ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဥ်(GAqP)၏ အကျိုးကျေးဇူးများ
ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဥ် (Good Aquaculture Practice – GAqP) ဆိုသည်မှာ ရေသတ္တဝါများ မွေးမြူထုတ်လုပ်ရာတွင် နိုင်ငံအဆင့်နှင့် နိုင်ငံတကာ အစားအစာ ဘေးအန္တရာယ်ကင်းစင်မှု စံချိန်စံညွှန်းများ၊ စည်းမျဥ်းစည်းကမ်းများနှင့်အညီ သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှု မရှိသော မွေးမြူထုတ်လုပ်မှု ကျင့်စဥ် ဖြစ်ပါသည်။
GAqP ကျင့်စဥ်နှင့်အညီ မွေးမြူထုတ်လုပ်လျှင် ဘာတွေ အကျိုးရှိမှာလဲ
စျေးကွက်အခွင့်အလမ်းပေါများပြီး အီးယူနိုင်ငံအပါအဝင် နိုင်ငံတကာ စျေးကွက်သို့ တင်ပို့ရောင်းချနိုင်ခြင်း။
စားသုံးသူများအနေဖြင့် အစားအစာ ဘေးအန္တရာယ်ကင်းစွာဖြင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်သည့် အခွင့်အလမ်းများ ရရှိခြင်းတို့ဖြစ်ပါသည်။
ကောင်းမွန်သောရေသတ္တဝါမွေးမြူရေး ကျင့်စဥ်တွင် လိုက်နာရမည့် အခြေခံမူ(၄) ချက်မှာ-
(၁) အစားအစာ ဘေးကင်းလုံခြုံမှု၊
(၂) မွေးမြူသော ရေသတ္တဝါများ၏ ကျန်းမာရေးနှင့် ကောင်းစွာ ရှင်သန်ရေး၊
(၃) ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး၊
(၄) လူမှုစီးပွားကဏ္ဍများ ညီညွှတ်မျှတ တိုးတက်စေရေးတို့ ဖြစ်ပါသည်။
ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးတွင် ကျင့်စဥ်(၈)ခု ရှိ
ရှိပါသည်။ ၄င်းတို့မှာ-
(၁) နေရာရွေးချယ်ခြင်း
(က) ရာသီဥတုနှင့် ပတ်ဝန်းကျင် အခြေအနေများသည် မွေးမြူမည့်စနစ်နှင့် လိုက်လျောညီထွေ ရှိသင့်ပါသည်။
(ခ) သန့်ရှင်းသည့် လေ၊ ရေ၊ မြေ အရင်းအမြစ်ရရှိရန်ဖြစ်ပြီး သဘာဝကြောင့် ဖြစ်စေ၊ လူ့ပယောဂကြောင့် ဖြစ်စေ ဖြစ်ပေါ်သည့် ဓါတုညစ်ညမ်းမှု မရှိသော နေရာဖြစ်ရပါမည်။
(ဂ) ကန်ရေ မစိမ့်သောမြေ(ရွံ့စေးမြေ)ကို ရွေးချယ်ရပါမည်။
(၂) မွေးမြူရေးကန်များအား စီမံခန့်ခွဲခြင်း
(က) မွေးမြူရေးကန် ပုံကြမ်း(Lay Out Plan) ရေးဆွဲထားရှိရပါမည်။
(ခ) ကန်တစ်ကန်မှ တစ်ကန်သို့ ရောဂါမကူးစက်နိုင်ရန် ကန်တစ်လုံးချင်းစီသို့ ရေသွင်း/ရေထုတ် ပြုလုပ်ရာတွင် အသုံးပြုသည့် ရေပိုက်၊ ရေမြောင်း၊ ရေတံခါးများကို စနစ်တကျ စီစဥ်ထားရပါမည်။
(ဂ) ငါးမွေးမြူသည့်ကန်မှ ရေစွန့်ထုတ်ရာတွင် စွန့်ထုတ်ရေများအား ရေဆိုးစွန့်သည့်ကန် (Waste Water Pond) ထားရှိရပါမည်။ ရေဆိုးစွန့်ကန် မရှိပါက စွန့်ထုတ်မည့် ရေဆိုးများအား လုံလောက်သည့် အချိန်ကာလအထိ ထားရှိခြင်း(သို့) ပြင်ပပတ်ဝန်းကျင်သို့ စွန့်ထုတ်နိုင်သည့်အဆင့် ရောက်/မရောက် တိုင်းတာစစ်ဆေးပြီးမှသာ စွန့်ထုတ်ရပါမည်။
(ဃ) မိုးရေတစ်ခုတည်းသာ အားထားမွေးမြူသည့် ကန်များတွင် ရေလှောင်ကန် (Reservoir) လုံလောက်စွာ ရှိရပါမည်။
(၃) အထွေထွေ သန့်ရှင်းမှုကျင့်စဥ်
(က) ရေသတ္တဝါများ မွေးမြူရာတွင် အခြားတိရစ္ဆာန်များ ရောနှော မွေးမြူခြင်း မပြုရပါ။ ဥပမာ- ကြက်၊ဝက်၊ ဆိတ်၊ နွား။
(ခ) ငါးကန်သန့်ရှင်းမှု၊ ငါးကန်အတွင်း ရေနေအပင်များသန့်ရှင်းမှု၊ တစ်ကိုယ်ရည် သန့်ရှင်းမှု၊ လက်ဆေးရန် ရေပုံး၊ ဆပ်ပြာထားရှိမှု၊ လုပ်ငန်းသုံးပစ္စည်းများ သန့်ရှင်းမှု၊ အမှိုက်ခြင်း ထားရှိရပါမည်။
(ဂ) အိမ်သာများ စနစ်တကျ ထားရှိပြီး ငါးကန်နှင့် ပေ ၅၀ အကွာတွင် တည်ဆောက်ရပါမည်။
(၄) အစားအစာ စီမံခန့်ခွဲမှု
(က) သန့်ရှင်းလတ်ဆတ်သည့် အစာများကို သုံးစွဲရပါမည်။
(ခ) လေဝင်လေထွက်ကောင်းသော မိုးလုံ၍ အပူချိန် မများသည့် နေရာတွင်ထားရပါမည်။
(ဂ) ကြွက်နှင့် အခြားပိုးမွှားများ မဝင်ရောက်စေရန် စီစဥ်ထားရှိရပါမည်။
(၅) တိရစ္ဆာန်ဆေးဝါးများနှင့် ဓာတုဗေဒဆေးဝါးများ စီမံခန့်ခွဲမှု
(က) တားမြစ်ထားသည့် ဆေးဝါးများကို မသုံးစွဲရပါ။ ခွင့်ပြုထားသည့် ဆေးဝါးများကိုသာ သုံးစွဲရပါမည်။ ဆေးဝါးနားလည် တတ်ကျွမ်းသူနှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ သုံးစွဲရပါမည်။
(ခ) ဆေးဘူးပေါ်တွင် မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် အညွှန်းရေးထားသည့် ဆေးဘူးကိုသာအသုံးပြုရပါမည်။ အညွှန်းအတိုင်း သုံးရပါမည်။
(ဂ) ဆေးပစ္စည်း၊ ထုံးနှင့် အခြားဓာတုဆေးဝါးများအား သီးခြားစီ ထားသိုရပါမည်။
(၆) ရောဂါဖြစ်နိုင်ချေ စီမံခန့်ခွဲမှု
(က) ရောဂါမကျရောက်စေရန် ရေအရည်အသွေး၊ ငါး/ပုစွန်များ၏ အခြေအနေ၊ ရာသီဥတု အနေအထားတို့အား ဂရုပြုရပါမည်။
(ခ) သဘာဝဘေးအန္တရာယ် သတင်းများအား ရေဒီယို၊ တီဗွီတို့တွင် နားထောင်ရပါမည်။ ကြိုတင်ကာကွယ်မှုများအား ပြင်ဆင် ထားရှိရပါမည်။
(ဂ) ငါးများသေဆုံးပါက အမြန်ဖယ်ရှား၍ မီးရှို့ခြင်း၊ မြေမြှုပ်ခြင်းနှင့် သာကေတငါး/ပုစွန် ကျန်းမာမှုနှင့် ရောဂါထိန်းချုပ်ရေး ဌာနစုသို့ ဆက်သွယ်၍ ညွှန်ကြားချက်အတိုင်း ပို့ဆောင် ရပါမည်။ ငါးသေသည့် ကန်ရေအား ၂ပတ်ခန့်ထားပြီး (သို့) ကလိုရင်းပိုးသတ်ပြီးမှ ပြင်ပသို့ စွန့်ထုတ်ရပါမည်။
(၇) ဖမ်းဆီးပြီးနောက် စီမံခန့်ခွဲမှု
(က) အသုံးပြုသည့် ရေခဲ၊ ရေ၊ ငါးဖမ်းပိုက်၊ ခြင်း၊ သယ်ပို့ယာဥ်များ၊ သိုလှောင်ခန်းများကို သန့်ရှင်းရပါမည်။ လုပ်ငန်းသုံးပစ္စည်းများသည် ချောမွေ့ပြီး သန့်ရှင်းရေးလုပ်ရန် လွယ်ကူရပါမည်။
(ခ) ရောဂါလက္ခဏာပြသသည့်ငါးများ၊ လတ်တလော ဆေးဝါးသုံးစွဲထားသည့်ကန်မှ ငါးများအား ဖမ်းဆီးကုန်ဖော်ထုတ်ခြင်း မပြုရပါ။
(ဂ) ငါးများအား ဖမ်းဆီးကုန်ဖော်ထုတ်ရာတွင် ရေခဲ(သို့) ရေခဲစိမ်သည့် ရေဖြင့် ညင်သာစွာ သေစေရပါမည်။
(၈) မှတ်တမ်းထိန်းသိမ်းခြင်း
(က) ကန်တူးဖော်ခြင်း မှတ်တမ်း၊ သားပေါက်ဝယ်ယူမှု မှတ်တမ်း၊ ရေတိုင်းတာစစ်ဆေးမှု မှတ်တမ်း၊ အစာဝယ်ယူမှုမှတ်တမ်း၊ နေ့စဥ်အစာကျွေး မှတ်တမ်း၊ ကန်ရေလဲလှယ်မှု မှတ်တမ်း၊ ငါးသေဆုံးမှု (ငါးရောဂါကျရောက်မှု)မှတ်တမ်း၊ ရောင်းချမှု မှတ်တမ်း စသည်တို့အား လုပ်ငန်းစဥ်တိုင်းတွင် မှတ်တမ်းထားရှိရပါမည်။
(ခ) မှတ်တမ်းများအား (၂၄) လကြာသည်အထိ စနစ်တကျသိမ်းဆည်းထားရပါမည်။
မှီငြမ်း-ငါးလုပ်ငန်းဦးစီးဌာန။
ဆောင်ပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
Win Min Htwe • ဖြေကြားချက် 2 ခု
မွေးမြူရေ
aung zin oo • ဖြေကြားချက် 0 ခု
ငါး.ဘယ်လိုပုံစံနဲ့မွေးမြူရမလဲဆိုတာသိချင်လို့ပါ
sawkyawshwe • ဖြေကြားချက် 0 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
Tun Wanna Kyaw • ဖြေကြားချက် 1 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ လမ်ညွှန်ပေးပါ ဧရာဝတီတိုင်း ဘိုကလေး ကပါ
ခိုင်ဇော် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026