အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ဆန်ဈေး အနည်းငယ်တက်လာ

နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ဆန်ဈေး အနည်းငယ်တက်လာ

AMIA
AMIA • 08/01/2026

ဖိလစ်ပိုင်နိုင်ငံမှ ယခုနှစ် ဆန်၀ယ်မည့်အစီစဉ်ကြောင့် နိုင်ငံတကာဈေးကွက်တွင် မြန်မာဆန် ဈေးအနည်းငယ် မြင့်တက်လာသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် နိုင်ငံတကာဈေးကွက်၌ မြန်မာဆန်ဖြူ ၅ မှတ် (အကျိုးအကြေ ၅ ရာခိုင်နှုန်း)သည် တစ်တန် ပြည်ပရောင်းချသည့် FOB( free on board) ဈေး အမေရိကန်ဒေါ်လာ ၃၃၇ ဈေးဖွင့်သည်။

အဆိုပါဈေးနှုန်းသည် မြန်မာနိုင်ငံ၏ မိုးစပါးပေါ်ချိန် အောက်တိုဘာလနှင့် နှိုင်းယှဉ်လျှင် ဆန်တစ်တန်၏ တန်ဖိုး ၃ ရာခိုင်နှုန်း၀န်းကျင်မြင့်တက်ခဲ့သည်။ အောက်တိုဘာတွင် မြန်မာ့ဆန်ဖြူ ၅ မှတ် တစ်တန်ဒေါ်လာ ၃၂၆ ၀န်းကျင် ဈေးဖွင့်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ပြီးခဲ့သည့် နှစ်က မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁၀၀,၀၀၀ ကျော် ၀ယ်ယူခဲ့သည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့ရောင်းချရာတွင် တရုတ်နိုင်ငံက အများဆုံး ဆန်၀ယ်ယူသည့် နိုင်ငံဖြစ်သည်။

ပြည်ပသို့ဆန်တင်ပို့ရာတွင် တရုတ်နိုင်ငံက ဈေးကွက်ဝေစု ၄၀ ရာခိုင်နှုန်းကျော်အထိ ရယူထားသဖြင့် နှစ်သစ်ကူးကာလ တရုတ်မှဆန်လိုင်စင် များချထား‌ပေးမှု နှောင့်နှေးမှုကြောင့် ပြည်တွင်းဆန်ဈေး၊ စပါးဈေး ထပ်မံကျမည်ကို စိုးရိမ်စရာဖြစ်သော်လည်း ဖိလစ်ပိုင်နှင့် ဥရောပနိုင်ငံများ၏ ဆန်အ၀ယ်များက ပြည်တွင်းဆန်ဈေး အကျသက်သာစေခဲ့သည်။

သို့သော် ဥရောပသမဂ္ဂ (အီးယူ)နိုင်ငံများက အာရှမှဆန်တင်သွင်းမှု ကန့်သက်ရန် စဉ်းစားနေသည်ဟု နိုင်ငံတကာသတင်းအချို့တွင်ဖော်ပြကြသည်။ ဥရောပနိုင်ငံများမှ ၆.၂mm အထက်အသွယ် ပေါင်းဆန်နှင့် ဆန်ဖြူ ၅% ကို ဇန်နဝါရီတွင် စတင်တင်ပို့ရန် စာချုပ်ချုပ်ဆိုထား‌ကြောင်း မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဌကပြီးခဲ့သည့် နှစ်ဒီဇင်ဘာလတွင် အသီပေးထားသည်။

၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဧပြီမှ နို၀င်ဘာအထိ ၈ လတွင်း မြန်မာနိုင်ငံမှ ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် ၁၅၇,၀၀၀ ကျော်တင်ပို့ထားပြီး ပြည်ဆန်တင်ပို့မှုစုစု‌ပေါင်း၏ ၁၇ ရာခိုင်နှုန်းရှိနေသည်။

မြန်မာနိုင်ငံသည် ပြည်ပသို့နှစ်စဉ်ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃ သန်း၀န်းကျင် တင်ပို့နေသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။