သားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ အသုံးပြု၍ တောင်သူများ၏ မျိုးစေ့ထုတ်လုပ်ငန်းများနှင့် အချိန် ကာလတို့ကို လျော့ချနိုင်လာမည်
သားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာကို အသုံးပြု၍ တောင်သူများ၏ မျိုးစေ့ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေနှင့် စိုက်ပျိုးမှု ကြာမြင့်မည့် အချိန်ကာလတို့ကို လျော့ချနိုင်သော နည်းပညာ တစ်ခုအား ရရှိထားပြီဖြစ်ကြောင်း စိုက် ပျိုးရေးသုတေသန ဦးစီးဌာနမှ သတင်းရရှိသည်။
စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းက“ ဒီနည်းပညာကို သားတက်ဆင့် ပွား စိုက်နည်းပညာလို့ နာမည်ပေး ထားတယ်။ ဆန်စပါး သုတေသန လုပ်ငန်းတွေထဲက အောင်မြင်မှု တစ်ခုလို့ ပြောလို့ရတယ်။ ဒါကိုတောင် သူတွေဆီ ဖြန့်ဝေပေးသွားမှာ ဖြစ်တယ် ” ဟု ပြောသည်။
၎င်းနည်းပညာသည် Saving Technology တစ်ခုဖြစ်ပြီး မျိုးစေ့၊ လုပ်အားခ၊ စိုက်ပျိုးရေနှင့် အချိန်တို့ကို လျော့ ချနိုင်ခြင်း၊ ပြောင်းလဲလာသော ရာသီဥတုကြောင့် စိုက်ပျိုးရေကို ထိရောက်စွာ အသုံးချနိုင်ပြီး တစ်နှစ်လျှင် သုံး ကြိမ် ရိတ်သိမ်းနိုင်သည့်အတွက် သားဆက် (၇)ဆက်အထိ ဆက်တိုက်ဆောင်ရွက်နိုင်သော နည်းပညာဖြစ် ကြောင်း ၎င်းကဆက်လက်ဆိုသည်။
အဆိုပါ သားတက်ဆင့်ပွား စိုက်နည်းပညာ၊ စပါးတက်ပြန် စိုက်ပျိုးနည်းပညာ သုတေသန တွေ့ရှိချက်များအား ယင်းဦးစီးဌာန လက်အောက်ရှိ မြေဆီလွှာ၊ ရေအသုံးချရေးနှင့် စိုက်ပျိုးရေး အင်ဂျင်နီယာဌာနခွဲ၊ ရေအသုံး ချ ရေး သုတေသနဌာနစု၏ တောင်သူအကျိုးပြု နည်းပညာသုတေသန ရလာဒ်တစ်ခုဖြစ်သော ပညာရှင်များနှင့် အတည်ပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် ဆန်စပါးသုတေသန စိုက်ကွင်း၌ စိုက်ပျိုးထားသော ခေတ်သစ်စပါး၊ လမိုင်းစိုက်ပျိုး နည်းပညာဖြင့် ထုတ်လုပ်ထားသည့် မျိုးများ၏ လမိုင်းထွက် စွမ်းရည်စမ်းသပ်ခြင်းနှင့် စိုက်ခင်းများတွင် စိုက်ပျိုးရေး သုတေသ န ဦးစီးဌာန၊ စပါးလမိုင်း စိုက်ပျိုးခြင်းနည်းပညာ ပေါ်ထွက်လာသည့် သမိုင်းကြောင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသန ဗဟိုဌာန (IRRI) တို့ ပူးပေါင်း၍ မြန်မာ့ ဆန်စပါးကဏ္ဍ တိုးတက်မှုဆိုင်ရာ နည်းဗျူဟာများ ချမှတ်၍ ဆောင်ရွက်နေပြီး ဆန်စပါးကို အားထားစိုက်ပျိုး နေကြသည့် ကျေးလက်နေ တောင်သူလယ်သမားများ ရင်ဆိုင်နေရသည့် စိုက်ပျိုးစရိတ် ရင်းနှီးငွေ လုံလောက် စေရေး၊ စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများ ဈေးကောင်းရရှိစေရေး၊ တောင်သူများ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်း ချိန်လွန် လေလွင့်ပျက်စီးဆုံးရှုံးမှုများ မရှိစေရေး၊ စိုက်ပျိုးရေ အလုံအလောက် ရရှိစေရေး၊ အရည်အသွေး ပြည့်ဝ သည့် ဆန်စပါးသီးနှံများ စိုက်ပျိုးထွက်ရှိစေရေး စသည်တို့ကို ဦးတည်ကာ သုတေသန ပြုလျက်ရှိကြောင်း ယင်း ဦးစီးဌာနမှ သိရသည်။
သုသု(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....