အစိမ်းရောင်လမ်း
သင့်ငါးကန်က ငါး/ပုဇွန်တွေ သေဆုံးမှုကို ဘယ်လိုလျှော့ချကြမလဲ

သင့်ငါးကန်က ငါး/ပုဇွန်တွေ သေဆုံးမှုကို ဘယ်လိုလျှော့ချကြမလဲ

internews
internews UNESCO-LIFT 01/06/2018

မွေးမြူရေးလုပ်ငန်းများမှာ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ စားသုံးဆီများ အသုံးပြုထားတဲ့ ပစ္စည်းကိရိယာများကို အသုံးမပြုမိစေရန် အထူးသတိထားဖို့ လိုအပ်ပါတယ်။

မွေးမြူရေးကန်တွေမှာ ငါး၊ ပုဇွန် သေဆုံးမှုတွေ ကြုံတွေနေရပါတယ်။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရတာလဲ။ ဘယ်လိုကာကွယ်ကြမလဲ။

ရေချို၊ ရေငန် (ငါး/ပုဇွန်) မွေးမြူရာမှာ ဒေသအခေါ် ကာရီလို့ခေါ်တဲ့ သဘာဝမြစ်ချောင်းတာဘောင်တွေကို ပိတ်ဆို့ပြီး မွေးမြူတဲ့ စနစ်နဲ့ လယ်ကန်သင်းတွေကို ဘောင်မြှင့်တင်ပြီး မွေးမြူတဲ့ စနစ်ဆိုပြီး နှစ်မျိုးရှိပါတယ်။

၁။ သဘာဝ ချောင်း၊ မြောင်း၊ ကန်တွေကို တာဘောင်ပိတ်ပြီး မွေးမြူတဲ့စနစ်

ဒီစနစ်မှာတော့ ဒီရေအတက်အကျကို မူတည်ပြီး ရေသွင်းရေထုတ် ပြုလုပ်ပြီး သဘာဝက ရလာတဲ့ ငါး/ပုဇွန်တွေကိုသာ မွေးမြူကြတာပါ။ ဒီသဘာဝ မွေးမြူရေးစနစ်မှာ အသုံးပြုထားတဲ့ ရေဟာ နူန်းမြေနဲ့ ရွှံ့စေးမြေတွေ အနယ်ထိုင်မှုများလာတာနဲ့အမျှ သဘာဝကျကျ မွေးမြူရေးဖြစ်ဖို့ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်လာပါတယ်။

အကြောင်းကတော့ နူန်းမြေနဲ့ ရွှံ့စေးမြေတွေ အနယ်ထိုင်မှု များပြားလာတာနဲ့အမျှ ရေရဲ့ အချဉ်ငန်ဓာတ်ဟာ တစ်ဖြည်းဖြည်းထိန်းညှိမှု ပြောင်းလဲလာသလို အောက်စီဂျင်ရရှိမှုကလည်း တဖြည်းဖြည်းနည်းပါးလာပါတယ်။ အောက်စီဂျင်နည်းလာတာကြောင့် ကန်ထဲက ငါး၊ ပုဇွန်တွေ သေဆုံးနိုင်ပါတယ်။

ဒီစနစ်ကတော့ လွယ်ကူသက်သာတဲ့ နည်းစနစ်ဖြစ်သလို ကုန်ကျစာရိတ်လည်း သက်သာလှပါတယ်။

၂။ လယ်ကန်သင်းများ မြှင့်တင်မွေးမြူနည်း

ဒီနည်းကတော့ ကန်ဘောင်ကို အမြင့် တစ်ပေခွဲမှ နှစ်ပေအထိ မြှင့်တင်ပြီး မွေးမြူကြပါတယ်။ မွေးမြူရာမှာလည်း လယ်ကန်သင်းများအတွင်း/အပြင် ပေါင်းမြက်များ ကင်းစင်အောင်ပြုလုပ်ပြီး မြေပြင်ပေါ်မှာ ထုံး၊ ပဲမှော်(ကြိတ်ဖတ်)/နွားချေး၊ ကြက်ချေး၊ သစ်ရွက်ဆွေးများ ထည့်သွင်း၍ မြေကို ပြုပြင်ရမှာ ဖြစ်ပါတယ်။ ၎င်းဖြည့်စွက်စာ ထည့်ပြီးနောက် ရေသွင်းခြင်း ဆောင်ရွက်နိုင်ပါတယ်။ တစ်ပတ်၊ နှစ်ပတ်အတွင်း ထပ်မံပြီး အဏုဇီဝ ဖျော်ရည်များ ဖြည့်သွင်းကာ စတင်မွေးမြူနိုင်ပါတယ်။

အဏုဇီဝဖြင့် ရောစပ်ထားသော စပ်စာ(ဥပမာ-ပဲမှော်၊ ဖွဲနု၊ ဆန်ကွဲကို ကာလသက်တမ်းအရ အနည်းအများ အချိန်အဆဖြင့် အစာကျွေးပေးပါ။)

အောက်စီဂျင်ကို ဘယ်လိုပြန်ဖြည့်မလဲ?

- ရေဂါလံ ၅၀၀၀ တွင် ထုံးတစ်အိတ်နူန်း အဏုဇီဝဖြည့်သွင်းစာ နှစ်အိတ် ထည့်ပေးပါ။

- တိုင်းတာနည်းမှာ တုတ်ချောင်းအရှည် (သို့မဟုတ်) ဝါးလုံးရှည်ပေါ်တွင် အဖြူရောင်အမှတ်များ ပြုလုပ်ထားပါ။

- ပြီးလျှင် ရေထဲသို့ ထိုးချပါ။

- နေရောင်ရရှိနေချိန်မှာ အဖြူရောင်အမှတ်အသား ထင်ရှားစွာ မြင်နိုင်သော အပိုင်းနဲ့ မမြင်နိုင်တဲ့ နေရာအပိုင်း သို့ ရောက်ရှိပါက ၎င်းအမှတ်အား မှတ်သားခြင်းဖြင့် ရေကြည်ရေနောက်ကို တိုင်းတာနိုင်ပါမယ်။

(ဥပမာ) ရေရဲ့ အနက်ပမာဏမှာ ၁၀ ပေ ရှိတယ်ဆိုပါစို့၊ မမြင်နိုင်သော အနက်ဟာ ၈ ပေ ရှိမယ်ဆိုရင် ရေကြည် (အောက်စီဂျင်) ရရှိနိုင်တဲ့ အနက်ဟာ ၂ ပေ ရှိပါတယ်။ အထက်ပါ နည်းနဲ့ ရေရဲ့ အောက်စီဂျင် ရရှိမှုကို တိုင်းတာနိုင်ပါတယ်။

Source - Internews နှင့် စိုက်မွေးဆည်ဝန်ကြီးဌာန

ပန်းဖလက်ရယူရန် - http://bit.ly/2LwYhTr

 

မောင်အောင်မြတ်သူ

မောင်အောင်မြတ်သူ

လွန်ခဲ့သော ၄ နှစ် က

ဆက်တင်ပေးပါဦးဗျာ

ဦးမင်းမင်းလတ်

ဦးမင်းမင်းလတ်

လွန်ခဲ့သော ၅ နှစ် က

ပုဇွန်မွေးချင်ပါသ ည်

မောင်အောင်မင်းသိန်း

မောင်အောင်မင်းသိန်း

လွန်ခဲ့သော ၅ နှစ် က

ငါးမွေးခြင်ပါတယ်

phyo paine oo

phyo paine oo

လွန်ခဲ့သော ၅ နှစ် က

phyo paine oo

You

ဆက်စပ်ဆောင်းပါးများ

UNESCO-LIFT

Content provider

UNESCO-LIFT

ယူနက်စကိုနှင့်ပြန်ကြားဝန်ကြီးဌာန တို့မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ခဲ့သော “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အမည်ရှိ အစီအစဉ်များကို တီဗွီနှင့် ရေဒီယို များတွင် ထုတ်လွှင့်ပြသခဲ့ပြီး ယခုအခါ တောင်သူများပြန်လည်လေ့လာနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းပညာနှင့် အင်တာဗျူးအစီအစဉ်များကို ပြန်လည်ဖော်ပြထားပါသည်။ ယူနက်စကိုသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်ပြီးပညာရေး၊ သိပ်ပံနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အစီစဉ်မှ ထုတ်လွင့်ခဲ့သည့် တီဗီနှင့် ရေဒီယိုအစီစဉ်များကို အစိမ်းရောင်လမ်း အခမဲ့စိုက်ပျိုးရေးဖုန်းဆော့ဝဲပေါ်တွင် အစအဆုံးပြန်လည် ဖော်ပြထားပါသည်။

ဆက်စပ်မေးခွန်းများ

ငါးခူသားပေါက် လေးတွေ မွေးထားတာပါ (ဆိုဒ် ၁လက်မကျော်ကျော်) ။ ဒီမနက် ကန်ထဲမှာ အမြှုပ်တွေ အများကြီးတွေ့လို့ပါ ။ ရေကို နောက်ဆုံးပုံပါအတိုင်း စစ်ပြီး ပြန် လှည့်ပတ်စေတဲ့ နည်းနဲ့ရေပေးထားပါတယ် ။ Airpump တေွနဲ့ အောက်ဆီဂျင်လဲ ပေးထားပါတယ် ။အမြှုပ်က ဘာကြောင့်ထရတာလဲ ဘယ်လိုလုပ်ရမလဲခဗျ

TayZar • ဖြေကြားချက် 3 ခု

ရေငံပုဇွန် ဧက 15ဧကရှိတယ် ပုဇွန်သားပေါက်ထည့်ထားပြီး 3လက်မခွဲ အရွယ်အစားရောက်မှ အကုန်သေကုန်လို့ဘာဖြစ်သလဲသိချင်ပါတယ်ဗျ သိသူများဖြေကြားပေးပါ

Arkarkyaw • ဖြေကြားချက် 7 ခု

ပုစွန် တကန်မှာ black gill ဘာလို့ ဖြစ်တာလဲဗျ ။ ဘယ်လို ကုသရမလဲ?

အေးအေးမိုး • ဖြေကြားချက် 2 ခု

ပေ ၄၀ပတ်လည် ရေအနက် ၄ ပေခွဲငါးအကောင်ရေ ၅၀၀၀ငါး​ပြေမထည့်ထားတာတလပြည့်ပြီထည့်တုန်းကမသေဘူးအခုရက်ပိုင်းမှတနေ့ ၅ကောင်လောက်သေနေလိူ့ပါအစာစားနှုန်းကပုံမှန်ကုန်ပါတယ်ရေတော့ပုံမှန်လဲပေးတယ်ရေတိုင်းကြည့်တာပုံပါအတိုင်းပြနေတယ်ဘာလုပ်သင့်လဲဖြေပါအုံးနော်ကျေးဇူးတင်ပါတယ်

Sai SI Thu • ဖြေကြားချက် 1 ခု

ပေ ၅၀ ပတ်လည်ကန်ကိုငါးပြေမ၅၀၀၀ ၁.၁.၂၀၂၅ကထည့်ထားတာထည့်တုန်းကမသေဘူးဒီရက်ပိုင်းမှသေနေလို့ပါရေကတော့စိမ်းနေတယ်ဘာလုပ်ရမလဲတနေ့ကို၁၅ကောင်လောက်သေနေတယ်၃ရက်ရှိပြီ ရေတိုင်းစရာကတော့ mi testerတော့ရှိတယ်တိုင်းကြည့်တာ179 ရှိတယ်ရေအရည်အသွေးစစ်တဲ့ပစ္စည်းတွေဘယ်မှာဝယ်လို့ရမလဲမွေးမြူရေးကိုဝါသနာပါလို့တနိူင်တပိုင်မွေးမြူတာပါကျေးဇူးတင်ပါတယ်

Sai SI Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....