အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆန်၊ စပါး၊ ကြက်သွန်နီဈေးများတက်၊ ပဲဈေးများလည်းတက်၊ မတ်ပဲဆက်တက်နိုင်ခြေရှိ

ဆန်၊ စပါး၊ ကြက်သွန်နီဈေးများတက်၊ ပဲဈေးများလည်းတက်၊ မတ်ပဲဆက်တက်နိုင်ခြေရှိ

Green Way
Green Way • 10/06/2022

ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ယခုတစ်ပတ်အတွင်း ဆန်ဈေး၊ ပဲဈေး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေး တွေ အားလုံးတက်လာပါတယ်။

ဆန်၊စပါး

ရန်ကုန်ဈေးကွက်မှာတော့ ဆန်ချောဈေးတွေက အရောင်းအဝယ်အေးနေသလို ဈေးလည်းအေး နေပါတယ်။ ဆန်ကြမ်းဈေးတွေကတော့ အနည်းငယ်တက်ပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာ တော့ စပါးဈေးရော  ဆန်ဈေးရော တက်လာပါတယ်။

 

ယနေ့ရန်ကုန်ဈေးကွက်ဆန်ဈေးများနှင့် တစ်ပတ်အတွင်းဈေးအတက်အကျများ

 

ဧည့်မထ (ဆန်ကြမ်း) (တစ်အိတ်) - ၃၁၅၀၀ - ၃၂၀၀၀ ( ၁၅၀၀ ကျပ် ဈေးတက်)

 

ဧည့်မထ ၂၅ % (တစ်အိတ်) - ၃၀၅၀၀ - ၃၁၅၀၀ (၃၀၀၀ ကျပ် ဈေးတက်)

 

ငစိန်ဆန် (တစ်အိတ်) ၃၁၀၀၀ - ၃၂၀၀၀ (၃၅၀၀ ကျပ် ဈေးတက်)

 

သီးထပ်ဆန် (တစ်အိတ်) ၃၁၀၀၀ - ၃၂၀၀၀ ( ၅၀၀ ကျပ် ဈေးတက်)

 

ဧရာဝတီတိုင်းဈေးကွက်ဆန်စပါးဈေးများနှင့် တစ်ပတ်အတွင်းဈေးအတက်အကျများ

 

ပုသိမ်ပေါ်ဆန်းစပါး (တင်း ၁၀၀) - ၁၂ သိန်း ၁ သောင်း (၉၇၀၀၀ ကျပ် ဈေးတက်) 

 

ပေါ်ဆန်းဆန် (တစ်အိတ်) - ၄၉၀၀၀ (၂၀၀၀ ကျပ်ဈေးတက်) 

 

ပုသိမ်ဧည့်မထစပါး (မိုးနှင့်နွေ) (တင်း ၁၀၀) - ၇၇၅၀၀၀ - ၈၂၈၀၀၀ (၂၈၀၀၀ ကျပ် ဈေးတက်)

 

မြောင်းမြဈေးကွက်ဆန်စပါးဈေးများနှင့် တစ်ပတ်အတွင်းဈေးအတက်အကျများ

 

မြောင်းမြပေါ်ဆန်းစပါး (တင်း ၁၀၀ ) - ၁၂ သိန်း (၈၀၀၀ ကျပ်ဈေးတက်)

 

မြောင်းမြပေါ်ဆန်းဆန် (တစ်အိတ်) - ၄၈၅၀၀  (၁၀၀၀ ကျပ်ဈေးတက်)

 

မြောင်းမြဧည့်မထစပါး(မိုး နှင့် နွေ) (တင်း ၁၀၀) - ၇၈၂၀၀၀ - ၈၃၇၀၀၀ (၄၆၀၀၀ ကျပ် ဈေးတက်)

ဒေးဒရဲပေါ်ဆန်းနဲ့ ဖျာပုံပေါ်ဆန်းတို့ကလည်း တင်း ၁၀၀ ကို ၃၅၀၀၀ လောက် ဈေးတက်လာပြီး ၁၁၅၄၀၀၀ ကနေ ၁၁၈၅၀၀၀ ကြား ပေါက်ဈေးရှိပါတယ်။ ဆန်ကလည်း တစ်အိတ်ကို ၂၀၀၀ နီးပါး ဈေးတက်လာပြီး ၄၈၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။ 

မတ်ပဲ

မတ်ပဲက  ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်လာပြီး ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၁၅ သိန်းကျော်ထိ ဈေးကတက်လာပါတယ်။ အိန္ဒိယနိုင်ငံက ပဲဝယ်ယူနဲ့ပတ်သတ်ပြီး ဈေးတိုးမြှင့်လိုက်တဲ့ ထုတ်ပြန်ချက်ကြောင့် ပြည်တွင်းပဲဈေးတွေက ဈေးမြင့်တက်လာတာဖြစ်ပါတယ်။ ပဲဈေးကတော့ လက်ရှိမှာ ထပ်ပြီးတက်နိုင်ခြေရှိတယ်လို့ ကုန်သည်တွေက မျှော်မှန်းထားပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁၅ သိန်း ၃ သောင်းနီးပါးအထိပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ၄ သောင်းလောက်ဈေးတက်လာတာပါ။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၄၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ ၄၈၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ လောက်ဈေးတက်လာပါတယ်။ 

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၈၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်၊ပြည်ဈေးကွက်မှာတော့      တစ်တင်းကို ၄၉၀၀၀ ကနေ ၅၀၀၀၀  ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပြီးခဲ့တဲ့အပတ်က အနည်းငယ်တက်လာတဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာလည်း ဆက်ပြီး တက်လာပါတယ်။ မတ်ပဲလောက် အတက်အကျမကြမ်းပေမယ့် အိန္ဒိယနိုင်ငံ ထုတ်ပြန်တဲ့ ဈေးမြင့်ပဲထဲမှာ ပဲစင်းငုံနီလည်း ပါဝင်လို့ ပြန်လှုပ်ခတ်လာတာဖြစ်ပါတယ်။

ပဲစင်းငုံနီကတော့ လက်ရှိအခြေအနေအရ တက်နိုင်ခြေရှိသေးပေမယ့် အများကြီး တက်နိုင်ခြေမရှိဘူးလို့လည်း ကုန်သည်အချို့ကသုံးသပ်နေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၃ သိန်း ၉ သောင်းနီးပါးပေါက်ဈေးရှိပြီး တစ်တန်ကို ၂ သောင်းလောက်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၉၀၀၀ ကနေ ၁၃၁၀၀၀ ကြား   ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပခုက္ကူဈေးကွက်၊မုံရွာဈေးကွက်၊အောင်လံဈေးကွက်တို့မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၄၃၀၀၀ ကနေ ၄၃၃၀၀ ကြား အရောင်းအဝယ်ရှိနေပြီး တစ်တင်းကို ၁၅၀၀ လောက်ဈေးတက်လာပါတယ်။

ကုလားပဲ

ကုလားပဲဈေးတွေကလည်း ဒီတစ်ပတ်မှာ ဈေးပြန်တက်လာပါတယ်။ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ် ပြန်ကျဆင်းသွားလို့ ဝယ်ယူမှု မြင့်တက်လာပြီး ဈေးတွေ ပြန်တက်လာတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၂၄၁၅ ကနေ ၂၄၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ်ဈေးကျဆင်းသွားပေမယ့် ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၂၅၈၀ မှ ၂၇၂၀ ပေါက်ဈေးရှိပြီး ၈၅ ကျပ်၊ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၃၁၅၀ ကနေ ၃၃၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်၊

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၁၃၂၀၀၀ ကနေ ၁၃၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၁၃၈၅၀၀ ကနေ ၁၃၉၀၀၀ ပေါက်ဈေးရှိပြီး ၄၅၀၀ ကျပ်၊ကုလားပဲ (v2) က တစ်အိတ်ကို ၁၅၀၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ကျပ် ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်နဲ့ အောင်လံဈေးကွက်တွေမှာလည်း အမျိုးအစားအလိုက် အားလုံးဈေးပြန်တက်လာပါတယ်။

ကြက်သွန်နီ

ဒီတစ်ပတ်အတွင်း အလှုပ်ခတ်ဆုံးဖြစ်နေတဲ့ ကြက်သွန်နီဈေးတွေကတော့ နေ့တိုင်းကို ဈေးတက်နေတာဖြစ်ပြီး အမျိုးအစားအလိုက် တစ်ပိဿာကို ကျပ် ၃၀၀ ကနေ ၄၀၀ ကျော်အထိ အသီးသီးမြင့်တက်လာတာဖြစ်ပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

နိုင်ငံတစ်ဝန်း စပါး၊ ဆန်၊ ပဲများအပါအဝင် သီးနှံမျိုးစုံဈေးနှုန်းများကို သိလိုပါက အစိမ်းရောင်လမ်း App ရှိ နေ့စဉ်ဈေးနှုန်းများကဏ္ဍထဲတွင် သက်ဆိုင်ရာမြို့နယ်တစ်ခုချင်းစီအလိုက် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။