အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ

ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ

AMIA
AMIA • 09/10/2026

ယခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးရှိ သကြားစက်ရုံတစ်ခုမှ ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် တောင်သူများ ဒုက္ခရောက်နေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွကျေးရွာရှိ အင်ငါးခွသကြားစက်ရုံသည် ကြံတစ်တန်ကို ယခင်နှစ်ဖွင့်ဈေးထက် ကျပ် ၃၀,၀၀၀ ခန့် လျှော့ချပြီး ၁၃၉,၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးဖွင့်မည်ဟု တောင်သူများကို ခေါ်ယူအသိပေးခဲ့ခြင်းဖြစ်သည်။

တောင်သူများကို ခေါ်ယူအသိပေးရာတွင် သကြားကို ပြည်ပသို့ တင်ပို့မှုနည်းခြင်းနှင့် ပြည်တွင်းသကြားဈေး ကျဆင်းခြင်းတို့ကြောင့် ကြံဝယ်ယူမည့်ဈေးကို လျှော့ချရခြင်းဖြစ်ကြောင်း သိရသည်။

"မနှစ်က ဈေးလေးရရင် ကိုက်ပါသေးတယ်။ ဈေးမျှော်စိုက်ကြတာပါ။ အခုကျတော့ အရင်ဈေးထက် ကျပ် ၃၀,၀၀၀ လောက် နည်းမယ်ဆိုရင် ရှုံးပါတယ်။ စက်ရုံက အရင်ရက်က ခေါ်ပြီးပြောတာပါ။ တရားဝင်တော့ စာမထုတ်သေးဘူး" ဟု ကြံတောင်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ကြံကြိတ်ဝါးရာသီတွင် အင်ငါးခွသကြားစက်ရုံသည် ကြံတစ်တန်ကို ၁၇၀,၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူရန် ဈေးဖွင့်ခဲ့ကြောင်း သိရသည်။

ထို့အတွက်ကြောင့် ယခုနှစ်တွင်လည်း သကြားစက်ရုံအနေဖြင့် ကြံတစ်တန်လျှင် ၁၇၀,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူပေးရန် တောင်သူများက လိုလားနေကြပြီး အဆိုပါ ဈေးနှုန်း ရောင်းချရမှသာ လက်ရှိ ဖြစ်ပေါ်နေသည့် စိုက်ပျိုးရေး စရိတ်များ ပြန်ရကာ အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်က မြေဩဇာတစ်အိတ်လျှင် ကျပ် ၁ သိန်းကျော်မျှသာ ရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၆၅,၀၀၀ ကျပ်အထိ မြင့်တက်လာခြင်း၊ ကြံခုတ်သည့် အလုပ်သမား ငှားရမ်းခနှင့် ကြံသယ်ယူသည့် ကားခမှာလည်း ယခင်နှစ်က တစ်တန်လျှင် ကျပ် ၁၃,၀၀၀ သာ ရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၃၀,၀၀၀ ဝန်းကျင်အထိ ရှိလာနိုင်ကြောင်း သိရသည်။

"စရိတ်က အကုန်တက်တယ်။ သကြားဈေးကျလို့ ကြံဈေးချဝယ်တာက စက်ရုံအခက်အခဲ တစ်ပိုင်းဖြစ်ပေမဲ့ ကြံဈေးချဝယ်လိုက်ရင် ကျွန်တော်တို့ တောင်သူတွေလည်း ရှုံးမှာပါ" ဟု ကြံတောင်သူ ဦးသန်းက ပြောသည်။

လက်ရှိ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် သကြားတစ်ပိဿာလျှင် ၃,၅၀၀ ကျပ်မှ ၄,၀၅၀ ကျပ်အတွင်း ဈေးရှိပြီး ပြည်ပသကြားဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၀ ကျော် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြံစိုက်ပျိုးမှုကို ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိက စိုက်ပျိုးကြပြီး ယခုနှစ်တွင် ကြံစိုက်ဧက လျော့ကျသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ကြံရာသီချိန်တွင် သကြားဈေးသည် ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်၌ တစ်ပိဿာလျှင် ၄,၂၅၀ ကျပ်မှ ၄,၆၅၀ ကျပ်ဝန်းကျင် ဈေးရှိခဲ့သည်။ ယခင် ၂၀၂၄ ခုနှစ် ကြံကြိတ်ဝါးရာသီချိန်ကမူ သကြားစက်ရုံများသည် နေရာဒေသအလိုက် ကြံတစ်တန်ကို ၁၈၀,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်အထိ ဈေးဖွင့်ဝယ်ယူခဲ့ကြကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ဘာပိုးကျတာလဲခင်ဗျာမှိုရောဂါဖစ်တာလားခင်ဗျာ

Dar Gypt • ဖြေကြားချက် 1 ခု

10. လပိုင်း 15. 16. မျိုးချချင်လို့။ မိုးလေဝသနဲ့။ ပျိုးရက်ကောင်းလားဆရာ။ ‌ဖြေပေးပါအုန်း။ ကျေးဇူးပြုပီး

Nwe Nwe aung • ဖြေကြားချက် 2 ခု

ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်

ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု

မတ်ပဲတစ်ဧကိုအပင်ဦးရေ၁၅၀၀၀၀ကနေ၂၀၀၀၀၀ ရှိရမယ်ဆိုတာဟုတ်လား ဒါဆိုမတ်ပဲ၆ပြည်ကြဲရင်လုံလောက်တာပေါ့ ၁၂ပြည်ဆိုရင် ၄သိန်းအထိရှိသွားမှာပေါ့

Sawsamson • ဖြေကြားချက် 7 ခု

ငါးရံ့၊ငါးခူ ငါးသားပေါက်များမှာယူချင်လို့ပါ...စိတ်ချရမယ့် ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ဖြစ်ဖြစ် ဆိုင်လိပ်စာ ဖြစ်ဖြစ် မအူပင်နဲ့ဖျာပုံအနီးအနားကနေရာများကိုညွှန်ပေးကြပါအုံးခင်ဗျာ့....အရေးကြီးအမြန်လိုအပ်နေလို့ပါ။

YS • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။