စီးပွားရေးတွက်ခြေကိုက်သော ကမာကောင်မွေးမြူနည်း
ကမာကောင်(Oyster)များသည် ရေချိုရေငန်စပ်တွင်နေထိုင်ကြသော အခွံမာရေသတ္တဝါ (Crustaceans) များ ဖြစ်ကြသည်။
ရေအောက်ကျောက်ဆောင်များနှင့် အခိုင်အမာနေရာများတွင် မှီတွယ်ပြီး အခွံနှင့်တွယ်ဆက်ကာ နေထိုင်ကြီးပြင်းကြသည့် ရေနေ သတ္တဝါတစ်မျိုး ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ရေငန်နှင့် ရေချိုရေငန်စပ် ရွှံ့စေးမြေဆန်သည့် မြစ်ဝကျွန်းပေါ်ဒေသများရှိ မြစ်ချောင်းများတွင် ကမာများ မျိုးပွားနေထိုင်လျက်ရှိကြသည်ကို တွေ့ရှိရသည်။
ကမ္ဘာပေါ်တွင် ကမာမျိုးစိတ်ပေါင်း (၂၀၀) ကျော်ရှိသည့်အနက် မြန်မာနိုင်ငံတွင် မျိုးစိတ် (၃)မျိုးကိုသာ တွေ့ရှိရပြီး လူကြိုက်များသည့် တန်ဖိုးကြီးရေထွက်ကုန်များတွင် ပါဝင်နေသည်။
အခွံမာရေသတ္တဝါဖြစ်သည်နှင့်အညီ ကမာကောင်များသည် အစာစားသောက်ရန် ၄င်းတို့၏အခွံကို ဒီရေစီးသည့်အချိန် ဟထားပြီး ဒီရေနှင့် အတူပါလာသည့် သတ္တမျှောလှေးကောင်များကို စားသုံးကြသည်။
အရွယ်ရောက်ကမာကောင်များသည် မျိုးပွားရာသီ ရောက်ရှိပါက ပြင်ပသန္ဓေအောင်ခြင်းနည်းဖြင့် မျိုးပွားကြကာ သန္ဓေအောင်သားလောင်းများသည် ရေစီးအတိုင်းမျောပါပြီး နီးစပ်ရာကျောက်ဆောင်၊ ကျောက်သား အခိုင်အမာနေရာများတွင် တွယ်ကပ်၍ ကြီးထွားကြပါသည်။
ကမာ ၁ ကောင် အရွယ်ရောက်ကြီးထွားရန် အချိန် ၁ နှစ်ခန့်ကြာမြင့်ပြီး အရွယ်အစားအားဖြင့် အခွံ ၆ လက်မ ဗြက်အကျယ်ခန့်ရှိလျှင် အရွယ်ရောက်သည်ဟု သိရသည်။

ကမ္ဘာပေါ်တွင် အခွံမာရေသတ္တဝါမျိုးစိတ်များကို သဘာဝမှ ထုတ်ယူခြင်းထက် မွေးမြူခြင်းမှ ထုတ်လုပ်နေကြပြီ ဖြစ်ပါသည်။ သို့သော် ထိုသို့ ကမာသားပေါက်များ ထုတ်လုပ်မွေးမြူခြင်းကို ဖွံ့ဖြိုးတိုးတက်ပြီးသောနိုင်ငံများတွင်သာ ပြုလုပ်နိုင်ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၌မူ သဘာဝမှရရှိသည့် မျိုးသားပေါက်၊ သားလောင်းများကိုသာ မွေးမြူလျက်ရှိကြသည်ကို တွေ့ရသည်။
ထိုနည်းစနစ်မှာ ကုန်ကျစရိတ်သက်သာစေပြီး တန်ဖိုးမြင့်ကမာမျိုးစိတ်များကို ထုတ်လုပ်နိုင်သည့်အတွက် မြန်မာနိုင်ငံတွင်လည်း တစ်ပိုင်တစ်နိုင် ရေလုပ်သားများ ဆောင်ရွက်နိုင်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။
ရခိုင်ဒေသ ကမာကောင်မွေးမြူရေး

- ယခုအခါ ရခိုင်ဒေသ၌ ကမာများ မွေးမြူနေကြပြီ ဖြစ်ပါသည်။ ထိုဒေသတွင် ကမာများကို နှစ်စဥ် ဒီဇင်ဘာလမှ မေလအထိ သဘာဝရေပြင်မှ ရှာဖွေပြီး ထုတ်ယူစားသုံးနိုင်ကြပါသည်။
- ရခိုင်ဒေသသည် ရေချိုရေငန်စပ်လည်းဖြစ်၊ ဒီရေတောလည်း ထူပြောသဖြင့် ကမာကိုသားဖောက်ရန်မလိုဘဲ သဘာဝအတိုင်း မျိုးကောင်ငယ်များကို အလွယ်တကူ ရရှိနိုင်သည်။
- ဒီရေတောအတွင်း ဗြူးခြေထောက်အပင်များ၌ ကမာမျိုးကောင်ငယ်များ တွယ်ကပ်နေတတ်ကြပြီး ချောင်းများ၌ ဖောင်ဖွဲ့၍ Floating Cage Culture System ဖြင့် ခရုကမာ၊ ကျောက်ငါးများကို တွဲဖက်မွေးမြူနိုင်ပါသည်။
- ရခိုင်ဒေသ၌ ကမာမွေးရာတွင် ပထမဦးစွာ သစ်နှင့်ဝါးကို ဖောင်ဖွဲ့ရသည်။
- ဖောင်၏ အလယ်တွင် (၉ × ၉ × ၉)ပေ အရွယ်အစားရှိသောကန်ကို ပြုလုပ်ထားရှိပြီး ၄င်းကန်၌ ကျောက်ငါး(grouper)များကို ထည့်သွင်းမွေးမြူထားရှိပါသည်။
- ရခိုင်ဒေသတွင် ကျောက်ငါးမျိုးကို အနီးဝန်းကျင်ရှိ ပိုက်ဘဝန်းရေလုပ်သားများထံမှ(၅-၁၀)ကျပ်သားအရွယ်ကို အရှင်အတိုင်းဝယ်ယူရရှိနိုင်သည်ဟု သိရပါသည်။
- ကျောက်ငါး(ခေါ်)ငါးတောက်တူငါးသည် အစားကြူးသည့်ငါးမျိုးဖြစ်ပြီး စေတီခရု၊ ကဏန်းများကို ထုခွဲကျွေးပေးနိုင်ပါသည်။
- (၄-၅) လခန့် မွေးမြူထားလျှင် ၅၀ ကျပ်သားအရွယ်ရောက်လာပြီး စျေးကွက်သို့ တင်ပို့နိုင်ပါသည်။
- ယခုအခါ ရခိုင်ဒေသတွင် ကျောက်ငါးနှင့် ကမာတွဲဖက်မွေးမြူရေးကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေကြပြီး ဖောင်၏အလယ်တွင် ကျောက်ငါးများအားမွေးမြူထားပြီး ဖောင်ပတ်လည်တွင် ကမာကောင်လေးများ တွယ်ကပ်စရာများကို ကြိုးဖြင့် တွဲလောင်းချိတ်ဆွဲထားကြပါသည်။
- တာယာကွင်းအဟောင်းများ၊ အုတ်ကြွပ်အပိုင်းအစများအပြင် အနေတော် ကျောက်ခဲများကို ပိုက်နှင့်ထုတ်လျက် ချိတ်ဆွဲထားကြခြင်း ဖြစ်ပါသည်။
- ၂ လခန့်ကြာသည့်အခါ ကမာမျိုးကောင်ငယ်များ အလိုအလျောက်ရောက်လာတွယ်ကပ်နေတတ်ကြသည့်နည်းဖြင့် မွေးမြူကြခြင်း ဖြစ်သည်။
- နောက်တစ်နည်းမှာ ဘိလပ်မြေကို(၄×၄.၅)လက်မအရွယ် ပြုလုပ်ပြီး ကြိုးနှင့်သီလျက် ၄င်းတွင်ခရုကမာ (၂-၃)လက်မအရွယ်များကို မဆလာဖြင့် ကပ်ရပါသည်။ မဆလာဖြင့်ကပ်ရာတွင် ကမာ၏အညှာဖက်က ကပ်ပေးရပါသည်။
- ကမာမျိုးကောင်ငယ်များကို ဒီရေတောအတွင်း ဗြူးပင်များမှ ခွာယူရပါသည်။ ထိုသို့ခွာယူရာတွင် ညင်သာဖို့ လိုအပ်ပါသည်။
- (၄×၄.၅)လက်မ ကွန်ကရစ်တုံးတစ်တုံးတွင် ကမာမျိုးကောင်ငယ်တစ်ကောင်သာကပ်ပြီး ဖောင်မှနေ၍ တွဲလောင်းချိတ်ဆွဲထားရသည်။
- ၂ လခန့်ကြာလျှင် သဘာဝအတိုင်းနောက်ထပ်လာရောက်တွယ်ကပ်မှုများ ရှိတတ်သဖြင့် မူလတစ်ကောင်ထက်မက ပိုမိုပွားလာသည်ကို တွေ့ရှိရသည်။
- အားရစရာထူးခြားချက်တစ်ခုမှာ ကမာမွေးမြူထားခြင်းသည် အစာကျွေးရန်မလိုအပ်ခြင်း ဖြစ်ပါသည်။
- ၄င်းအပြင် ကမာမျိုးကောင်ငယ်များ အလိုအလျောက်လာပြီး တွယ်ကပ်တတ်သဖြင့် ရောင်းတန်းဝင်အရွယ်အစားများကို ဖော်ယူရောင်းချလိုက်၊ အသစ်တစ်ဖန်တွယ်ကပ်လာသည်ကို စောင့်မွေးထားလိုက်ဖြင့် ကမာမွေးမြူရေးမှာ အမြဲမပြတ် လည်ပတ်နေမည် ဖြစ်ပါသည်။
- ကမာမျိုးစေ့(၂-၃)လက်မ အရွယ်အစားကို တစ်ကောင်လျှင် (၁၅၀-၂၀၀)ကျပ်ဖြင့် ဝယ်ယူရရှိနိုင်သည်။
- ထိုကမာများကို ၂ နှစ်ခန့်မွေးမြူပြီးပါက တစ်ကောင်ကို ၁၅၀ဝ ကျပ်ခန့် စျေးနှုန်းရကြပါသည်။
ကမာကောင်များသည် အငန်နှုန်း ၁၅ မှ ၂၅ ppt အထိရှိသည့် ရေချိုရေငန်စပ်ဒေသများ၊ ရွှံ့စေးမြေဆန်သည့်ဒေသများ၌ အောင်မြင်ဖြစ်ထွန်းကြီးထွားမြန်သည်ဟု သိရှိရပါကြောင်း ကမာမွေးမြူရေးအကြောင်းကို လေ့လာ ရေးသားလိုက်ရပါသည်။
Ref:ငါးလုပ်ငန်းဦးစီးဌာန။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်ကိုကိုလတ်
လွန်ခဲ့သော ၂ နှစ် ကရေပိုးကိုက်လို့ငါးတွေသေနေတယ်ဘယ်လုပ်ရမလဲဆရာတို့ကျေးဇူးတင်ပါဆရာ
အောင်ကိုကိုလတ်
လွန်ခဲ့သော ၂ နှစ် ကကျောက်ငါးရေပေါ်ကန်နဲ့မွေးထားပါတယ်
အောင်ကိုကိုလတ်
လွန်ခဲ့သော ၂ နှစ် ကဟုတ်ကဲ့မဂ်လာပါဆရာ
နှင်းဖြူဖြူ
လွန်ခဲ့သော ၃ နှစ် ကရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်မှာ လေ့လာလို့ ရပါတယ်
မောင်စိုးသူ
လွန်ခဲ့သော ၃ နှစ် ကဝယ်ယူ/မွေးမြူနည်းလေးသိရင်မျှဝေပေးပါ
ဆက်စပ်မေးခွန်းများ
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
Win Min Htwe • ဖြေကြားချက် 2 ခု
မွေးမြူရေ
aung zin oo • ဖြေကြားချက် 0 ခု
ငါး.ဘယ်လိုပုံစံနဲ့မွေးမြူရမလဲဆိုတာသိချင်လို့ပါ
sawkyawshwe • ဖြေကြားချက် 0 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
Tun Wanna Kyaw • ဖြေကြားချက် 1 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ လမ်ညွှန်ပေးပါ ဧရာဝတီတိုင်း ဘိုကလေး ကပါ
ခိုင်ဇော် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026