အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မတ်ပဲဈေး သိသိသာသာဆက်တက်နေပြီး ကြက်သွန်နီဈေးလည်း ဆက်တက်

မတ်ပဲဈေး သိသိသာသာဆက်တက်နေပြီး ကြက်သွန်နီဈေးလည်း ဆက်တက်

Green Way
Green Way • 09/06/2022

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့ နှစ်ရက်ကတည်းက တစ်တန်ကို ၁၅ သိန်းကျော်ထိ မြင့်တက်သွားတဲ့ မတ်ပဲဈေးတွေမှာ ဒီနေ့မှာလည်း သိသိသာသာကို ထပ်တက်လာပါတယ်။ 

မနေ့က တစ်တန်ကို ကျပ် ၁၅၁၃၀၀၀ ရှိခဲ့တဲ့ မတ်ပဲ (အက်ဖ်အေကျူ၊ အာစီ - ၂၀၂၂ ) ဈေးဟာ ဒီနေ့မှာ တစ်တန်ကို ကျပ် ၁၄၀၀၀ ကျပ်ထိ မြင့်တက်ခဲ့ပြီး ၁၅၂၇၀၀၀ ဖြစ်လာပါတယ်။ အလားတူ မတ်ပဲ (အက်စ်ကျူအာစီ - ၂၀၂၁) ဟာလည်း တစ်တန်ကို ကျပ် ၁၄၀၀၀ ပဲ မြင့်တက်လာပြီး မနေ့က ကျပ် ၁၇၀၃၀၀၀ ရှိရာကနေ ဒီနေ့မှာတော့ ၁၇၁၇၀၀၀ ထိ မြင့်တက်လာတာပါ။

" အိန္ဒိယနိုင်ငံက မိုးသီးနှံအတွက် ဈေးနှုန်းတွေ တိုးမြှင့်လိုက်တဲ့ ထုတ်ပြန်ချက်ကြောင့် ပဲဈေးတွေ တက်လာတာဖြစ်တယ်" လို့ AMIA ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ဈေးကွက်မှာ အတက်ဆက်တိုက်ရှိနေတဲ့ ကြက်သွန်နီဈေးဟာလည်း ဒီနေ့မှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။ အမျိုးအစားအလိုက် တစ်မျိုးကို တစ်ပိဿာ ကျပ် ၅၀ ခန့်စီ မြင့်တက်လာတာဖြစ်ပါတယ်။ နယ် ဈေးကွက်တွေမှာလည်း ဈေးဆက်တိုက်မြင့်တက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

မနေ့က အတက်ပြလာတဲ့ ကြက်သွန်ဖြူဈေးကတော့ ဒီနေ့မှာ ထပ်တက်လာတာမရှိဘဲ ဈေးငြိမ်နေပါတယ်။

မတ်ပဲ(အက်ဖ်အေကျူ၊အာစီ) (၂၀၂၂) (၁)တန် ၁၅၂၇၀၀၀ ကျပ်

မတ်ပဲ(အက်စ်ကျူ၊အာစီ) (၂၀၂၁) (၁)တန်     ၁၇၁၇၀၀၀ ကျပ်

ကြက်သွန်နီ (ဆိပ်ဖြူရှယ်)(သစ်) (၁)ပိဿာ     ၁၅၀၀ ကျပ်

ကြက်သွန်နီ (ဆိပ်ဖြူလတ်ကြီး) (၁)ပိဿာ     ၁၄၅၀ ကျပ်

ကြက်သွန်နီ (ဆိပ်ဖြူလတ်သန့်) (၁)ပိဿာ     1300 ကျပ်

ကြက်သွန်နီ(ဆိပ်ဖြူလတ်ချော) (၁)ပိဿာ     1050 ကျပ်

ကြက်သွန်ဖြူ(ကြူကုတ်)(ရှယ်) (၁)ပိဿာ     2600 မှ 2800 ကျပ်

ကြက်သွန်ဖြူ(အောင်ပန်း ထူး ၂) (၁)ပိဿာ    2000 မှ 2100 ကျပ်

ကြက်သွန်ဖြူ(အောင်ပန်း ထူး ၃) (၁)ပိဿာ   2600 မှ 2700 ကျပ်

ကြက်သွန်ဖြူ(အောင်ပန်း ထူး ၄) (၁)ပိဿာ   3000 မှ 3400 ကျပ်

ကြက်သွန်ဖြူ(အောင်ပန်း ထူး ၅) (၁)ပိဿာ   3700 မှ 3800 ကျပ်

ကြက်သွန်ဖြူ(ကြူကုတ်)(ရှယ်) (၁)ပိဿာ     2600 မှ 2800 ကျပ်

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

နိုင်ငံတစ်ဝန်း စပါး၊ ဆန်၊ ပဲများအပါအဝင် သီးနှံမျိုးစုံဈေးနှုန်းများကို သိလိုပါက အစိမ်းရောင်လမ်း App ရှိ နေ့စဉ်ဈေးနှုန်းများကဏ္ဍထဲတွင် သက်ဆိုင်ရာမြို့နယ်တစ်ခုချင်းစီအလိုက် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။