စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်လာစေရန်နှင့် စိုက်ပျိုးရေးသီးနှံများ ဈေးကွက် အခိုင်အမာရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်
မြန်မာနိုင်ငံမှတင်ပို့သည့် စိုက်ပျိုးရေးသီးနှံများနှင့် ပို့ကုန်များကို နိုင်ငံတကာက လက်ခံနိုင်ရန်အတွက် GAP လက်မှတ်များ ထုတ်ပေးလျက်ရှိပြီး စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်လာစေရန်နှင့် စိုက်ပျိုးရေးသီးနှံများ ဈေးကွက်အခိုင်အမာရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ဇွန်လ ၂၉ ရက်က ကျင်းပပြုလုပ်သည့် နိုင်ငံတော်ဒုတိယသမ္မတ ၁ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ၂၈ ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ၌ ယင်းကဲ့သို့ ၎င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။
"GAP စနစ်နဲ့ စိုက်ပျိုးနေတဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေကို ကျွန်တော်တို့ အသိအမှတ်ပြု ကတ်ပြားတွေ ထုတ်ပေးခဲ့ပါတယ်။ GAP စနစ်ကို ပြုစုပျိုးထောင်နေတာပဲ ဖြစ်ပါတယ်။ ဒါကိုပြုစုပျိုးထောင်ပေးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံကပို့တဲ့ စိုက်ပျိုးရေးသီးနှံတွေ ပို့ကုန်တွေကို နိုင်ငံတကာက လက်ခံနိုင်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပို့ကုန်ကို စိုက်ပျိုးစဉ်ကာလထဲက စနစ်တကျပြုစုပျိုးထောင်ပြီး စိုက်ပျိုးဖို့လိုအပ်ပါတယ်။ ဒါကို ကျွန်တော်တို့ တိုင်းအတွင်းမှာ စတင်ပြီးတော့ ကြိုမ်းပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။" ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
အစိုးရသစ် တာဝန်ယူခဲ့သည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ လယ်ယာကဏ္ဍတွင် ဧက ၄၀၀၀ ဝန်းကျင်ကို အဆင့်မြင့်လယ်ယာများအဖြစ် ပြုပြင်ပေးနိုင်ခဲ့ပြီး တောင်သူလယ်သမားများ၏ လယ်ယာပြုပြင်ရေးကဏ္ဍအတွက် ကျပ်ငွေ ၈ ဘီလီယံခန့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မြန်မာစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agric ultural Practices -GAP) အသိအမှတ်ပြု လက်မှတ်ကို ဇွန် လ ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် တောင်သူများအား ပေးအပ်ခဲ့ခြင်းဖြစ်သည်။
GAP ဆိုသည်မှာ မြေပြုပြင် စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ် ရောက်သည်အထိ ထုတ်လုပ်မှု ကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှု အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြစ်သည်။
"ဒါကြောင့် စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်လာစေဖို့နဲ့ ဈေးကွက်အခိုင်အမာ ရရှိနိုင်ဖို့အတွက် ကျွန်တော်တို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီကြိုးပမ်းဆောင်ရွက်မှုကို ကျွန်တော်တို့အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍနဲ့ ကျွန်တော်တို့ ဈေးကွက်အခိုင်အမာရရှိနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒီအတွက် လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေကို ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအနေနဲ့လည်း တတ်စွမ်းတဲ့ဘက်ကနေပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်။"ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ထို့အပြင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) တွင် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သီးနှံများ၏ အရည်အသွေးကဏ္ဍနှင့် လုပ်သားများ၏ ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူမှုဘဝသာယာရေးကဏ္ဍများ ပါဝင်ကြောင်းသိရသည်။
GAP လုပ်ဆောင်ရာတွင် မြေနေရာရွေးချယ်ခြင်း၊ ရေအသုံးပြုခြင်း၊ မျိုးစေ့၊ ပျိုးပင်ရွေးချယ်ခြင်း၊ မြေသြဇာနှင့် မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ၊ စိုက်ပျိုရေးသုံးနှင့် အခြားဓာတုပစ္စည်းများ၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ စိုက်ပျိုးရေးနှင့် အခြားဆက်စပ်ပစ္စည်းများ၊ ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း၊ အဆောက်အဦများ ဆောက်လုပ်ထားခြင်း၊ တိရစ္ဆာန်နှင့် ဖျက်ပိုးများထိန်းချုပ်ခြင်း၊ အထောက်အထားများနှင့် မှတ်တမ်းများ၊ နောက်ကြောင်းပြန် စစ်ဆေးခြင်း၊ သင်တန်း၊ ပြန်လည်သုံးသပ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်သားဘဝ သာယာဝပြောရေးတို့မှာ လိုက်နာဆောင်ရွက်ရမည့် အချက်များဖြစ်သည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....