( ၂၉.၁.၂၀၂၄ မှ ၂.၂.၂၀၂၄) ရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ကြီးတွေဖြစ်တဲ့ မန္တလေးနဲ့ရန်ကုန်စျေးကွက်မှာ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ စျေးနှုန်းတွေဖြစ်ပါတယ်။
ပြောင်း စျေး တက်ရိပ်ပြလာပြီး မတ်ပဲက စံချိန်တင်မြင့်တက်လာပါတယ်။ ပဲစဥ်းငုံကတော့ စျေးပြောင်းအလဲသိပ်မရှိပါဘူး။ ပဲတီစိမ်းကတက်လာပြီး ကုလားပဲက စျေးထပ်ကျပါတယ်။
မတ်ပဲ
မတ်ပဲက ဒီတစ်ပတ်မှာလည်း စျေးနူန်းဆက်တိုက်တက်လာပြီး စံချိန်တင်ဈေးနှုန်းအထိရောက် လာပါတယ်။ အိန္ဒိယဘက်ကအဝယ်ရှိနေတာကြောင့် မတ်ပဲစျေးက ဆက်တိုက်တက်နေတာမှန်ပေမယ့် စျေးက တစ်ရက်ထဲမှာပဲ အကြိမ်ကြိမ်ပြောင်းလဲနေတယ်လို့သိရပါတယ်။
- ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ မတ်ပဲ FAQ တစ်တန်ကို သိန်း ၃၂၇၀၀၀၀ ကျပ် စျေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ကျပ် ၁၀၅၀၀၀ စျေးတက်လာပါတယ်။
- မန္တလေးစျေးကွက်မှာလည်း ပိဿာ ၆၀ ကို အမြင့်ဆုံး ၃၀၀၀၀၀ မှ ၃၁၀၀၀၀ ကျပ်ရှိ ပြီး ပြီးခဲ့တဲ့ အပတ်ကထက် ၁၀၀၀၀ မှ ၁၄၀၀၀ ကျပ် တက်လာပါတယ်။
ပြီးခဲ့တဲ့အပတ်က ဟင်္သာတကုန်စည်ဒိုင်မှာ ပိဿာ ၂၀ ကို ၉၈၅၀၀ ကျပ်၊ ပဲခူးတိုင်းလက်ပံတန်းမှာ မတ်ပဲပိဿာ ၂၀ ကို ၁၀၀၀၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ ၉၈၂၀၀ ကျပ်ရှိရာကနေ ကုန်စည်ဒိုင်အသီးသီးမှာ ပိဿာ ၂၀ တစ်တင်းကို ၁၀၅၅၀၀ ကျပ်မှ ၁၀၆၀၀၀ ကျပ်အထိရှိလာပြီး တစ်တင်းကို ၈၀၀၀နီးပါးဈေးမြင့်တက်လာပါတယ်။
ပဲစဥ်းငုံနီ
ပဲစဥ်းငုံနီကတော့ ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ကျရိပ်ပြပြီး မန္တလေးမှာတော့ အတက်အကျ အပြောင်းအလဲ အနည်းငယ်ရှိပေမယ့် ဈေးကတော့ ငြိမ်နေပါတယ်။
အိန္ဒိယဘက်က ပဲစဥ်းငုံနီလိုအပ်ချက်မြင့်နေတာကြောင့် ဝယ်လိုအားကောင်းတဲ့အတွက်စျေးက အကျဘက်ကို ဆင်းသွားတာမရှိပေမယ့် ထပ်တက်လာတာမျိုးလည်း မရှိပါဘူး။
- ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ၃၈၃၁၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၆၅၀၀ လောက် ကျရိပ်ပြလာပါတယ်။
- မန္တလေးစျေးကွက်မှာတော့ ပဲစဥ်းငုံနီ တစ်အိတ်ကို ၃၆၅၀၀၀ မှ ၃၆၈၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ်က ပေါက်ဈေးအတိုင်း ဈေးငြိမ်နေပါတယ်။

ပြောင်းဆံ
ပြောင်းဆံကတော့ မန္တလေးနဲ့ ရန်ကုန်စျေးကွက်မှာပါ စျေးတက်လာပေမယ့် အရောင်းအဝယ်အေး နေပါတယ်။
- ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပြီးခဲ့တဲ့အပတ်က ပြောင်းဆံတစ်ပိဿာကို ၁၁၃၀ မှ ၁၁၅၀ ကျပ်ရှိပြီး ခုတပတ်မှာတော့ တစ်ပိဿာကို ၁၁၄၀ မှ ၁၁၆၀ ကျပ်အထိ ပြန်ဖြစ်လာလို့ တစ်ပိဿာကို ၁၀ ကျပ် အတက်ပြ လာပါတယ်။
- မန္တလေးစျေးကွက်မှာလည်း ပြောင်း (cp) ၅၄ ပိဿာဝင် တစ်အိတ်ကို ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ပြောင်း (ဗမာ) က ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ပြောင်း (ရှမ်း)က ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်ပေါက်လို့ တစ်အိတ်ကို ၁၀၀၀ ကျပ်စီပြန်တက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဈေးတွေ ဆက်တိုက်မြင့်တက်လာပါတယ်။ ပဲတီစိမ်းအသစ်တွေ ရိတ်သိမ်းချိန်ရောက်တာကြောင့် ပဲအသစ်တွေကို တရုတ်က ဝယ်လိုအားရှိတဲ့အတွက် စျေးနှုန်းတွေ တက်လာနေတာဖြစ်ပါတယ်။
- ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၄၄၁၅ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၂၅၀ ကျပ် ၊ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၄၁၅ မှ ၃၈၃၅ ကျပ် ရှိပြီး တစ်ပိဿာကို ၃၃၀ ကျပ်မှ ၅၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။
- မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း ၁၆၀၀၀၀ မှ ၂၀၀၀၀၀ သိန်း ကျပ်စျေးပေါက်ပြီး ပြီးခဲ့တဲ့အပတ်က ထက် ၄၀၀၀ ကျပ်တက်လာပါတယ်။
ကုလားပဲ
ကုလားပဲကလည်း ရန်ကုန်စျေးကွက်နဲ့ မန္တလေးကုန်စည်စျေးကွက်မှာပါ စျေးဆက်တိုက် ကျဆင်းလာပါတယ်။
ကုလားပဲက အသစ်ပေါ်ချိန်နီးလာတာကြောင့် စျေးက အတက်အကျ တည်ငြိမ်မှုမရှိပဲနဲ့ အကျဘက် ရောက်လာတာဖြစ်ပါတယ် ။
- ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ကုလားပဲဖြူလုံး တစ်ပိဿာကို ၄၇၅၀ မှ ၄၈၃၅ ကျပ်၊ ကုလားပဲဖြူလုံးကြီးကလည်း တစ်ပိဿာကို ၄၉၁၅ မှ ၅၀၀၀ ကျပ် စျေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်မှ ၂၅၀ ကျပ် စျေးကျဆင်းသွားပါတယ် ။
- မန္တလေးစျေးကွက်မှာလည်း ကုလားပဲ v2 က ၃၀၅၀၀၀ ကျပ် ကျပ်ရှိပြီး ၅၀၀၀ ကျပ်၊ ကုလားပဲ v7က ၃၀၈၀၀၀ ကျပ်ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ကျဆင်းပါတယ်။ ကုလားပဲ 929 ကလည်း ၂၈၄၀၀၀ မှ ၂၈၇၀၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။
(AMIA က ပေးပို့လာသည့်အတိုင်း ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
Ye
လွန်ခဲ့သော ၂ နှစ် ကမတ်ပဲတစ်တန်ကိုတင်းဘယ်လောက်ရှိလဲမသိလို့ပါဖြေပေးပါအုံး
ဦးလှပြုံး
လွန်ခဲ့သော ၂ နှစ် ကသရက်စိုက်ပျိုးရေးအကြောင်း ခုနေချိန်ဆောင်ရွက်ရန်များစုံလင်စွာသိခြင်ပါတယ်ခင်ဗျား
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....