အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် (၂၁ - ၂၅.၁၀. ၂၀၂၄ )

တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် (၂၁ - ၂၅.၁၀. ၂၀၂၄ )

AMIA
AMIA • 26/10/2024

မတ်ပဲ

သီတင်းကျွတ်ကာလ အရောင်းအဝယ်ရပ်ပြီး စျေးကျခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာပြန်တက်လာပါတယ်။ ဒေါ်လာစျေးနဲ့ ရွှေစျေးမြင့်တက်လာမှုအပါအဝင် မတ်ပဲစိုက်ပျိုးချိန်ဖြစ်လို့မျိုးအဖြစ်ဝယ်ယူသူတွေ ရှိသလို လက်ကျန်ကလည်းနည်းပြီး ဝယ်လိုအားလည်းကောင်းတာကြောင့် စျေးတန်းပြန် တက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယကလည်း ဒီပါဝလီပွဲတော်မကျင်းပမီ ဝယ်လိုအားကောင်းတာကြောင့်လည်းဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ခုတပတ် ကုန်စည်ဒိုင်တွေဖွင့်တဲ့ တနင်္လာနေ့မှာ ၃၇၅၀၀၀၀ ၊ အင်္ဂါနေ့မှာ ၃၈၀၀၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၃၈၂၀၀၀၀၊ ကြာသပတေးနေ့မှာ ၃၈၃၅၀၀၀နဲ့ သောကြာနေ့မှာတော့ ၃၇၉၆၀၀၀ ကျပ်ရှိခဲ့ပါတယ်။ အရင်ပတ်ကထက်တစ်တန်ကို ၃၀၀၀၀ ​ ကနေ ၁ သိန်းကျော် ထိစျေးတက်လာတာပါ။

မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၃၅၀၀၀၀ ကျပ်ရှိပါတယ်။ 

ပဲစင်းငုံ 

စျေးဆက်တိုက် ကျခဲ့တဲ့ပဲစင်းငုံကလည်း ဒီတစ်ပတ် မှာ  စျေးနှုန်းတက်လာပါတယ်။ ပြည်တွင်းမှာလည်း ပဲ လက်ကျန် မရှိသလောက်ဖြစ်နေ​မေယ့် ပြည်ပဝယ်လိုအားရှိပြီး ဒေါ်လာစျေး၊ ရွှေစျေးမြင့်လာတာကြောင့် စျေးပြန်တက်လာတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်တန်ကို တနင်္လာနေ့က ၄၁၂၅၀၀၀၊ အင်္ဂါနေ့က ၄၂၆၂၀၀၀ ၊ ဗုဒ္ဓဟူးနေ့က ၄၂၇၅၀၀၀ ၊ကြာသပတေးမှာ ၄၃၁၂၀၀၀ နဲ့ သောကြာနေ့မှာ ၄၂၁၂၀၀၀ ကျပ်ရှိပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင် တစ်ပတ်အတွင်းမှာ တစ်တန်ကို ၄ သိန်းကျော် ဈေးပြန် တက်လာပါတယ်။

မန္တလေးစျေးကွက်မှာတော့ လေးပတ်ဆက်တိုက်အထိ ပဲစင်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာ တွေ့ရပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကလည်း ဒီတစ်ပတ်မှာ ပဲတီစိမ်းအညာကလွဲပြီး ကျန်တဲ့ပဲတီစိမ်း ခရမ်းရွှေဝါ၊ ပဲခူးရွှေဝါ၊ ဝါးခယ်မကစျေးတက်လာပါတယ်။ မိုးပဲတီစိမ်းစိုက်ပျိုးရာသီရောက်လာတဲ့အတွက် မျိုးအဖြစ် ဝယ်ယူသူ တွေရှိလာတာကြောင့် စျေးတန်းပြန်လှုပ်လာတာဖြစ်တယ်လို့သိရပါတယ်။  

ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၁၆၅ ကျပ်၊ ပဲခူးရွှေဝါက ၅၀၀၀ ကျပ်နဲ့ ဝါးခယ်မ FAQ က တစ်ပိဿာ ကို ၄၃၃၀ ကနေ ၄၃၅၀ ကြားရှိပြီး ဝါးခယ်မ SQ က၆၁၆၅ မှ ၆၁၈၅ ကျပ်ရှိလာပါတယ်။ ဒါကြောင့်အရင်အပတ်နဲ့ယှဥ်ရင် ပဲတီစိမ်းတစ်ပိဿာကို ၈၅ ကျပ်ကနေ ၃၃၅ ကျပ်ပြန်တက်လာပါတယ်။ ပဲတီစိမ်းအညာက ၄၃၃၀မှ ၄၃၅၀ ကျပ်နဲ့စျေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) ကမိုးအသစ် တွေဝင်ရောက်မှုရှိပြီး သုံးတင်းဝင် တစ်အိတ်ကို ၂၀၀၀၀၀ မှ ၂၄၅၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ မှ ၁၀၀၀၀ လောက် ဈေးတက်ပါတယ်။

ပြောင်း

ပြောင်းဆံစျေးကတော့ ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ စျေးကျပြီး မန္တလေးစျေးကွက်မှာ စျေး အတက်ပြပါတယ်။

ပြောင်းဆံအသစ်တွေပေါ်နေပေမယ့်မွေးမြူရေးအစာစက်ရုံတွေအဝယ်ရှိနေပါတယ်။ ပြည်ပကိုလည်းတင်ပို့မှုရှိနေပေမယ့် ရန်ကုန်ကိုအဝင်နည်းပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၄၈၀ မှ ၁၅၀၀ ကျပ်သာရှိပြီး ၂၀ ကျပ်ကျပါတယ်။ 

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာတော့ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၇၂၀၀၀ မှ ၇၃၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၇၅၀၀၀ မှ ၇၆၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်အပတ်ကထက် ၁၀၀၀မှ ၂၀၀၀ ကျပ်တက်လာပါတယ်။ 

စားတော်ပဲ

စားတော်ပဲက ခုတစ်ပတ်မှာ စားတော်ပဲကနေဒါကစျေးကျပြီး စားတော်ပဲကျွန်းက စျေးအတက်ပြပါ တယ်။ 

ရန်ကုန်စျေးကွက်မှာ အရင်အပတ်ကစျေးအတိုင်း တစ်ပိဿာကို ၇၀၀၀ မှ ၇၈၃၅ ကျပ် ရှိပြီး ၁၆၅ ကျပ်တက်လာပါတယ်။  

မန္တလေးကုန်စည်ဒိုင် စျေးကွက်မှာ စားတော်ပဲ ကနေဒါက ၅၉.၂၅ ပိဿာကို ၅၆၀၀၀၀ ကျပ်ရှိပြီး ၂၅၀၀၀ကျပ်ကျသွားကာ စားတော်ပဲ ကျွန်းက ၃၉၀၀၀၀ ကျပ်ရှိလို့ ၅၀၀၀ ကျပ်တက်ပါတယ်။ 

ပြည်တွင်း စားသုံးမှုသာအဓိကဖြစ်တာကြောင့် ပြည်တွင်းဝယ်လိုအား၊ စားသုံးအား၊ လက်ကျန်အခြေအနေပေါ်လိုက်ပြီး စျေးက အတက်အကျ ရှိနေတာဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။