အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ

ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ

AMIA
AMIA • 01/10/2026

လက်ရှိ ကြက်သွန်နီ ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာပြီး တစ်ပိဿာလျှင် ကျပ်တစ်သောင်းနီးပါးအထိ ရှိလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မြန်မာ့ကြက်သွန်နီ ဈေးကွက်အနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်မှစ၍ ဈေးနှုန်းများ သိသိသာသာ ဆက်တိုက်မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး လက်လီဈေးကွက်၌ တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ နီးပါးအထိ စံချိန်တင် ပေါက်ဈေးရှိနေကြောင်း သိရသည်။

ယခင်နှစ်များနှင့် မတူဘဲ ပြည်ပအဝယ်လိုက်ခြင်းနှင့် ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းခြင်းတို့ကြောင့် ဈေးတန်းအမြင့်တွင် တည်ငြိမ်နေခြင်းဖြစ်ကြောင်း ကုန်သည်အချို့က သုံးသပ်ထားကြသည်။

လက်ရှိ ဆိပ်ဖြူ ကြက်သွန်နီမှာ အရွယ်အစားနှင့် အရည်အသွေးပေါ် မူတည်၍ တစ်ပိဿာလျှင် ကျပ် ၇,၅၀၀ မှ ၉,၂၀၀ ကျပ်၊ မုံရွာ ကြက်သွန်နီမှာ တစ်ပိဿာလျှင် ကျပ် ၇,၇၀၀ မှ ၉,၃၀၀ အထိ ပေါက်ဈေးရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။

ယင်းအပြင် လက်လီဈေးများနှင့် ပြန်ကျတန်းများတွင် အရွေးသန့် အလုံးကြီးများမှာ တစ်ပိဿာလျှင် ကျပ် ၈,၀၀၀ မှ ၁၀,၀၀၀ ကျော်အထိ ရောင်းချနေခြင်းများလည်း ရှိကြောင်း သိရသည်။

"လက်ရှိ နယ်ဘက်မြို့တွေမှာ ရာသီဥတု အခြေအနေက မကောင်းတော့ မိုးက အဆက်မပျက် ရွာနေတယ်။ ရေကြီးရေလျှံတာတွေဖြစ်ပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ မကောင်းတော့ ကုန်စည်စီးဆင်းမှု နှေးကွေးသွားတယ်။ ရန်ကုန် ကားအဝင်နည်းပြီး လက်လီဈေးတွေမှာ ဈေးတွေ အဆမတန် တက်လာတာ။ ဒီရက်ပိုင်းမှာကို ဆက်တိုက်ဆိုသလို တက်လာတာ ကျပ် ၁၀,၀၀၀ နားကပ်နေပြီး တချို့ ကျပ် ၁၀,၀၀၀ ကျော်ထိကို ရှိနေပြီ" ဟု ကြက်သွန်ကုန်သည်တစ်ဦးက ပြောသည်။

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နယ်စုံမှ ကြက်သွန်နီ ကုန်တင်ကား အဝင်သည် လက်ရှိ စက်တင်ဘာလကုန်ပိုင်းတွင် တစ်ရက်လျှင် ပျမ်းမျှ ၁၂ စီးမှ ၁၆ စီးဝန်းကျင်ခန့်သာ ဝင်ရောက်နိုင်ပြီး ပုံမှန်ထက် သိသိသာသာ နည်းပါးနေကြောင်းလည်း သိရသည်။

ယခင်နှစ်များက ဈေးနှုန်းအလွန်အမင်း ကျဆင်းခဲ့သဖြင့် စိုက်ပျိုးတောင်သူများ အစိုက်ဧက နည်းသွားခြင်းနှင့် ရာသီဥတုဒဏ်ကြောင့် ယခုနှစ်တွင် နွေကြက်သွန် အထွက်နှုန်း လျော့ကျကာ လက်ကျန်နည်းပါးလာခြင်းဖြစ်ကြောင်းလည်း သိရသည်။

"အရင်နှစ်တွေက ဈေးမရလို့ ကြက်သွန်စိုက်တောင်သူတွေရော၊ လှောင်တဲ့ ကုန်သည်တွေရော အားလုံး အရှုံးပေါ်ပြီး ဘဝပျက်ခဲ့ရတာတွေ များတယ်။ ဒီနှစ်မှာတော့ ပြည်ပနဲ့ အပြိုင် ဈေးဆွဲတင်နေရလို့ ဈေးတွေ တက်လာတာပါ။ တောင်သူလက်ထဲမှာတော့ လက်ကျန်နည်းနေပြီဖြစ်လို့ အကျိုးအမြတ် အပြည့်အဝ ရမှာ မဟုတ်ဘူး။ ကုန်သည်တွေ၊ လှောင်သူတွေကတော့ အကျိုးအမြတ် ရနိုင်ပါတယ်။ ဒါပေမဲ့ ကြက်သွန်အသစ်တွေ ပေါ်တော့မည်။ ၁၁ လပိုင်းအတွင်းတော့ ဈေးပြန်ကျနိုင်တယ်" ဟု ကြက်သွန် စိုက်ပျိုးရောင်းချသူ ကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ မြန်မာ့ကြက်သွန်နီ တင်ပို့မှု အားကောင်းနေခြင်းကြောင့် ပြည်တွင်း၌ ဈေးကွက် အပြိုင်အဆိုင်ဖြစ်ပြီး ဈေးတက်လာရခြင်းဖြစ်ကြောင်း သုံးသပ်ထားကြသည်။

ယင်းကဲ့သို့ စံချိန်တင် ကြက်သွန်နီဈေးများ အဆမတန် မြင့်တက်နေသော်လည်း တောင်သူအချို့မှာ လက်တွေ့တွင် အကျိုးအမြတ် အပြည့်အဝ မရရှိဘဲ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီကို ပခုက္ကူ၊ မုံရွာ၊ မြင်းခြံ၊ တောင်သာ၊ ရေစကြိုနှင့် ဆိပ်ဖြူဒေသများတွင် အများဆုံး စိုက်ပျိုးလျက်ရှိသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

နှမ်းပင်ပေါက်လေးတွေပါ ပိုးတွေကျနေလို့ပါ ဘာပိုးသတ်ဆေး ဖြန်းရမလဲ ဘာပိုးကောင်လဲ ဘယ်လို‌အကေါင်က ပေါက်တာလဲ

ဦးသာအောင် • ဖြေကြားချက် 1 ခု

နှမ်းပင်းပေါက်‌လေတွေပါ ပုံထဲကလို့ ‌ပိုးလေးတွေကျနေလိုပါ ဘာပိုးသတ်ဆေး ဖြန်းရမလဲ ဘာပိုးအမျိုးအစားလဲ ဘယ်လိုအကောင်က ပေါက်တာလဲ

ဦးသာအောင် • ဖြေကြားချက် 1 ခု

စပါးတွေ ဖုန်းလုံးလာတော့မှာဆိုတော့ စပါးအသီးအတွက် ဘာမြေဆီသုံးသင့်လဲ....?

ko xtun • ဖြေကြားချက် 2 ခု

ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွ‌က်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။

U Win Zaw • ဖြေကြားချက် 4 ခု

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။