စျေးကွက်ဝင် တန်ဖိုးကြီး ကျောက်ငါးမွေးမြူနည်း အပိုင်း-၂
(ခ) ကျောက်ငါးအား လှောင်အိမ်ဖြင့် မွေးမြူနည်း
ကျောက်ငါးအား လှောင်အိမ်ဖြင့် မွေးမြူရာတွင် -
- ၁။ လှိုင်းလေ မပြင်းထန်သည့်နေရာ၊
- ၂။ အငန်နှုန်း (၁၃ - ၃၀) ppt ရှိသည့်နေရာ၊
- ၃။ ဒီရေအစစ်ဆုံးအချိန်၊
- ၄။ သင့်တင့်သော ရေစီးနှုန်းရှိသည့်နေရာ၊
- ၅။ ရေညစ်ညမ်းမှုကင်းသည့်နေရာ၊
- ၆။ ငါးစာများ ဝယ်ယူရန် လက်လှမ်းမီသည့်နေရာ၊
- ၇။ လုံခြုံစိတ်ချရသည့်နေရာတို့ ဖြစ်သင့်ပါသည်။
လှိုင်းကွယ်၊ လေကွယ်ပြီး ရေစီးရေလာကောင်းသော်လည်း ရေစီးမကြမ်းသောနေရာ ဖြစ်ရပါမည်။
လှောင်အိမ်တည်ဆောက်ပုံ
လှောင်အိမ်များသည် စီမံခန့်ခွဲမှုနှင့် ပြုပြင်ထိန်းသိမ်းမှု လွယ်ကူစေရန် မျက်နှာပြင်ဧရိယာ ၂၀၀ စတုရန်းပေမှ ၁၀၀၀ စတုရန်းပေခန့်အထိ ကျယ်ဝန်းသော စတုဂံပုံ (သို့မဟုတ်) စတုရန်းပုံများ ဖြစ်သင့်ပါသည်။
ငါး၏အရွယ်အစားပေါ်မူတည်ပြီး အပေါက်အရွယ်အစား ၂ စင်တီမီတာမှ ၈ စင်တီမီတာအထိရှိသော ပေါ်လီအက်သလင်းပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ဆန်ခါပိုက်များကို အသုံးပြုသင့်ပါသည်။ လှောင်အိမ်တည်ဆောက်ပုံ ၂ မျိုးရှိပါသည်။
၁။ ရေပေါ်လှောင်အိမ်အမျိုးအစား(Floating cage)
အထက်တွင်ဖော်ပြထားခဲ့သည့်အတိုင်း ရေပေါ်လှောင်အိမ်အမျိုးအစားတွင် ဆန်ခါပိုက်အား သစ်သား(သို့မဟုတ်) ပလတ်စတစ်ရေပိုက်(GI pipe) သို့မဟုတ် ဝါးလုံးများဖြင့် ပြုလုပ်ထားသော အမာခံ(frame) တွင် တပ်ဆင်ထားပြီး ပလတ်စတစ်စည်ပိုင်း၊ ဖော့တုံး(styrofoam drum)၊ ဝါးပိုးဝါး စသည်တို့ဖြင့် ရေပေါ်ပေါ်နေစေရန် ထောက်ပံ့ပေးထားရပါသည်။
အမာခံထောင့်များတွင် ကွန်ကရစ်တုံး(သို့မဟုတ်) ကျောက်များဖြင့် ကျောက်ချချည်နှောင်ထားရပါမည်။
စီမံခန့်ခွဲ မှုနှင့် ပြုပြင်ထိန်းသိမ်းမှုအကောင်းဆုံးအရွယ်အစားမှာ ရေတန် ၅၀ ဆံ့သည့် အလျား ၁၅ ပေ၊ အနံ ၁၅ ပေနှင့် အနက် ၆ ပေရှိ လှောင်အိမ်များ ဖြစ်ပါသည်။
၎င်းအရွယ်အစားရှိသည့် ဆန်ခါပိုက်အိတ်များသည် မွေးကာလအတွင်း အညစ်အကြေး အနည်အဖတ်များဖြင့် ပိတ်ဆို့နေပါက ဆန်ခါပိုက်အိတ်အား အသစ်ဖြင့် လဲလှယ်တပ်ဆင်ရာတွင် လွယ်ကူမှုရှိပါသည်။
အခြေစိုက်ပုံစံ လှောင်အိမ်အမျိုးအစား
၎င်းအမျိုးအစားတွင် လှောင်အိမ်ထောင့် ၄ ထောင့်အား အောက်ခြေမြေသားအတွင်း စိုက်သွင်းထားသော သစ်သား (သို့မဟုတ်)ဝါးလုံးတိုင်များတွင် အသေ တပ်ဆင်ထားပါသည်။ ၎င်းလှောင်အိမ်အမျိုးအစားအား ရေတိမ်သောနေရာများတွင် အသုံးပြုကြပါသည်။
သားပေါက်ထည့်သွင်းနှုန်းမှာ-
ကျောက်ငါးသားပေါက်ငယ်များကို စျေးကွက်ဝင်အရွယ်သို့ ရောက်ရှိရန်အတွက် လှောင်အိမ်စနစ်ဖြင့် မွေးမြူရာတွင် လှောင်ကန်အမျိုးအစား ၃ မျိုးဖြင့် မွေးမြူရမည်ဖြစ်ပါသည်။
၄င်းအမျိုးအစားများမှာ-
- (၁) ပြုစုလှောင်ကန်(Nursery net cage)
- (၂) အလယ်အလတ် မွေးမြူရေးကန်(Transition net cage) နှင့်
- (၃) ထုတ်လုပ်ရေးကန် (Production net cage)တို့ ဖြစ်ကြပါသည်။
၁။ ပြုစုလှောင်ကန် (Nursery net cage)
ပြုစုလှောင်ကန်တွင် ၁ လက်မမှ ၃ လက်မအရွယ် ကျောက်ငါးသားပေါက်များအား ၃ ပေပတ်လည်တွင် အကောင်ရေ ၁၀၀ မှ ၁၅၀ ကောင်နှုန်းဖြင့် ထည့်သွင်းမွေးမြူ ပြုစုနိုင်ပါသည်။ ကျောက်ငါးသားပေါက်များ ရှင်သန်မှုကောင်းမွန်ရန်အတွက် အရွယ်အစားခွဲခြားမွေးမြူခြင်း(sorting)အား (၇) ရက် (၁)ကြိမ် ဆောင်ရွက်သင့်ပါသည်။
ကြီးထွားနှုန်းအတွက် နမူနာယူ တိုင်းတာခြင်းအား ၁၅ ရက်လျှင် ၁ ကြိမ် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ၆ လက်မ အရွယ်သို့ရောက်ရှိသော ကျောက်ငါးသားပေါက်များအား အလယ်အလတ်အရွယ် မွေးမြူရေးလှောင်အိမ်(Transition net cage) သို့ ရွှေ့ပြောင်းပေးရမည် ဖြစ်ပါသည်။
၂။ အလယ်အလတ် မွေးမြူရေးလှောင်ကန်(Transition net cage)
အလယ်အလတ် မွေးမြူရေးလှောင်ကန်တွင် ငါးထည့်သွင်းနှုန်းမှာ ၃ ပေပတ်လည်တွင် ငါး ၄၄ ကောင်နှုန်းဖြင့် မွေးမြူရမည်ဖြစ်ပါသည်။မွေးကာလ ၂ လမှ ၃ လအကြာတွင် ထုတ်လုပ်ရေးလှောင်ကန်သို့ ပြောင်းရွှေ့မွေးမြူပေးရမည် ဖြစ်ပါသည်။
၃။ ထုတ်လုပ်ရေးလှောင်ကန် (Production net cage)
ထုတ်လုပ်ရေးလှောင်ကန်တွင် ကျောက်ငါးများအား စျေးကွက်ဝင်အရွယ်ထိ ဆက်လက်မွေးမြူရမည် ဖြစ်ပါသည်။
အစာကျွေးနှုန်း

ကျောက်ငါးသားပေါက်များအား ၎င်းတို့၏ စုစုပေါင်းအလေးချိန်၏ ၁၀ ရာခိုင်နှုန်းရှိသော အစာပမာဏအား နေ့စဥ် တစ်နေ့လျှင် ၁ ကြိမ်(သို့မဟုတ်) ၂ ကြိမ် ကျွေးမွေးပေးရမည် ဖြစ်ပါသည်။ ကျွေးမွေးရာတွင် ဒီရေအတက်အကျပေါ်မူတည် ပြီး ရေစီးမသန်သော အချိန်များတွင် ကျွေးမွေးပေးခြင်းဖြင့် အစာများ ရေစီးတွင်မျောပါ၍ လေလွင့်ဆုံးရှုံးခြင်း အနည်းဆုံးသို့ လျှော့ချနိုင်ပါသည်။
(၆)ကျပ်သားအရွယ် ကျောက်ငါးများအား ၄င်းတို့၏ စုစုပေါင်းအလေးချိန်၏ ၈ ရာခိုင်နှုန်းအားလည်းကောင်း၊ ၁၈ ကျပ်သားအရွယ်ကျောက်ငါးများအား စုစုပေါင်းအလေးချိန်၏ ၅ ရာခိုင်နှုန်းအားလည်းကောင်း လျှော့ချကျွေးမွေးသွားရမည် ဖြစ်ပါသည် ။ (၃၀)ကျပ်သားအရွယ်အထက် ကျောက်ငါးများအား ၄င်းတို့၏ စုစုပေါင်းကိုယ်အလေးချိန်၏ ၃ ရာခိုင်နှုန်းအား နေ့စဥ်ကျွေးမွေးပေးရမည် ဖြစ်ပါသည်။
ကျောက်ငါးအား လှောင်အိမ်စနစ်ဖြင့် မွေးမြူရာတွင် အစာမှ အသားဖြစ်မှုအချိုး (FCR)မှာ ၄.၅း ၁ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျောက်ငါး ၁ ပိဿာရရှိရန်အတွက် အစာပမာဏ ၄.၅ ပိဿာ ကုန်ကျမည်ဖြစ်ပါသည်။
ကြီးထွားမှုနှုန်းထား
အထက်ပါနည်းစနစ်အတိုင်း ကျောက်ငါးများအား လှောင်အိမ်စနစ်ဖြင့် မွေးမြူပါက မွေးကာလ ၆ လမှ ၈ လ အကြာတွင် စျေးကွက်ဝင်အရွယ်အစားဖြစ်သော ကျောက်ငါးတစ်ကောင်ချင်းအလေးချိန် ၂၅ ကျပ်သား မှ ၃၅ ကျပ်သားအရွယ်သို့ ရောက်ရှိလာမည်ဖြစ်ပါသည်။
Ref: ငါးလုပ်ငန်းသင်တန်းကျောင်းမှပို့ချသော ငါးမွေးမြူရေး နည်းစနစ်များ။
(ကျောက်ငါးမွေးမြူနည်း အပိုင်း-၁ ကို ဒီလင့် https://www.greenwaymyanmar.com/posts/Grouper_Fish_Farming မှာ ဖတ်ရှုနိုင်ပါတယ်)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ငါးမွေးမြူနည်း
ဆက်စပ်မေးခွန်းများ
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
Win Min Htwe • ဖြေကြားချက် 2 ခု
မွေးမြူရေ
aung zin oo • ဖြေကြားချက် 0 ခု
ငါး.ဘယ်လိုပုံစံနဲ့မွေးမြူရမလဲဆိုတာသိချင်လို့ပါ
sawkyawshwe • ဖြေကြားချက် 0 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
Tun Wanna Kyaw • ဖြေကြားချက် 1 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ လမ်ညွှန်ပေးပါ ဧရာဝတီတိုင်း ဘိုကလေး ကပါ
ခိုင်ဇော် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026