အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းအတိုင်း ရောင်းဝယ်ရန်ထုတ်ပြန်ခြင်း
၁။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အသင်းဝင်ဆန်စက်များ၊ ဆန်စပါးကုန်သည်များ၊ အကျိုးဆောင်များနှင့် ပုဂ္ဂလိက ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် (အစိုဓါတ် ၁၄ %) ရှိပြီး အဖျင်းအမှော်၊ ဖုန် ၊ သဲ ၊ ခဲ စသော အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းမျာနှင့် ကိုက်ညီသည့် ၄၆ ပေါင်ကိုက် စပါး တင်း ၁၀၀ လျှင် ကျပ်ငွေ ၅၀၀၀၀၀ ဈေးနှုန်းကို အခြေခံ၍ဝယ်ယူပေးရန် ထုတ်ပြန်အသိပေးအပ်ပါသည်။ ဈေးကွက်ပေါက်ဈေးသည် အခြေခံဈေးနှုန်း၏အပေါ်တွင် ဖြစ်ပေါ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်းဝယ်ယူရမည်ဖြစ်ပြီး အကယ်၍ ဈေးကွက်ပေါက်ဈေးသည် အခြေခံဈေးနှုန်းအောက်တွင် ကျဆင်းဖြစ်ပေါ်ပါက အခြေခံဈေးအတိုင်း ဝယ်ယူရမည် ဖြစ်ပါသည်။
၂။ ပေါ်ဆန်း အထူးဧည့်မထအုပ်စု စသော အချို့သော စပါးအုပ်စုတို့သည် တင်း ၁၀၀ လျှင် ၇၀၀၀၀၀- ၈၀၀၀၀၀ မှ ၁၀၀၀၀၀၀ ကျော်အထိ ဈေးကောင်းရရှိနေပြီဖြစ်၍ အဆိုပါစပါးများကို ဈေးကွက်ပေါက်ဈေးအတိုင်းသာ ရောင်းဝယ်ရန်ဖြစ်ပါသည်။ သို့ရာတွင် လုပ်ကွက်ငယ် တောင်သူလယ်သမားများအပါအဝင် တောင်သူလယ်သမား အများစု စိုက်ပျိုးသော သာမန်စပါးအမျိုးအစားများသည် စပါးပေါ်ချိန်တွင် ဈေးနုန်းကျဆင်းလေ့ရှိသောကြောင့် အဆိုပါ လုပ်ကွက်ငယ်တောင်သူအများစု၏ အကျိုးစီးပွားကို ဦးစားပေးသောအားဖြင့် ၎င်းတို့စိုက်ပျိုးသော စပါး များအတွက် အခြေခံဈေးနှုန်းအဖြစ် သတ်မှတ်ပေးခြင်းဖြစ်ပါသည်။ ယခုသတ်မှတ်သော အခြေခံဈေးနှုန်းသည် ၂၀၁၈ ခုနှစ် နွေစပါးပေါ်ချိန်နှင့် ၂၀၁၈ ခုနှစ် မိုးစပါးပေါ်ချိန်တို့အတွက် အဓိကရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါ သည်။
၃။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပုဂ္ဂလိကကုန်သည်/စက်ပိုင်များကို ဦးဆောင်စည်းရုံး၍ လုပ်ကွက် ငယ်တောင်သူအများစု စိုက်ပျိုးထုတ်လုပ်သော စပါးများကို စပါးပေါ်ချိန်တွင် ဈေးကောင်းရရှိရေးအတွက် လည်းကောင်း၊ ပြည်တွင်းပြည်ပဈေးကွက်တွင် တိုးမြှင့်တင်ပို့ရောင်းချနိုင်ရေး အတွက်လည်းကောင်း ဦးဆောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အခြေခံစပါးဈေးနှုန်း သတ်မှတ်ချက်ကိုလည်း တောင်သူလယ်သမား များ၏ ထုတ်လုက်မှုကုန်ကျစရိတ်၊ အကျိုးအမြတ်၊ ပြည်တွင်းဈေးကွက်ဈေးနှုန်းများ၊ နိုင်ငံတကာဈေးနှုန်းများ စသောအခြေအနေများကို မျက်ခြေမပြတ် လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာ စိုက်ပျိုးထုတ်လုပ်မှုရာသီအတွက် ဖြစ်သင့်သော အခြေခံဈေးနှုန်းကို ရာသီအလိုက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အခြေခံဈေးနှုန်းနှင့် ရောင်းချရန် အခက်ခဲရှိသော တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ် ကိုယ်စားလှယ်များထံဖြစ်စေ၊ အသင်းချုပ်၊ ရုံးချုပ်သို့ဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်ကြေညာ အပ်ပါ သည်။
မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ ၂၀၁၈
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026