အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အရည်အသွေးကောင်းထောပတ်သီးများ ဈေးကွက်တင်ပို့နိုင်ရန်အတွက် ခူးဆွတ်ချိန်မှန်ကန်တိကျဖို့ လိုအပ်

အရည်အသွေးကောင်းထောပတ်သီးများ ဈေးကွက်တင်ပို့နိုင်ရန်အတွက် ခူးဆွတ်ချိန်မှန်ကန်တိကျဖို့ လိုအပ်

    ထောပတ်ပင် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အရည်အသွေးကောင်းထောပတ်သီးများ ဈေးကွက်တင်ပို့ ရောင်းချနိုင်ရန်အတွက် အသီးခူးဆွတ်ချိန်ကို မှန်ကန်တိကျမှုရှိရန် သတိပြုသင့်ကြောင်း ထောပတ်ပင်ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။

လက်ရှိ ပြည်တွင်းဈေးကွက်ကိုပို့နေတာတွေက အသီးအရည်အသွေးအားနည်းတယ်။ အသီးအရည်အသွေးကြောင့်လည်း စားသုံးသူတွေဘက်က ထောပတ်သီးများများစားစား ၀ယ်ယူထားဖို့အတွက်ကို ချင့်ချိန်သွားတာမျိုးအထိ ဖြစ်သွားတတ်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့တောင်သူတွေအနေနဲ့က အရည်အသွေး ထိန်းသိမ်းစိုက်ပျိုးသင့်သလို ခူးဆွတ်ချိန်ကိုလည်း မှန်မှန်ကန်ကန်တိတိကျကျနဲ့ ခူးဆွတ်သင့်တယ်။ ဒေသသီးတွေ ဈေးနှုန်းပုံမှန်မရတဲ့ အဓိကအားနည်းချက်တစ်ခုက အသီးနုတွေကို မရင့်မှည့်ခင် ခူးဆွတ်တတ်တာကြောင့်လည်းပါပါတယ်။

ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အနီး၊ ဝင်းယစံပြကျေးရွာမှ ထောပတ်စီးပွားဖြစ်စိုက်ပျိုးသူ ကိုနိုင်လင်း က ပြောသည်။ 

    ယခုကဲ့သို့ ဈေးကွက်မတင်ပို့မီကာလများအတွင်း ထောပတ်တောင်သူများအနေဖြင့် အပင်ရောဂါနှင့် ပိုးမွှားကျရောက်မှုများအတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ကြောင်း သိရသည်။

အခုလောလောဆယ်မှာတော့ ထောပတ်က ဈေးကွက်ပို့ဖို့ အချိန်ကာလ နှစ်လဝန်းကျင် လိုသေးတယ်။ ဒီကြားထဲမှာ မြေဩဇာထည့်ပေးတာနဲ့ မှိုသတ်ဆေးဖျန်းပေးတာတွေ အပြင်၊ သီးထိုးယင်ကာကွယ်တာတွေ လုပ်ပေးသင့်ပါတယ်။ ကျွန်တော်ကတော့ သဘာဝဆေးဝါးတွေသုံးတယ်။ စက်တင်ဘာလအလယ်လောက်မှာစပြီး သဘာဝမြေဩဇာကျွေးပေးတယ်။ သီးထိုးယင်ကိုတော့ ထောပတ်ပင် အသီးကင်းစဝင်တဲ့အချိန်ကနေ အသီးတွေ ရင့်ချိန်တဲ့အထိ တောင်သူတွေ သတိထားရတယ်။ ဒါ့အပြင် ထောပတ်ပင်စိုက်ပျိုးရာမှာ မှိုကျရောက်မှုနဲ့ ပင်စည်ပိုးထိုးကလည်း ဂရုစိုက်ရမယ့် အဓိကအချက်တွေထဲ ပါဝင်နေပါတယ်။

ဟု ကိုနိုင်လင်း က ဆက်လက်ပြောသည်။ 

    မြန်မာနိုင်ငံတွင် ထောပတ်ပင်ကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့၌ အများဆုံးတွေ့ရှိရပြီး၊ ပင်လယ်ရေမျက်နှာပြင် အမြင့် ၃,၀၀၀ မှ ၅,၀၀၀ အတွင်းသည် ထောပတ်ပင် ဖြစ်ထွန်းမှုအများဆုံးအနေအထားဖြစ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
Komin

Komin

လွန်ခဲ့သော ၅ နှစ် က

အကိုင်းပျိုးပင်တွေဘယ်မှာဝယ်ယူလို့ရနိင်မလဲသိရင်ပြောပြပေးပါလား

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။