ငါးသလဲထိုး မွေးကြမလား..
ငါးသလဲထိုးငါး(Loach)များမှာ ရေချိုငါးမျိုးစိတ်များဖြစ်ကြသည်။ အရောင်မှာ ရွှေဝါရောင်ရှိပြီး အမည်းရောင်အစက်အပြောက်များ ပါရှိကြသည်။ အရွယ်အစားမှာ အမြင့်ဆုံးအလျား (၄.၅)စင်တီမီတာ ရှိကြပါသည်။

ငါးသလဲထိုးသည် အသားနုပြီး အာဟာရဓာတ်အလွန်ပြည့်ဝသောရေထွက်ကုန်ဖြစ်၍ ရေထဲက“ဂျင်စင်း”ဟု တင်စားခေါ်ဆိုကြရသည်။ ကျန်းမာရေးနှင့်ညီညွတ်ပြီး အရိုးပါမကျန်စားသုံးနိုင်သောငါးဖြစ်ပါသည်။
ဈေးကွက်လိုအပ်ချက်လည်း အလွန်မြင့်မားသောကြောင့် မွေးမြူသူများအနေဖြင့် ကျယ်ပြန့်စွာမွေးမြူကြရန် လိုအပ်လာပါသည်။ ထို့ကြောင့် တစ်ပိုင်တစ်နိုင်ရော၊ စီးပွားဖြစ်ပါ မွေးမြူလိုသူများအတွက် ငါးသလဲထိုးမွေးမြူနည်းပညာကို ဖော်ပြပေးပါမည်။
၁။ မွေးမြူမှုအခြေအနေ
- ငါးသလဲထိုးငါးကို ရေကန်ဖြင့်မွေးမြူလျှင် ရေအရင်းအမြစ်ပြည့်ဝပြီး ရေအရည်အသွေးမှာ ကြည်လင်ကာ ညစ်ညမ်းခြင်းများ မရှိရပါ။
- ရေထုတ်မှုအဆင်ပြေစေရန်အတွက် သတိပြုရပါမည်။
- မြေဆီလွှာအရည်အသွေးပိုင်းတွင် အယ်ကာလိုင်း(Alkaline) အလတ်စား(သို့မဟုတ်) အနည်းငယ်ပါဝင်သော မြေဆီလွှာကို ရွေးချယ်ပေးလျှင် အကောင်းဆုံးဖြစ်သည်။
- ရေကန်နံရံရွှံ့မြေ ခိုင်ခံ့ရမည်ဖြစ်ပြီး ရေကန်ဘေးပတ်လည်တစ်လျှောက်တွင် ပိုက်ကွက်များ ဝန်းရံထားခြင်းဖြင့် ငါးသလဲထိုးများထွက်သွားခြင်း (သို့မဟုတ်)အန္တရာယ်ပြုစေနိုင်မည့်အရာများ ဝင်ရောက်ခြင်းတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
၂။ နေရာချမွေးမြူခြင်းမပြုခင် ပြင်ဆင်ရမည့်အချက်များ
- နေရာချမွေးမြူခြင်းမပြုမီ ရက်(၂၀)ခန့်ကတည်းက ရေကန်အား သန့်ရှင်းပေးခြင်း၊ ပြုပြင်ပြောင်းလဲပေးခြင်း၊ ပိုးသတ်ပေးခြင်းများ ပြုလုပ်ရမည်။
- ရေဝင်ပေါက်နှင့်ရေထုတ်ပေါက်တွင် သံမျှင်ဖြင့်ပြုလုပ်ထားသောကွန်ရက်တပ်ဆင်ထားကာ ငါးသလဲထိုးများထွက်ပြေးသွားခြင်းမှကြိုတင်ကာကွယ်ထားရမည်ဖြစ်သည်။ ထုံးဖြင့် ပိုးသတ်ပေးရမည်ဖြစ်သည်။
၃။ သားပေါက်မွေးမြူခြင်း
- ငါးသလဲထိုးသားပေါက်များအား လူအားဖြင့်မွေးမြူခြင်း (သို့မဟုတ်) သဘာဝအလေ့ကျပေါက်ရောက်သော သားပေါက်များကို ရွေးချယ်မွေးမြူခြင်းဟူ၍ ပြုလုပ်နိုင်သည်။
- သို့သော် ငါးသားပေါက်အားလုံးမှာ အရွယ်အစားအားဖြင့်ညီညာခြင်း၊ ရောဂါဒဏ်ရာမရှိခြင်း၊ လှုပ်ရှားမှုသွက်လက်ဖျတ်လတ်ခြင်းတို့နှင့် ပြည့်စုံရမည်ဖြစ်ပြီး တစ်ကြိမ်တည်း အပြည့်အဝ မွေးမြူရမည်ဖြစ်သည်။
၄။ ကျွေးစာကျွေးပေးခြင်း
- ငါးသလဲထိုးသည် အစုံစားငါးအမျိုးအစားဖြစ်သောကြောင့် ဓာတ်မြေဩဇာကျွေးပေးခြင်းနှင့် သဘာဝငါးစာများအပြင် ငါးကျွေးစာမှုန့်၊ ငါးကျွေးစာအနှစ်၊ ပိုးမျှင်ကောင်တုံးလုံး၊ တိရစ္ဆာန်အကြွင်းအကျန်ကုန်ကြမ်းပစ္စည်း၊ ဂျုံဖွဲ၊ ဖွဲနု၊ ပဲဖတ် အခဲ၊ ဟင်းရွက်စသည့် ကျွေးစာများကိုလည်း ကျွေးပေးရမည်ဖြစ်သည်။
၅။ နေ့စဉ်စီမံကြီးကြပ်မှု
- မွေးမြူသူများသည် နေ့စဉ်နှစ်ကြိမ် ရေကန်ကိုလှည့်လည်ကြည့်ရှုစစ်ဆေးပေး၍ ဂရုစိုက်ရမည်ဖြစ်သည်။
- ရေမျက်နှာပြင်အမှတ်၊ ရေအရည်အသွေးနှင့် ငါးသလဲထိုးကြီးထွားမှုအခြေအနေများကို စစ်ဆေးသွားရမည်ဖြစ်သည်။
- ပြဿနာတစ်စုံတရာ တွေ့ရှိခဲ့ပါက အမြန်ဆုံးဖြေရှင်းပေးရမည်ဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ငါးမွေးမြူနည်း
ကိုစိန်အောင်
လွန်ခဲ့သော ၂ နှစ် ကဆွေူနွေးချင်ပါတယ်
Htay.zaw
လွန်ခဲ့သော ၂ နှစ် ကမွေးခြင်တယ်ဘယ်လိုမွေးရမလဲနည်းလမ်းပြပေးပါလား
fisherman
လွန်ခဲ့သော ၃ နှစ် ကသားပေါက်ဘယ်မှာရနိုင်မလဲ
ကျော်ဌေး
လွန်ခဲ့သော ၃ နှစ် ကဟုကဲ့
ကျော်ဌေး
လွန်ခဲ့သော ၃ နှစ် ကဆွေးနွေးချင်ပါတယ်
ဆက်စပ်မေးခွန်းများ
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
Win Min Htwe • ဖြေကြားချက် 2 ခု
မွေးမြူရေ
aung zin oo • ဖြေကြားချက် 0 ခု
ငါး.ဘယ်လိုပုံစံနဲ့မွေးမြူရမလဲဆိုတာသိချင်လို့ပါ
sawkyawshwe • ဖြေကြားချက် 0 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
Tun Wanna Kyaw • ဖြေကြားချက် 1 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ လမ်ညွှန်ပေးပါ ဧရာဝတီတိုင်း ဘိုကလေး ကပါ
ခိုင်ဇော် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....