အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၂၁-၂၅.၇.၂၀၂၅)

တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၂၁-၂၅.၇.၂၀၂၅)

AMIA
AMIA • 28/07/2025

မတ်ပဲ

အရင်တစ်ပတ်က စျေးကျခဲ့တဲ့ မတ်ပဲက အခုတစ်ပတ်မှာ စျေးပြန်တက်လာပြီး  တစ်တန်ကို သိန်း ၃၀ အထက်ကို​ပြန်ရောက်လာပါတယ်။  ဒါကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို အရင်တပတ်က ၉၈၀၀၀ မှ ၁၀၆၀၀၀ ကျပ်အထိရှိလာပါတယ်။ 

မတ်ပဲကတော့ အိန္ဒိယဘက် ဝယ်လိုအားအပေါ်လိုက်ပြီး စျေးတန်းက တက်လိုက်ကျလိုက်ဖြစ်နေတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာ မှ သောကြာနေ့အတွင်း ၂၉၉၀၀၀၀ မှ ၃၂၁၀၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။

အရင်တစ်ပတ်က  မတ်ပဲ FAQ (Fair Average Quality) အလုံးသေး တစ်တန်ကိုတနင်္လာမှ သောကြာနေ့အတွင်း ၂၉၅၅၀၀၀ မှ ၂၉၉၁၀၀၀ ကျပ်ရှိခဲ့တာကြောင့် ခုတစ်ပတ်မှာ တစ်တန်ကို  ၃၀၀၀၀ ကျော်လောက်ပြန်တက်လာပါတယ်။

ပဲစင်းငုံ

ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ အရင်တစ်ပတ်ကထက်  စျေးတက်ရိပ်ပြလာပါတယ်။ ပဲစဥ်းငုံးကလည်း  အိန္ဒိယဝယ်လိုအားပေါ်လိုက်ပြီး စျေးတန်း အတက်အကျ ပြောင်းလဲမှုရှိနေတာဖြစ်ပါတယ်။

နယ်စျေးကွက်မှာတော့ ပဲစဥ်းငုံ တစ်တင်းကို ၈၀၀၀၀ ကျော်သာရှိပြီး အရောင်းအဝယ် အေးနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း  ပဲစင်းငုံနီတစ်တန်ကို ၂၇၉၈၀၀၀ မှ ၂၈၂၀၀၀၀ ကျပ်ရှိပါတယ်။

အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို  ၂၇၆၂၀၀၀ မှ ၂၈၁၈၀၀၀ ကျပ်ရှိခဲ့တာကြောင့်  ၂၀၀၀ မှ ၃၀၀၀၀  ကျော်လောက်စျေးတက်ပါတယ်။

ပြောင်း

ပြောင်းကတော့ အခုတစ်ပတ်မှာလည်း စျေးထပ်ကျလာပါတယ်။ ပြောင်းကိုအဓိကတင်ပို့တဲ့ ထိုင်းက ပြောင်းပေးစျေးနည်းတဲ့အပြင် ကမ္ဘာ့ပြောင်းစျေးကလည်းကျနေပါတယ်။

ဒါကြောင့် မြန်မာ့ပြောင်းစျေးလည်းဆက်တိုက်ကျလာနေပါတယ်။ လက်ရှိ ပြည်တွင်းမှာက ပြောင်းလက်ကျန်နည်းနေပြီး အရောင်း အဝယ်အေးနေပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ခုတပတ် ပြောင်းတစ်ပိဿာကို ၁၆၇၀ မှ ၁၆၉၀ ကျပ်သာရှိပါတယ်။အရင်တစ်ပတ်ကထက် တစ်ပိဿာ ၂၀ ကျပ်ထပ်ကျလာတာဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ပြည်တွင်းစျေးကွက်မှာ တရုတ်ကနေ တင်သွင်းတဲ့  ကြူကုတ်ကြက်သွန်ဖြူ စျေးနှုန်းမြင့်တက်လာပြီး ပြည်တွင်းထွက်  ရှမ်းကြက်သွန်ဖြူတွေက စျေးကျလာနေတယ်လို့ ပွဲရုံတွေကသိရပါတယ်။

ကြူကုတ်ကြက်သွန်က ကုန်အဝင်နည်းလာတာကြောင့် လက်ကျန်ကို စျေးနှုန်းမြင့်ရောင်းချနေတဲ့သဘောရှိပြီး ရှမ်းကြက်သွန်ကတော့ စျေးကွက်ထဲ ဝင်ရောက်မှုများနေတဲ့အတွက် စျေးကျလာနေတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ် ​ကြက်သွန်ဖြူ ကတစ်ပိဿာ ကို ၁၀၀၀၀ မှ  ၁၀၅၀၀ ကျပ်ရှိပြီး  ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့  အောင်ပန်းထူး ၂ တစ်ပိဿာကို ၄၁၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၅၅၀၀ ကျပ်၊ အောင်ပန်းထူး ၄က ၆၁၀၀ ကျပ်၊ အောင်ပန်းထူး ၅က ၆၃၀၀ ကျပ်ရှိ ပါတယ်။

ဂျင်း

ဂျင်းတက်ကလည်း ပြည်ပဝယ်လိုအားမရှိတဲ့အပြင် ပြည်တွင်းမှာ ဂျင်းဥမအသစ်တွေပေါ်ချိန်ဖြစ်တာကြောင့် စျေးကျလာပါတယ်။

ပြည်တွင်းရှိ ဂျင်းတက် အထွက်နှုန်းနဲ့ စားသုံးမှုကမမျှဘဲ ရောင်းလိုအားကများပြီး ဝယ်လိုအားနည်းတဲ့အတွက် ဂျင်းတက်စျေးကျလာတာဖြစ်ပါတယ်။

အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းဥမ အကြီးတစ်ပိဿာကိုမှ ၂၅၀၀ ကျပ် ၊ ဂျင်းဥမ အလတ်က တစ်ပိဿာကို ၁၀၀၀ မှ ၂၀၀၀ ကျပ်သာရှိပါတယ်။

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။