နို့ပေး နွားမနှင့် နို့ခမ်းနွားမအတွက် စွမ်းအင်နှင့်အစာ လိုအပ်ချက်
ခန္ဓာကိုယ် အလေးချိန် (၅၅၀ ကီလိုဂရမ်) ရှိသော နို့ပေးနွားမသည် မွေးဖွားရန် ရက်သတ္တပတ်ပေါင်း (၁၂) ပတ် လိုအပ်လျက်ရှိပြီး ယခုအချိန်ထိ နွားနို့ ၆ ပိဿာ (သို့) ၉.၆ လီတာ ထွက်ရှိ သည်။ ထို နွားမကို ကျွေးရန်အစာတွင် စွမ်းအင် မည်မျှ လိုအပ်မည်နည်း။
• ခန္ဓာကိုယ်ရှင်သန်ရန် အမှန်တကယ်လိုအပ်သော စွမ်းအင် ပမာဏ(Maintenance )တွက် လိုအပ်သော စွမ်းအင်ပမာဏ = ၆၃ MJME
• နို့ (၆) ပိသာ ထွက်ရှိရန် လိုအပ်သော စွမ်းအင်ပမာဏ= နို့ ၆ x ၉.၃ = ၅၅.၈ MJME
• ကိုယ်ဝန်ဆောင်ကာလ (၁၂) ပတ်တွက် လိုအပ်သော စွမ်းအင်ပမာဏ = ၁၃ MJME
စုစုပေါင်း လိုအပ်သော စွမ်းအင်ပမာဏ = ၁၃၂ MJME/ရက်
၎င်းနွားမကို CP ၀၀၆ စပ်စာ ၄ ကီလိုဂရမ် စတင်ကျွေးမွေးနေ ပါသည်။ သို့ဖြစ်ပါ၍ လိုအပ်သော စွမ်းအင် အတွက် မွန်ဘားစားမြက် မည်မျှ ကျွေးမွေးရန် လိုအပ်ပါသနည်း။ (မွန်ဘားစားမြက်တွင်ပါဝင်သော အသားဓာတ်ပမာဏ (၈.၅ ရာခိုင်နှုန်း)၊ အစိုဓာတ် (၂၀ ရာခိုင်နှုန်း)
• CP ၀၀၆ - ၄ ကီလိုဂရမ် x (အစာနုတွင် ပါဝင်သော စွမ်းအင်ပမာဏ) ၉ MJME = ၃၆ MJME
• စုစုပေါင်းလိုအပ်သော စွမ်းအင်ပမာဏ (၁၃၂ ) – ၃၆ = ၉၆ MJME (အစာကြမ်းမှ ရရှိရမည့်စွမ်းအင်ပမာဏ)
• ၉၆ / ၈.၅ = ၁၁.၃ ကီလိုဂရမ် (အခြောက်အလေးချိန်) မွန်ဘားစားမြက် (အရည်သွေးပြည့် အစာကြမ်းပမာဏ)
• မွန်ဘားစားမြက် အခြောက်ပမာဏ (၂၀%) ရှိသော အစာ၏ အစိုအလေးချိန်ပမာဏ ၁၁.၃ ကီလိုဂရမ်/၂၀ ရာခိုင်နူန်း = မွန်ဘားစားမြက် ၅၇ ကီလိုဂရမ်
နို့ပေးနွားမအတွက် စွမ်းအင်နှင့် အစာလိုအပ်ချက်
ခန္ဓာကိုယ် အလေးချိန် (၅၅၀) ရှိသော နို့ပေးနွားမသည် မွေးဖွားရန် ရက်သတ္တပတ်ပေါင်း (၁၂) ပတ် လိုအပ်လျက်ရှိပြီး ယခုအချိန်ထိ နွားနို့ ၁၀ ပိဿာ (သို့) ၁၆ လီတာ ထွက်ရှိသည်။ ထို နွားမကို ကျွေးရန်အစာတွင် စွမ်းအင် မည်မျှ လိုအပ်မည်နည်း။
• ခန္ဓာကိုယ်ရှင်သန်ရန် အမှန်တကယ်လိုအပ်သော စွမ်းအင် ပမာဏ (Maintenance ) = ၆၃ MJME
• နို့ (၁၀) ပိသာ ထွက်ရှိရန် လိုအပ်သော စွမ်းအင်ပမာဏ= နို့ ၁၀ ပိဿာ x ၉.၃ = ၉၃ MJME
• ကိုယ်ဝန်ဆောင်ကာလ (၁၂) ပတ်တွက် လိုအပ်သော စွမ်းအင်ပမာဏ = ၁၃ MJME
စုစုပေါင်း လိုအပ်သော စွမ်းအင်ပမာဏ = ၁၆၉ MJME/ရက်
၎င်းနွားမကို CP ၀၀၆ စပ်စာ ၆ ကီလိုဂရမ် စတင်ကျွေးမွေးနေ ပါသည်။ သို့ဖြစ်ပါ၍ လိုအပ်သော စွမ်းအင် အတွက် Mombasa မြက် မည်မျှ ကျွေးမွေးရန် လိုအပ်ပါသနည်း။ (မွန်ဘားစားမြက်တွင်ပါဝင်သော အသားဓာတ်ပမာဏ (၈.၅ ရာခိုင်နှုန်း)၊ အစိုဓာတ် (၂၀ ရာခိုင်နှုန်း)
• CP ၀၀၆- ၆ ကီလိုဂရမ် x (အစာနုတွင် ပါဝင်သော စွမ်းအင်ပမာဏ) ၉ MJME = ၅၄ MJME
• စုစုပေါင်းလိုအပ်သော စွမ်းအင်ပမာဏ (၁၆၉) – ၅၄= ၁၁၅ MJME (အစာကြမ်းမှ ရရှိရမည့်စွမ်းအင်ပမာဏ)
• ၁၁၅/ ၈.၅ = ၁၃.၅ ကီလိုဂရမ် မွန်ဘားစားမြက် အခြောက်ပမာဏ (အရည်သွေးပြည့် အစာကြမ်းပမာဏ)
• မွန်ဘားစားမြက် အခြောက်ပမာဏ (၂၀%) ရှိသော အစာ၏ အစိုအလေးချိန်ပမာဏ - ၁၃.၅ ကီလိုဂရမ်/၂၀ ရာခိုင်နူန်း = မွန်ဘားစားမြက် ၆၇.၅ ကီလိုဂရမ်
နို့ခမ်းနွားမအတွက် စွမ်းအင်နှင့် အစာလိုအပ်ချက်
ခန္ဓာကိုယ် အလေးချိန် (၅၅၀) ရှိသော နို့ပေးနွားမသည် မွေးဖွားရန် ရက်ပေါင်း (၂) ပတ် လိုအပ်လျက်ရှိသော ထိုနို့နားနွားမ (dry cow) ကို ကျွေးရန်အစာတွင် စွမ်းအင် မည်မျှ လိုအပ်မည်နည်း။
• န္ဓာကိုယ်ရှင်သန်ရန် အမှန်တကယ်လိုအပ်သော စွမ်းအင် ပမာဏ (Maintenance ) = ၆၃ MJME
• ကိုယ်ဝန်ဆောင်ကာလ (၂) ပတ်တွက် လိုအပ်သော စွမ်းအင်ပမာဏ = ၅၄ MJME
စုစုပေါင်း လိုအပ်သော စွမ်းအင်ပမာဏ = ၁၁၇ MJME/ရက်
၎င်းနွားမကို CP ၀၀၆ စပ်စာ ၁ ကီလိုဂရမ် စတင်ကျွေးမွေးနေ ပါသည်။ သို့ဖြစ်ပါ၍ လိုအပ်သော စွမ်းအင် အတွက် မွန်ဘားစားမြက် မည်မျှ ကျွေးမွေးရန် လိုအပ်ပါသနည်း။ (မွန်ဘားစားမြက်တွင်ပါဝင်သော အသားဓာတ်ပမာဏ (၈.၅ ရာခိုင်နှုန်း)၊ အစိုဓာတ် (၂၀ ရာခိုင်နှုန်း)
• CP ၀၀၆ - ၁ ကီလိုဂရမ် x (အစာနုတွင်ပါသော စွမ်းအင်ပမာဏ) ၉ MJME = ၉ MJME
• စုစုပေါင်းလိုအပ်သော စွမ်းအင်ပမာဏ (၁၁၇) – ၉ = ၁၀၈ MJME (အစာကြမ်းမှ ရရှိရမည့်စွမ်းအင်ပမာဏ)
• ၁၀၈/ ၈.၅ = ၁၂.၇ ကီလိုဂရမ် မွန်ဘားစားမြက် အခြောက်အလေးချိန် (အရည်သွေးပြည့် အစာကြမ်းပမာဏ)
• မွန်ဘားစားမြက် အခြောက်ပမာဏ (၂၀%) ရှိသော အစာ၏ အစိုအလေးချိန်ပမာဏ - ၁၂.၇ ကီလိုဂရမ်/ ၂၀ ရာခိုင်နူန်း = မွန်ဘားစားမြက် ၆၃.၅ ကီလိုဂရမ်
မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွား စီမံကိန်း
***တိရစ္ဆာန်သည် အစာ၌ပါဝင်သော စွမ်းအင်အားလုံးကို အသုံးမပြုနိုင်ခြင်းကြောင့် တိရစ္ဆာန်မှ အမှန်တကယ်အသုံးပြုသော ပမာဏကို တိုင်းတာရန် METABOLISABLE ENERGY or Megajoules of Metabolisable Energy (MJME) အသုံးပြုတွက်ချက်ကြသည်။ ***
နေထက်
လွန်ခဲ့သော ၃ နှစ် ကန
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။
ဦးအာကာမင်း • ဖြေကြားချက် 1 ခု
နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ
Min Maung • ဖြေကြားချက် 2 ခု
ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။
Min Soe • ဖြေကြားချက် 1 ခု
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....