ကိုဗစ်-၁၉ တတိယလှိုင်းကာလ ကုန်စည်လမ်းကြောင်းများမပွင့်သဖြင့် ကွမ်းသီးဈေးကွက်ကမောက်ကမဖြစ်နေ
ကိုဗစ်-၁၉ တတိယလှိုင်းကာလဖြစ်သဖြင့် ကုန်စည်ပို့ဆောင်ယာဉ်လမ်းကြောင်းများ မပွင့်သည့်အတွက် ကွမ်းသီးအစို/အခြောက်ဈေးကွက်မှာ ကမောက်ကမဖြစ်နေကြောင်း ကွမ်းသီးဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။
ကွမ်းသီးကုန်သည်တွေလည်း မြတ်မြို့(ဘိတ်)ဘက်မှာ ကားတွေပိတ်မိနေလို့ ပစ္စည်းတွေက သယ်လို့မရကြဘူးဖြစ်နေတယ်။ သယ်လို့မရတဲ့အတွက် အရင်လို နေ့စဉ် ဈေးမဖွင့်နိုင်ဘူးလေ။ ရန်ကုန်၊ ဘုရင့်နောင်ပွဲရုံဘက်က ကွမ်းသီးဈေးကွက်ကျတော့လည်း ပိုဆိုးပေါ့။ အဝင်အထွက်မရှိတဲ့အတွက် ရှိတဲ့ကွမ်းသီးတွေနဲ့ပဲ လည်ပတ်နေရသလိုဖြစ်တော့ ကွမ်းသီးဈေးတွေက ထိုးတက်နေတယ်။ နယ်ဘက်ကကျတော့လည်း မြို့ပေါ်တွေကို တင်ပို့မရတဲ့အတွက် ပစ္စည်းတွေပိတ်မိပြီး ဈေးတွေထိုးကျနေတယ်။
ဟု ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ပွဲရုံမှ ကွမ်းသီးကုန်သည် ဦးနိုင်အောင်သူက ပြောသည်။
ယခုကဲ့သို့ ကွမ်းသီးတင်ပို့ရောင်းချမှုလမ်းကြောင်းများ အခက်အခဲဖြစ်နေသည့်အတွက် ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံရှိ ကွမ်းသီးဈေးကွက်အတွင်း အခွံချွတ်ပြီး ကွမ်းသီးအခြောက်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်အထိ ဈေးနှုန်းများမြင့်တက်နေကြောင်း သိရသည်။
ကိုဗစ်ရောဂါပိုးပြန့်နှံ့နေတော့ ကွမ်းသီးကားတွေက ထွက်လို့မှမရဘူး။ ဝယ်မယ့်သူတွေကလည်း ဝယ်လို့မရကြဘူးလေ။ ကွမ်းသီးကားတွေက ပုံမှန်ဆိုရင် မြိတ်(ဘိတ်)ကနေ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မုံရွာမြို့တွေကို တင်ပို့ရောင်းချကြတယ်။ နိုင်ငံခြားတင်ပို့ဖို့ကျတော့လည်း နယ်စပ်ဘက်ကလည်း ဒီကိုဗစ်ကြောင့်ပဲ ပိတ်နေတာကြာပြီလေ။ အဲ့ဒီတော့ ကွမ်းသီးက အစိုရော အခြောက်ပါ ပစ္စည်းစီးဆင်းမှု မရှိသလောက်နည်းတယ်။ မြို့ပေါ်တွေအထိလည်း ကွမ်းသီးကားတွေက တက်မလာနိုင်သေးတဲ့အတွက် မြို့ပေါ်တွေမှာ ကွမ်းသီးဈေးကလည်း မကျဘူးဖြစ်နေတာပါ။
ဟု ဦးနိုင်အောင်သူက ဆက်လက်ပြောသည်။
လက်ရှိအနေအထားအရ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများ ကြုံတွေ့နေသည့်အတွက် နယ်ဒေသများမှ မြို့ကြီးများသို့ ကွမ်းသီး(အစို)တင်ပို့မှုများမှာလည်း ရပ်တန့်နေပြီး၊ မြိတ်(ဘိတ်)ဈေးကွက်အတွင်း ကွမ်းသီးအစို တစ်လုံးလျှင် (၄၀)ကျပ်မှ (၄၅)ကျပ်၊ မော်လမြိုင်ဈေးကွက်အတွင်း ကွမ်းသီးအစို တစ်လုံးလျှင် (၅၀)ကျပ်မှ (၅၅)ကျပ် ဈေးနှုန်းများကျဆင်းနေကြောင်း ဒေသခံများထံမှသိရသည်။
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....