ရေချိုပုစွန်ထုပ်ကြီးမွေးမြူရေး အောင်မြင်မှုတွင် အရေးပါသည့် ရေအရည်အသွေး (၂)
ရေချိုပုစွန်တုပ်ကြီးတွေ ပုံမှန်ရှင်သန်နှုန်းကောင်းပြီး ကြီးထွားနှုန်း၊ အသားတိုးအောင်မြင်ဖို့ဆိုရင် မွေးမြူထားတဲ့ရေရဲ့ဂုဏ်သတ္တိ ကောင်းမကောင်းပေါ် များစွာမူတည်ပါတယ်။
ဒါနဲ့ပတ်သက်လို့ ရေချိုပုစွန်တုပ်ကြီးမွေးမြူရေးမှာလိုအပ်တဲ့ ရေရဲ့ဂုဏ်သတ္တိတွေအကြောင်းနဲ့ ပုစွန်မွေးမြူရေးကန်အတွင်း ရေသွင်း ရေထုတ်ခြင်း လုပ်ပုံလုပ်နည်းအကြောင်းတွေကို အပိုင်း(၁) မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
မဖတ်ရသေးပါက အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://greenwaymyanmar.com/posts/Prawn_Farming_Water_Management
နောက်ထပ်လိုအပ်ချက်တွေကိုတော့ အခု အပိုင်း(၂) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။

ရေလှုပ်ကိရိယာ(Paddle Wheel)များကို အသုံးပြုခြင်း
ရေချိုပုစွန်တုပ်ကြီး အသားတိုးမွေးမြူရာမှာ ရေထုမှာပါဝင်တဲ့ဂုဏ်သတ္တိများဟာ မိုးလေဝသနဲ့ ရာသီဥတုပတ်ဝန်းကျင်အခြေနေတွေကိုလိုက်လို့ နေ့ချင်းညချင်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။
အဲ့ဒီလိုပြောင်းလဲမှုကို ကာကွယ်ဖို့နဲ့ ရေထုရဲ့ ဓာတုဖြစ်စဥ်များ ပြောင်းလဲဖို့အတွက် ရေလှုပ်ကိရိယာ (Paddlewheels) များ အသုံးပြုပြီး ရေလွှာရဲ့အထက်အောက်မျက်နှာပြင်တစ်ခုလုံး ရောသမသွားအောင် ရေလှုပ်ပေးရတာဖြစ်ပါတယ်။
ဒီလိုလုပ်ပေးခြင်းအားဖြင့် ရေထုရဲ့ဖြစ်စဉ်တွေ ပြောင်းလဲမှုကို ကာကွယ်ပေးနိုင်ပါတယ်။ Paddlewheel တွေ မရှိဘူးဆိုရင်တော့ ကူဘိုတာစက်နဲ့ ရေစုပ်ခြင်း၊ ထုတ်ခြင်းတွေ လုပ်ပေးခြင်းဖြင့်လည်း ရေလွှာမှာလှုပ်ရှားမှုတွေဖြစ်အောင် လုပ်ပေးလို့ရပါတယ်။
ရေချိုပုစွန်တုပ်ကြီးများ ကြီးထွားမှုနှင့်ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်း
ရေချိုပုစွန်တုပ်ကြီးများကို အသားတိုးမွေးမြူရာမှာ အသားတိုးနှုန်းဟာ အင်မတန် အရေးကြီးပါတယ်။ ကြီးထွားမှုနှုန်း ကောင်းမွန်ဖို့အတွက် နေ့စဥ်ကျွေးမွေးအစာများရဲ့ အကျိုးသက်ရောက်မှုဟာ အရေးကြီးလှပါတယ်။
မွေးမြူရေးကန်အတွင်းမှ ပုစွန်တုပ်ကြီးများရဲ့ အခြေအနေကို သိနိုင်ဖို့ (၁၅)ရက်တစ်ကြိမ်ခန့် ပုစွန်တုပ်ကြီးများရဲ့ အလေးချိန်ကို ချိန်တွယ်ပြီး မှတ်တမ်းထားရှိရပါမယ်။ အစာဗန်းများပြုလုပ်ပြီး ကန်ဘောင်ကနေ ၁၀ ပေခန့်အကွာမှာ ထားရှိရပါမယ်။ တစ်ပတ်တစ်ခါကြည့်ရှုစစ်ဆေးလို့ အစာဗန်းထဲမှာ အစာတွေကုန်နေတယ်ဆိုရင် ပုစွန်များ အစာစားကြောင်း သိရှိနိုင်ပါတယ်။
အစာတွေမကုန်ဘဲ ကျန်နေတယ်ဆိုရင်တော့ ပုစွန်များ အစာမစားကြောင်း သိရှိနိုင်ပါတယ်။ ဒါတွေကို ကြည့်ပြီး အစာကျွေးနှုန်းကို လိုတိုးပိုလျှော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ လက်ပစ်ကွန်(cast net) တွေ သုံးပြီးတော့လည်း ပုစွန်များကို ဖမ်းဆီးစစ်ဆေးနိုင်ပါတယ်။
ပုစွန်တုပ်ကြီး၏အခြေအနေများကို စစ်ဆေးပေးခြင်းအားဖြင့် အစာအမျိုးစားများရဲ့ သက်ရောက်မှုကို သိရှိနိုင်သလို ကျန်မာသန်စွမ်းမှုအခြေအနေနဲ့ ရောဂါကျရောက်မှု အခြေအနေများကို ခန့်မှန်းသိရှိနိုင်မှာဖြစ်ပါတယ်။ လိုအပ်ရင် ဆေးဝါးများဖြင့် ကြိုတင်ကာကွယ်တာတွေလည်း လုပ်နိုင်ပါတယ်။
ဖမ်းဆီးထုတ်လုပ်ခြင်း(Harvesting)
ရေချိုပုစွန်တုပ်ကြီးများ ဖမ်းဆီးထုတ်လုပ်ရာမှာ အချိန်ကြာမြင့်မယ်ဆိုရင် အလေးချိန်လျော့ နည်းတတ်ခြင်း၊ ပုစွန်အရည်သွေးကျဆင်းခြင်းများ ဖြစ်ပေါ်တတ်လို့ ဈေးကွက်လိုအပ်ချက်ရှိမယ်ဆိုရင် အချိန်တိုအတွင်း အပြီးပြတ်အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ လိုပါတယ်။
မွေးမြူထုတ်လုပ်ရာမှာ သဘာဝအားဖြင့် အရွယ်များ မညီမျှမှု ရှိတတ်ပါတယ်။ အဲ့ဒီလိုဆိုရင် ဈေးကွက်ဝင်အကောင်များ ဖယ်ထုတ်ပြီးမှ ချိန်တွယ်ရောင်းချနိုင်ပါတယ်။ ကျန်တဲ့အကောင်အသေးများကိုတော့ ကန်အလွတ်တစ်ခုမှာ ရေသြဇာများပြုပြင်ပြီး ဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်။
ဖမ်းဆီးရောင်းချမယ်ဆိုရင် ဖမ်းမယ့်နေ့မတိုင်ခင် ၅ ရက်ခန့်ကြိုတင်ပြီး ရေလဲလှယ်ပေးရပါမယ်။ ရေဟောင်းများကို ဖယ်ထုတ်ပြီး ရေသစ်များကို ထည့်ပေးရပါမယ်။ အဲ့ဒီလိုလုပ်ပေးခြင်းအားဖြင့် ကန်အတွင်းရှိ ပုစွန်တုပ်ကြီးများ လှုပ်ရှားမြူးကြွမှုများ ဖြစ်ပေါ်ပြီး အရေခွံများ မာကြော၊ စိမ်းရောင်သန်းကာ ရောင်းပန်းလှနိုင်မှာဖြစ်ပါတယ်။
ပုစွန်တုပ်ကြီးများကို ဖမ်းဆီးထုတ်လုပ်ရာမှာ ရေထုတ်ပေါက်နေရေထုတ်စဥ် ပိုက်ခံ၍လည်းကောင်း၊ ရေလျှော့ပြီး ပိုက်ဆွဲခြင်းဖြင့်လည်းကောင်း ဖမ်းဆီးနိုင်ပါတယ်။
ဖမ်းမိတဲ့ ပုစွန်တုပ်ကြီးများကို ဈေးကွက်သို့မပို့မီ ယာယီခြင်ထောင်ထဲမှာ သိုလှောင်၍ ပြုစုထားနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အလေးချိန်များ မြင့်တက်လာပြီး ဈေးကွက်သို့ အချိန်မီပို့ဆောင်နိုင်တဲ့ ကြည်လင်လန်းဆန်း ကျန်းမာသန်စွမ်းသော ရေချိုပုစွန်တုပ်ကြီးများ ရရှိနိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
wai yan min oo
လွန်ခဲ့သော ၃ နှစ် ကဘယ်မုာမွေးတာလဲ ခင်ဗျာ
kyaw thant
လွန်ခဲ့သော ၃ နှစ် ကပုစွန်အကောင်မှာရေညှိတက်ရင်ဘယ်လိုလုပ်သင့်လဲဗျ
U than Htike
လွန်ခဲ့သော ၃ နှစ် ကစိတ်ဝင်တယ်လက်ရှိလဲမွှေးနေတယ်
ကိုမောင်မောင်(သုဝဏ္ဏ)
လွန်ခဲ့သော ၃ နှစ် ကpppp%p
ဆက်စပ်မေးခွန်းများ
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
Win Min Htwe • ဖြေကြားချက် 2 ခု
မွေးမြူရေ
aung zin oo • ဖြေကြားချက် 0 ခု
ငါး.ဘယ်လိုပုံစံနဲ့မွေးမြူရမလဲဆိုတာသိချင်လို့ပါ
sawkyawshwe • ဖြေကြားချက် 0 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
Tun Wanna Kyaw • ဖြေကြားချက် 1 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ လမ်ညွှန်ပေးပါ ဧရာဝတီတိုင်း ဘိုကလေး ကပါ
ခိုင်ဇော် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ကိုမောင်မောင်(သုဝဏ္ဏ)
အားလုံး
မြန်မာနိုင်ငံတွင်းရှိ အင်းချောင်းလုပ်ငန်းများအကြောင်း
05/03/2026
ငါးစည်သွပ်ဘူးပြုလုပ်နည်း
23/04/2024
ငါးများ နိုင်ငံခြားသို့တင်ပို့ရောင်းချရန် ပြုပြင်ထုတ်လုပ်သည့် နည်းအဆင့်ဆင့်
15/02/2024
စက်ရုံများတွင် ပုစွန်ခြောက်ပြုပြင် ထုတ်လုပ်နည်း
15/01/2024
ရေငန်ပုစွန်ကျားသားပေါက် အသေအပျောက်နည်းစေရန် လုပ်ဆောင်ရမည့်အချက်များ
17/11/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....