တရုတ်နိုင်ငံကို ငှက်ပျောတင်ပို့မှု ဗီယက်နမ်က ဖိလစ်ပိုင်ကို ကျော်တက်
ဗီယက်နမ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ဖိလစ်ပိုင်နိုင်ငံ၏ နှစ် (၂၀) တိုင်တိုင် ထိန်းသိမ်းနိုင်ခဲ့သော တရုတ်နိုင်ငံသို့ ငှက်ပျောတင်ပို့မှု ထိပ်ဆုံးနိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်အား ကျော်လွန်ပြီး ရယူနိုင်ခဲ့ပါတယ်လို့ Philstar global သတင်းဝက်ဘ်ဆိုဒ်က အခုလိုပဲ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာကုန်သွယ်မှုစင်တာ (International Trade Center (ITC)) မှ အချက်အလက်များအရ ပြီးခဲ့သော နှစ် ၂၀၂၄ အတွက် ဗီယက်နမ် က ဖိလစ်ပိုင်နိုင်ငံကို ကျော်လွန်ခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံက ငှက်ပျော မက်ထရစ်တန်ချိန် (၆၂၅,၁၆၆) တန်ကို ဗီယက်နမ်ကနေ ဝယ်ယူခဲ့ပေမဲ့ ဖီလစ်ပိုင်နိုင်ငံဆီကတော့ မက်ထရစ်တန် (၄၆၃,၃၀၆) တန်ပဲ ဝယ်ယူခဲ့တဲ့ မှတ်တမ်းကြောင့်ပါ။ ဖိလစ်ပိုင်နိုင်ငံအတွက်လည်း ၁၅ နှစ်အတွင်းမှာ အနိမ့်ဆုံးပမာဏဖြစ်ပါတယ်။
နှစ်အလိုက် အခြေခံအရဆိုရင် ၂၀၂၃ ခုနှစ်က တင်ပို့ခဲ့တဲ့ ၅၀၅,၆၃၃ မက်ထရစ်တန်ရဲ့ (၂၄) ရာခိုင်နှုန်းအထိကို ဗီယက်နမ်က တိုးပြီးတင်ပို့လာနိုင်တာဖြစ်ပြီးတော့ ဒါဟာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဈေးကွက်ဝင်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကိုလည်း ထင်ဟပ်စေတာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံအတွက်ကတော့ ၂၀၂၃ ခုနှစ်ရဲ့ မက်ထရစ်တန်ချိန် (၆၈၅,၈၆၉) တင်ပို့မှုကနေ (၃၂.၄၅) ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့တာပါ။
တစ်နှစ်လုံးအတွက်ဆိုရင် တရုတ်နိုင်ငံရဲ့ နှစ်စဉ် ငှက်ပျောလိုအပ်ချက် (၁.၈) မီလီယံ မက်ထရစ်တန်ဈေးကွက်ကို ဖိလစ်ပိုင်အနေနဲ့ ဗီယက်နမ်နိုင်ငံကို မျှဝေပေးလိုက်ရခြင်းပါ။
၂၀၁၇ ခုနှစ် ဖိလစ်ပိုင်နိုင်ငံရဲ့ တင်ပို့နိုင်မှုကနေ ဈေးကွက်တစ်ခုလုံးရဲ့ (၇၀) ရာခိုင်နှုန်းအထိ အမြင့်ဆုံးရှိခဲ့ပြီးတော့ အခုဆိုရင်တော့ ၂၇.၄၇ ရာခိုင်နှုန်းသာ ရှိတော့တာကိုလည်း နိုင်ငံတကာကုန်သွယ်မှု စင်တာ (International Trade Center (ITC)) ရဲ့အချက်အလက်တွေအရ သုံးသပ်နိုင်ပါတယ်။
ယခုအချိန်မှာတော့ ဗီယက်နမ်နိုင်ငံဟာ လွန်ခဲ့သော (၁၀)နှစ်အတိုင်းအတာအရ (၁) ရာခိုင်နှုန်းတိုးတက်လာတာကြောင့်မို့ ၃၇.၀၆ ရာခိုင်နှုန်းကို ရရှိနေတာပါ။
တရုတ်နိုင်ငံရဲ့ငှက်ပျောဈေးကွက်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ထိပ်တန်းဈေးကွက် (၃)ခုထဲက အပါအဝင်ဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ကာလကတည်းက နှစ်နိုင်ငံကြားရင်းနှီးတဲ့ ဆက်ဆံရေးကိုဖြစ်စေခဲ့တဲ့ ၁၆ ကြိမ်မြောက် ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ရဲ့အုပ်ချုပ်မှု ယန္တရားကိုလည်း ကျေးဇူးတင်ရမှာပါ။
သို့သော်ငြား ကိုဗစ်- ၁၉ ကာလ စီးပွားရေးအခြေအနေအရနဲ့ ဒေသတွင်းထုတ်လုပ်မှုတွေကြောင့် တရုတ်နိုင်ငံရဲ့ ငှက်ပျောဈေးကွက် ဟာ ဖိလစ်ပိုင်နိုင်ငံအတွက် ဒုတိယအကြီးဆုံးဈေးကွက်အဖြစ်သာ တန်းဆင်းလာခဲ့ပါတယ်။
မကြာသေးတဲ့နှစ်တွေက ဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ အနောက်ဖက် ပင်လယ်ဒေသ ပိုင်ဆိုင်မှု အငြင်းပွားခဲ့တာကလည်း ဖိလစ်ပိုင်နိုင်ငံက ငှက်ပျောစိုက်ပျိုးသူတွေအပေါ် သက်ရောက်မှုတွေရှိလာခဲ့ပြီး တရုတ်နိုင်ငံက စက်မှုလုပ်ငန်းရှင်တွေက ဝယ်ယူမှုဖျက်သိမ်းတာတွေ၊ လျှော့ချတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ဖိလစ်ပိုင် ငှက်ပျောစိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်း (The Pilipino Banana Growers and Exporters Association (PBGEA) ) က အစောပိုင်းကာလတွေမှာ ဒီလို ပိုင်ဆိုင်မှုအငြင်းပွားတာ၊ ဒေသတွင်းမှာ ပနားမား ရောဂါလို့ခေါ်တဲ့ ဖျူစေရီယမ်ပင်ညိုးရောဂါကျရောက်မှုတွေအတွက် အာရုံစိုက်အားထုတ်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံက ဈေးကွက်မတည်ငြိမ်တာနဲ့ အာရှဈေးကွက်ကို တင်ပို့ရောင်းချတာတွေကို ဖြေရှင်းနိုင်ဖို့ ထုတ်လုပ်သူတွေကို ပိုသေချာတဲ့ အမြတ်အတွက် နှစ်ရှည်စာချုပ်တွေနဲ့ ပြင်ဆင်ထားခဲ့ပါတယ်။
ဖိလစ်ပိုင် ငှက်ပျောစိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်း (The Pilipino Banana Growers and Exporters Association (PBGEA)) က ဗီယမ်နမ်နိုင်ငံရဲ့ ငှက်ပျောထုတ်လုပ်မှုက ရုတ်ချည်းတိုးတက်လာတာဟာ စိုက်ပျိုးဖို့ ဧရိယာကျယ်ပြန့်တာနဲ့ ရင်းနှီးမြုပ်နှံမှုတွေ အများအပြားပြုလုပ်နေတဲ့ ကမ္ဘောဒီယားနိုင်ငံက ထောက်ပံ့မှုတွေကြောင့်ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
ကံမကောင်းစွာနဲ့ ဖိလစ်ပိုင်ဟာ တရုတ်နိုင်ငံရဲ့ ဈေးကွက်ကို မျှပေးလိုက်ရတဲ့အပြင်ကို ဖိလစ်ပိုင်ထုတ်လုပ်သူတွေအတွက် အလားအလာရှိနေတဲ့ တောင်ကိုရီးယားဈေးကွက်ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။
ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် ဈေးကွက်တွေမှာလည်း ဖိလစ်ပိုင်ဟာ လက်တင်အမေရိကနဲ့ အာရှက ငှက်ပျောစိုက်ပျိုးထုတ်လုပ်သူတွေနဲ့ ယှဉ်ပြိုင်နေရပါသေးတယ်။
လွန်ခဲ့တဲ့နှစ်မှာ ဖိလစ်ပိုင်ဟာ ကမ္ဘာငှက်ပျောတင်ပို့သူများ အဆင့်သတ်မှတ်ချက်မှာ နံပါတ် (၄) နေရာကို ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ The United Nations’ Food and Agriculture Organization (FAO) က ထောက်ပြထားပါသေးတယ်။
၂၀၂၃ ခုနှစ်မှာ FAO ကထုတ်ပြန်တဲ့ အဆင့်သတ်မှတ်ချက် တတိယနေရာကနေ အဆင့်တစ်ခု အောက်ကိုဆင်းသွားတာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ အစိုးရနဲ့ ငှက်ပျောစိုက်ပျိုးထုတ်လုပ်သူတွေဟာဆိုရင် ငှက်ပျောတင်ပို့မှုကဏ္ဍကို ပြန်ပြီး နိုးထလာဖို့နဲ့ နိုင်ငံကနေ လျော့ရဲလာတဲ့ ဈေးကွက်ဝေစုကိုခိုင်မာစေဖို့ အစီအစဉ်တွေပြုလုပ်နေတာကိုလည်း The Star က အစောပိုင်းက ဖော်ပြခဲ့ပါသေးတယ်။
Referece
https://www.philstar.com/business/2025/03/04/2425633/philippines-loses-china-market-bananas-vietnam?fbclid=IwY2xjawI3TVtleHRuA2FlbQIxMAABHRjf_he4j31F8WSFEVKbXQfB-CLJoWgmAYXDyMTSNqknH6Mqt0m8zJ0r_Q_aem_r7wIOS4M5BsmeuuQiQRF4Q
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....