တစ်ပတ်အတွင်း လယ်ယာထွက်ကုန်သီးနှံစျေးကွက် နှိုင်းယှဉ်သုံးသပ်ချက်
(၁ .၇.၂၀၁၉ မှ ၅.၇.၂၀၁၉)ထိ
ဆန်၊ စပါး
ဒီတစ်ပတ်မှာ ဧရာဝတီတိုင်းရဲ့ နယ်ဆန်ဈေး နဲ့ စပါးဈေးနှုန်းတွေကလည်း အရောင်းအဝယ်အေးပြီး အရင်တစ်ပတ်ဈေးနှုန်းအတိုင်း အအပြောင်းအလဲမရှိ ငြိမ်နေပါတယ်။ တရုတ်နိုင်ငံကို တရားဝင်ဆန်ရောင်းချဖို့ ပြင်ဆင်နေတဲ့ သတင်းတွေကြောင့် အရင်နဲ့ယှဉ်ရင်တော့ ဈေးအနည်းငယ် မြင့်တက်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
မြောင်းမြဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၉၀၀၀၀ ပေါက်ဈေးရှိပါပြီ။ ဖျာပုံဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၆၁၀၀၀ ပေါက်ဈေးရှိပါတယ်။
ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာတော့ မြောင်းမြပေါ် ဆန်းကတစ်အိတ်ကို ၄၂၀၀၀ ကနေ ၄၄၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကြမ်းဖြစ်တဲ့ နွေသီးထပ်ရှယ်ကတော့ ၂၀၅၀၀ ကနေ ၂၀၈၀၀ ကြား။ ရက် ၉၀ ဆန်ကတော့ တစ်အိတ် ကို ၂၀၅၀၀ ကနေ ၂၂၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကလည်း ဒီတစ်ပတ်မှာ ဈေးထပ်မံပြီး ကျဆင်းလာခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၈၄၉၀၀၀ ကျပ် ဈေးရှိပြီး၊ ၆၀၀၀ကျပ် ဈေးကျဆင်းခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ကျပ် ၂၅၀၀၀ နဲ့ ၇၅၀ ကျပ်၊ ပြည်ဈေးကွက်မှာတော့ ၂၇၂၀၀ ကျပ်နဲ့ ၁၆၀၀ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာ တစ်အိတ်ကို ၈၄၀၀၀ ရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဘက်က တင်သွင်းခွင့်ရတဲ့ ကုမ္ပဏီစာရင်းတွေကို ထုတ်ပြန်ပြီးနောက် တင်သွင်းခွင့် လိုင်စင်ကို ဖြည်းဖြည်းချင်းထုတ်ပေးနေတဲ့ အနေအထားကြောင့် မြန်မာနိုင်ငံဘက်ကနေ ပဲစင်းငုံနဲ့ မတ်ပဲကို အင်နှင့်အားနှင့် ဝယ်ယူမှုမျိုး မရှိသေးဘူးလို့ ကုန်သည်တွေထံက သိရပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။ အိန္ဒိယနိုင်ငံဘက်က နည်းနည်းချင်း စတင်ဝယ်ယူနေပြီဖြစ်ပေမဲ့ ရန်ကုန်ဈေးကွက်မှာတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ၉၁၆၀၀၀ ကျပ် ရှိပြီး ၄၀၀၀၀ ကျပ် ပြန်ကျဆင်းသွားပါတယ်။
ပြည်ဈေးကွက်မှာလည်း ပဲစင်းငုံနီ က တစ်တင်းကို ကျပ် ၃၂၅၀၀ နဲ့ ၁၆၆၆ ကျပ် ၊ ပခုက္ကူဈေး ကွက်မှာတော့ ၃၂၀၀၀ ကျပ်နဲ့ ၂၂၆၀ ကျပ်ဈေးကျလာပြီး၊ မုံရွာဈေးကွက်မှာ ၃၃၅၀၀ ကျပ်နဲ့ ၁၀၀၀ ကျပ် ဈေးကျဆင်းလာပါတယ်။
ငရုတ်
ငရုတ်ကတော့ အခုတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းနေပါတယ်။ အရောင်းအဝယ်အေးလို့ ဈေးချရောင်းတာတွေ ရှိလာတာကြောင့် ဈေးအနည်းငယ်ကျဆင်းနေတာလို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ငရုတ်ခြောက်အရှည်က တစ်ပိသာကို ၄၄၅၀ ကျပ်နဲ့ ၂၅၀ကျပ်၊ ပြည်ဈေးကွက်မှာလည်း ငရုတ်ခြောက်အရှည်က တစ်ပိသာကို ကျပ် ၅၀၅၀ ကျပ်နဲ့ ၈၅၀ကျပ် အသီးသီးဈေးကျဆင်းခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ငရုတ်မိုးထောင် (မြစ်ဝ)က အခြောက်တစ်ပိသာကိုကျပ် ၅၈၀၀ ကနေ ၅၆၀၀ ကြား၊ ဆင်ဖြူကျွန်းငရုတ်ပွက တစ်ပိသာကို ကျပ် ၈၀၀၀ ကနေ ၉၀၀၀ ကြားဖြင် အမြင့်ဈေးမှာ ဈေးငြိမ်နေပါတယ်။
အာလူး
အာလူးကတော့ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ဈေးကျဆင်းလာပြီး အရောင်းအဝယ်အေးနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ အားလူးက တစ်ပိသာကို ကျပ် ၅၀၀ မှ ၈၀၀ ကြားဈေးရှိပြီး၊ ဈေးငြိမ်နေပါတယ်။
အားလူး အောင်ပန်း (S1/S2) က တစ်ပိသာကို ၇၂၀ကျပ်၊ ဟဲဟိုး (OK) က တစ်ပိသာကို ၆၈၀ ကျပ်၊ ဟဲဟိုး (S1)က ၇၃၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ပြည်ဈေးကွက်မှာတော့ အာလူး (A1)က တစ်ပိသာကို ၈၀၀ ကျပ်နဲ့ ၈၅ကျပ်၊ အာလူး (0k)က တစ်ပိသာကို ၉၃၀ ကျပ်နဲ့ ၇၅ကျပ် အသီးသီးဈေးမြင့်တက်နေပါတယ်။
စိုးချစ်ချစ်ပိုင်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026