အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ

ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ

AMIA
AMIA • Greenovator • 02/08/2019

 

ဆန်၊စပါး

ဒီတစ်ပတ်မှာတော့  ဧရာဝတီတိုင်းဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းဆန်နဲ့စပါးဈေးနှုန်းတွေက ထပ်မံမြင့်တက်လာပါတယ်။  ဒေသတွင်းစားသုံးမှုများတဲ့အတွက်ကြောင့် ဈေးကတစ်ဖြေးဖြေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။  ပုသိမ်ပေါ်ဆန်းစပါးက  တင်း၁၀၀ကို  ၉၆၇၀၀၀ ကျပ်နဲ့ ၁၇၀၀၀ကျပ်၊   မြောင်းမြပေါ်ဆန်းစပါးက တင်း၁၀၀ကို  ၉၉၅၀၀၀ ကျပ် နဲ့ ၅၇၀၀၀ကျပ်၊ မြောင်းမြဧည့်မထစပါးက တင်း၁၀၀ကို ၆၂၅၀၀၀ ကျပ်နဲ့ ၁၈၀၀၀ ကျပ်နဲ့ အသီးသီး ဈေးတက်နေပါတယ်။ 

ဒေးဒရဲပေါ်ဆန်းစပါးကတော့  တင်း၁၀၀ကို ၈၉၃၀၀၀ကျပ်၊ ဒေးဒရဲပေါ်ဆန်းဆန်က တစ်အိတ်ကို ၄၁၀၀၀ကျပ်၊ ပုသိမ်ဧည့်မထ (စပါး)က တင်း၁၀၀ကို ၅၉၈၀၀၀၊  ပုသိမ်ဧည့်မထဆန်က တစ်အိတ်ကို   ၂၄၅၀၀ ကျပ်၊ မြောင်းမြ ပေါ်ဆန်းဆန်က တစ်အိတ် ကို ၄၄၀၀၀ ကျပ်၊ မြောင်းမြဧည့်မထဆန် ကတစ်အိတ် ကို ၂၄၀၀၀ ကျပ်နဲ့  အသီးသီးဈေးငြိမ်နေပါတယ်။ 

 ရန်ကုန် ဝါးတန်းကုန်စည်ဒိုင်မှာတော့ ပေါ်ဆန်းဈေးနှုန်းတွေကအကျဘက်ကို ဦးတည်နေပါတယ်။ ပေါ်ဆန်းရှယ်က အရင်တစ်ပတ်မှာ တစ်အိတ် ကို ၃၆၀၀၀ကနေ၄၀၀၀၀ ပေါက်ဈေးရှိပြီး၊  ဒီတစ်ပတ် မှာ ၂၀၀၀ကျပ် ဈေးကျဆင်းခဲ့ပါတယ်။ ရက်၉၀ဆန်ကတော့ တစ်အိတ်ကို  ၂၀၅၀၀ကနေ ၂၁၅၀၀ ကျပ် နဲ့ဒီတစ်ပတ်မှာ ဈေးငြိမ်နေပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ နွေသီးထပ်ကတော့ ၂၀၀၀၀နေ ၂၂၀၀၀ ပေါက်ဈေးရှိပြီ ဈေးငြိမ်နေ ပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့  ဒီတစ်ပတ်မှာ  ဈေးထပ်မံကျဆင်းခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲကတစ်တန်ကို ၇၉၃၀၀၀ကျပ် ပေါက်ဈေးရှိပြီး၊  ဒီတစ်ပတ်မှာ၂၂၅၀၀ကျပ် ဈေးထပ်မံကျဆင်းခဲ့တာပါ။ အိန္ဒိယနိုင်ငံမှာ  မတ်ပဲဈေးအနည်းငယ်ကျဆင်းခဲ့ပြီး၊ မြန်မာ့မတ်ပဲကို  ထိန်းဝယ်ယူနေတာကြောင့် ဈေးပြန်ကျဆင်းခဲ့တာဖြစ်တယ်လို့ပဲ ကုန်သည် အချိုု့ကပြောဆိုထားသည်။ မော်လမြိုင် ဈေးကွက်မှတော့ မတ်ပဲက တစ်ပိသာ ကို ၁၄၅၀ ပေါက်ဈေးရှိပြီး၊ ၅၀ကျပ် ဈေးတက်ခဲ့ပါတယ်။ မုံရွာ ဈေးကွက်မှာ တော့ မတ်ပဲက ၂၀ပိသာ တစ်တင်းဈေးနှုန်းကို ကျပ် ၂၄၂၅၀ ကျပ်ဈေးရှိပြီး၊  ၂၅၀ကျပ် ဈေးတက်လာခဲ့ပါတယ်။

ပဲစင်းငုံ(နီ)

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးထပ်မံကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၉၂၁၀၀၀ ဈေးရှိခဲ့ပြီး၊၁၂၀၀၀ ကျပ်ဝန်းကျင် ဈေးပြန်ကျဆင်းခဲ့ပါတယ်။ မုံရွာဈေးကွက်မှာလည်း ၂၀ပိသာ တစ်တင်းကို  ၃၁၈၀၀ ကျပ်ဈေးရှိပြီး၊  ၂၀၀ကျပ် ဈေးကျဆင်းခဲ့ပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ ပဲစဉ်းငုံ( အနီ)က  တစ်ပိသာကို ၁၆၃၅ ကျပ်ဈေးရှိပြီး၊  ၂၅ကျပ် ဈေးတက်လာပါတယ်။ 

စားသုံးဆီ

ဒီတစ်ပတ်မှာ  စားသုံးဆီတွေဖြစ်တဲ့ မြေပဲဆီနဲ့ နှမ်းဆီတို့က အတက်ဈေးနဲ့ ဈေးငြိမ်နေပြီးတော့   စားအုံးဆီကတော့ ဒေါ်လာငွေလဲနှုန်းအပြောင်းအလဲကြောင့် ဈေးပြန်တက်လာခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မူရင်းလက်ကားဈေးက  တစ်ပိသာကို ၁၄၅၅ ပေါက်ဈေး ရှိပြီး တစ်ပိသာကို ၁၅ကျပ်ဈေးထပ်တက်လာခဲ့တာပါ။

မုံရွာကုန်စည်ဒိုင်မှာလည်း စားအုန်းဆီက  တစ်ပိသာကို ၁၅၅၀ ဈေးပေါက်ပြီး ၂၀ကျပ်၊ မော်လမြိုင်ဈေးကွက်မှာလည်း စားအုန်းဆီ (ရိုးရိုး)က တစ်ပိသာကို ၁၇၀၀ကျပ် ဈေးရှိပြီး၊ ၁၀၀ကျပ်ဈေးတက်နေပါတယ်။

ပခုက္ကူဈေးကွက်မှာတော့ စားအုန်းဆီ (ရိုးရိုး) ကတစ်ပိသာကို ၁၅၂၀ ကျပ်ဈေးရှိပြီး၊ ၁၅၀ကျပ် ဈေးကျဆင်းနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ မြေပဲဆီက တစ်ပိသာကို ၇၅၀၀ကျပ် နှမ်းဆီက တစ်ပိသာကို ၆၃၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ မုံရွာဈေးကွက်မှာလည်း မြေပဲဆီက တစ်ပိသာကို ကျပ် ၆၇၀၀ ဈေးရှိပြီး နှမ်းဆီကတော့ တစ်ပိသာကို ကျပ် ၆၅၀၀နဲ့ ဈေးငြိမ်နေပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ကုလားပဲ (လုံးဝါကြီး) ကတစ်ပိသာကို  ၁၄၂၆ ကျပ်ဈေးရှိပြီး၊ ၁၁ကျပ်၊ ကုလားပဲ (လုံးဖြူကြီး)က တစ်ပိသာကို ကျပ် ၁၄၂၁ကျပ်ဈေးရှိပြီး၊ ၁၁ကျပ်အသီးသီးဈေးကျဆင်းနေပါတယ်။  မုံရွာဈေးကွက်မှာလည်း ကုလားပဲလုံးဝါကြီး က ၁၉ပိသာ တစ်တင်းကို ကျပ် ၂၅၀၀၀ကျပ် ပေါက်ဈေးရှိပြီး ၁၀၀ကျပ်၊ ကုလားပဲလုံးဖြူကြီးက  တစ်တင်းကို ၂၆၉၀၀ ကျပ်ဈေးရှိပြီး၊ ၂၀၀ကျပ် ဈေးကျဆင်းခဲ့ပါတယ်။

ငရုတ်

ဒီတစ်ပတ်မှာတော့ မော်လမြိုင်ဈေးကွက်မှာ ငရုတ်ကဈေးတက်လာပါတယ်။ ငရုတ်ခြောက် (ရှည်)ကတစ်ပိသာကို ကျပ် ၅၁၅၀ ဈေးရှိပြီး၊  ၃၅၀ကျပ်၊  ငရုတ်ခြောက်(ပွ) တစ်ပိသာကို ကျပ် ၅၆၀၀ဈေးရှိပြီး၊  ၈၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။  ရန်ကုန်ဈေးကွက်မှာတော့  ငရုတ်ပွ  (ဆင်ဖြူကျွန်း) က  တစ်ပိသာကို ၈၀၀၀ က နေ ၉၀၀၀ကျပ်ဈေးရှိပြီး၊ မြစ်၀(ပု) က ၄၅၀၀ ကနေ၇၀၀၀ ကျပ်၊ မိုးထောင်(မြစ်ဝ)က တစ်ပိသာကို  ၅၄၀၀က နေ ၅၅၀၀ကျပ် နဲ့ အသီးသီးဈေးငြိမ်နေပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့  ဒီတစ်ပတ်မှာ   ဈေးငြိမ်နေပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူပုံမှန် ဝင်ရောက်ခဲ့မဲ့ မိုးများပြီး လက်လီအရောင်းအဝယ်ပါးတာကြောင့် ဈေးအေးနေခဲ့ပါတယ်။ 

ကြက်သွန်ဖြူ( ကြူကုတ်)က တစ်ပိသာကို  ၃၃၀၀ ကနေ၃၄၀၀ ကျပ် ၊ ကြက်သွန်ဖြူ(အောင်ပန်း) ထူးကလည်း ၁၉၀၀ကနေ ၃၁၀၀ကျပ်ပေါက်ဈေးရှိ ပြီးဈေးငြိမ်နေပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့  ကြက်သွန်ဖြူ(ရှမ်း ) ကတစ်ပိသာကို ၂၅၀၀ကျပ် ဈေးရှိပြီး ၂၅ ကျပ်ဈေးတက်လာပါတယ်။ ကြက်သွန်ဖြူ (ကြူကုတ်)ကတော့ တစ်ပိသာ ကို ကျပ် ၃၃၂၅ ကျပ်ဈေးရှိပြီး၊ ၇၅ ကျပ် ဈေးကျဆင်းခဲ့ပါတယ်။ မြင်းခြံဈေးကွက်မှာတော့  ကြက်သွန်ဖြူ (ရှမ်း)က တစ်ပိသာကိုကျပ် ၂၄၀၀ ၊ ကြက်သွန်ဖြူ (ကြူကုတ်) က တစ်ပိသာကို ကျပ် ၃၅၀၀နဲ့ ဈေးငြိမ်နေပါတယ်။ 

 

စိုးချစ်ချစ်ပိုင်(AMIA) 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။