နို့စားနွားမက နို့ညစ်နေရင်း နို့ပျက်ကျပြီး သေဆုံးသွားတယ်။ ဘာလို့လဲ……
Moonlight Dairy Farm မှ နွားမွေးမြူသူတောင်သူ ကိုမောင်မောင်တာ ရွှေဘိုမြို့က မေးထားတဲ့မေးခွန်းလေးပါ။ ဖေါ်ပြပါနွားမသည်ကလေး မွေးပြီး ၄ ရက် ရသောအခါ ဘာရောဂါမှဖြစ်မနေဘဲ နို့ညှစ်ရင်း နို့လုံးပြတ် ထွက်သွားပါသည်။ ကျန်နို့လုံးများမှာလည်း အသားများရိနေပါသည်။ ထိုနေ့ညနေခင်းမှာပင် လဲသေသွားပါသည်။ ၎င်းနွားမနှင့်ပတ်သက်၍ မည်သည့်ရောဂါဖြစ်နိုင်ကြောင်း ကူးစက်ရောဂါဖြစ်နိုင်ပါသလား။ မည်သို့ကာကွယ်ရမည်ကို အကြံပေးပါရန်။
ထိုမေးခွန်းကို အစိမ်းရောင်လမ်းရဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ - နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MDEP) မှ အောက်ပါအတိုင်းပြန်လည် ဖြေကြားပေးထားပါတယ်။
ဖြစ်နိုင်သည့် ရောဂါ ၂ မျိုး ပြောချင်ပါသည်။ (၁) နွား၏ နို့အုံများကြားရှိ အပေါ်ယံ အရေပြားများ (သို့) နို့တိုင်အနားရှိ အရေပြားများသည် ပွတ်တိုက်မှုကြောင့် ထိခိုက်မှုကြောင့် ပွန်းပဲ့အနာများ ဖြစ်လာသည်။ အနာကို သတိမထားမိပါက ပိုးဝင်ရောက်ကာ ပြင်းထန်လာပြီး နောက်ဆုံး သွေးဆိပ်သင့်ကာ သေဆုံးနိုင်သည်။ ထိုသို့ နို့အုံနှင့် နို့အုံတစ်ဝိုက်တွင် ထိခိုက်မှုကြောင့် အနာဖြစ်ခြင်းမျိုးမရှိ လျှင် (၂) နို့အုံရောင် (Mastitis) ကြောင့်ဖြစ်နိုင်ပါသည်။ နို့အုံရောင်ရောဂါသည် ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ရောဂါဖြစ်ပါသည်။ ရောဂါပိုးသည် နို့အုံအတွင်း နို့လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ကာ ပိုမိုလျင်မြန်လာပြီး နို့အုံရောင်ခြင်းဖြစ်စေသည်။ နို့အုံရောဂါဖြစ်စေသည့် ပိုးများသည် (၁) နို့အုံရောင်ရောဂါပိုးရှိသော နွားနို့မှတစ်ဆင့် တစ်ကောင်နှင့်တစ်ကောင် ကူးဆက်ခြင်း (၂) နွားခြံရှိ အခင်း၊ မြေကြီး၊ နွားချေး အညစ်အကြေးများမှတစ်ဆင့် ကူးဆက်ခြင်း ဟူ၍ လမ်းကြောင်း ၂ မျိုး ရှိသည်။ ကူးဆက်ရောဂါပိုးများတွင် Staphylococcus aureus နှင့် Streptococcus agalactiae ပိုများသည်။ နို့ညစ်ချိန်တွင် ကူးစက်နိုင်သည်။ Streptococcus uberis နှင့် Coliform, E.coli ပိုးများသည် နို့ခမ်းချိန်နှင့် မွေးဖွားချိန်တို့တွင် ကူးဆက်နိုင်ပါသည်။
မွေးပြီး လေးရက်တွင် ဘာရောဂါမှ မဖြစ်သည့်အတွက် ထိုနွားမကို တစ်သားနှင့် တစ်သားကြား (၁) နို့နားကာလ ၂လအပြည့် ပေးပါသလား။ နို့နားကာလ ၂ လ မပေးဘဲ နို့ဆက်လက် ညှစ်ယူခံရသည့် နွားမများတွင် ရောဂါဖြစ်နိုင်ချေရှိသည်။ (၂) နို့နားကာလ ၂ လ အပြည့်ပေးသည်ဆိုလျှင် နို့နားမပေးခင် နောက်ဆုံးညှစ်ယူရာတွင် နို့အုံအတွင်း နို့ကျန်ခြင်းရှိလျှင် ဖြစ်နိုင်ပေသည်။ ထိုနွားမသည် နို့နားချိန်ကာလတွင် ရောဂါပိုးစတင်ဝင်ရောက်ကာ တဖြည်းဖြည်းနို့အုံပျက်ဆီးလာတာ ဖြစ်ပါတယ်။ ပြီးတော့ ဝင်သည့်ပိုးသည် ပိုမိုပြင်းသည့် E.coli အမျိုးအစားဖြစ်နိုင်ပေသည်။ ရောဂါပိုးအမျိုးအစားအတိအကျ သိချင်လျှင် ဓာတ်ခွဲခန်းတွင် စစ်ဆေးနိုင်ပါသည်။
နို့အုံရောင်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ပါသည်။ နို့ထွက်သည့် နို့တိုင်ပြွန်ချောင်းလေးသည် နို့ညှစ်ပြီး နာရီဝက်ခန့် အကြာမှ ပြန်ပိတ်ပါသည်။ ထိုသို့ နို့တိုင်မပိတ်ခင် နို့တိုင်သည် အခင်းရှိ အညစ်အကြေးများ၊ ပတ်ဝန်းကျင်မသန့်ရှင်းမှုနှင့် ထိတွေ့သည့်အခါ ပိုဝင်ရောက်နိုင်ပါသည်။ ထို့ကြောင့် နို့ညှစ်ပြီးတိုင်နို့တိုင်များကို အိုင်အိုဒင်းဆေးရည်ဖြင့် စွတ်ပေးရမည်။ အိုင်အိုဒင်းဆေးရည်သည် နို့တိုင်ကို ပိတ်ပေးထားပြီး ပိုးသတ်ပေးသည်။ နို့ညှစ်ပစ္စည်းအသုံးအဆောင် အလုံသန့်ရှင်းရမည်။ ဒါ့ပြင် နို့နားကာလမပေးခင် နောက်ဆုံးနို့ညှစ်ပြီးနောက် Dry Cow Therapy (DCT) နို့နားနွားမများအတွက်သုံးသည့် နို့တိုင်အတွင်း ထိုးထည့်သည့် ဆေးပိုက်ချောင်းကို နို့တိုင်အားလုံးတွင် ထည့်ပေးရမည်။
ယခုထိုနွားသည် ပြင်းထန်သည့် ရောဂါပိုးဝင်ရောက်ကာ နောက်ဆုံးသွေးဆိပ်သင့်် သေဆုံးခြင်းဖြစ်သည်။ နို့အုံရောင်ရောဂါ စစ်ဆေးခြင်းနှင့် ကာကွယ်ခြင်းကို အစိမ်းရောင်လမ်းရဲ့ မွေးမြူရေးကဏ္ဍအောက်က နွားကဏ္ဍတွင် ဝင်ရောက် လေ့လာဖတ်ရှု့ နိုင်ပါတယ်။
အစိမ်းရောင်လမ်း
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 3 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026