ပြည်ပစျေးကွက်ဝင် လယ်ငါးရှဉ့်မွေးမြူနည်း
ငါးရှဉ့်သည် မျိုးစဉ် Anguilliformes တွင် ပါဝင်ပြီး ယင်းမျိုးစဉ်ထဲ၌ မျိုးစဉ်ကွဲ ၈ မျိုး၊ မျိုးရင်း ၁၉ မျိုး၊ မျိုးစု ၁၁၁ မျိုး၊ မျိုးစိတ် ၈၀၀ ခန့်ရှိကြောင်း မှတ်တမ်းများအရ သိရပါသည်။ ထိုမျိုးစိတ်များထဲတွင် လျှပ်စစ်ဓာတ်ထုတ်ပေးနိုင်သော ငါးရှဉ့်မျိုးများလည်း ရှိပါသေးသည်။

လယ်ငါးရှဉ့် ဥချခြင်းနှင့်သားပေါက်ခြင်း
ငါးရှဉ့်သည် ဥဥ၍ အကောင်ပေါက်သောသတ္တဝါ ဖြစ်သည်။ လယ်ငါးရှဉ့်များသည် တစ်နှစ်လျှင် ၂ ကြိမ်၊ အများအားဖြင့် မတ်လနှင့် ဧပြီလတွင် ဥချ၍ သားပေါက်လေ့ရှိကြသည်။
ဥသည် လုံးဝန်းသောပုံသဏ္ဌာန်ရှိပြီး ငါးရှဉ့်အမတစ်ကောင်၏ မျိုးဥအောင်နှုန်းသည် ၄၀ မှ ၆၂၅ အထိ ရှိသည်။ ဥမှအကောင်ပေါက်ရန် အပူချိန် ၂၈ မှ ၃၀ ဒီဂရီစင်တီဂရိတ်အတွင်းဖြစ်ပြီး မျိုးအောင်သောဥများသည် ၉၂ ဒသမ ၈ ရာခိုင်နှုန်းအထိ ပေါက်လေ့ရှိသည်။ ဥများသည် ၅-၆ ရက်အ တွင်း စတင်ပေါက်ဖွားလေ့ရှိကြသည်။
လယ်ငါးရှဉ့်မွေးမြူခြင်း
ငါးရှဉ့်မွေးမြူရာတွင် အသားတိုးမွေးမြူခြင်းနှင့် အရွယ်ရောက်အောင် မွေးမြူခြင်းဟူ၍(၂)မျိုး ရှိပါသည်။ ငါးရှဉ့်သည် အလေးချိန်ဖြင့် ရောင်းချရသောကြောင့် အသားတိုးမွေးမြူခြင်းက ပို၍ စီးပွားဖြစ်နိုင်ပါသည်။
သားပေါက်ဝယ်ယူမွေးမြူမည့်သူများအနေဖြင့် ငါးရှဉ့်သားပေါက်ကို မေလနှင့် ဇူလိုင်လများတွင် ဝယ်ယူရရှိနိုင်သည်ဟု သိရသည်။ မွေးမြူမည့်ငါးရှဉ့်အရွယ်အစားသည် ၄ လက်မမှ ၆ လက်မအရွယ်အစားမျိုး ဖြစ်သည်။ မွေးမြူမည့်ငါးရှဉ့်များကို ပုံးတစ်ခုအတွင်း ရေအနည်းငယ်ထည့်၍ သယ်ဆောင်သွားရုံသာဖြစ်ပါသည်။
ထိုအရွယ်အစားငါးရှဉ့်များသည် အသားတိုးမွေးမြူရန်အတွက် ဖြစ်ပါသည်။ အလျား ပေ ၂၀ နှင့် အနံ ၁၀ ပေရှိသော ကန်အတွင်း ငါးရှဉ့်သားပေါက်အကောင် ၂၀၀ ခန့် ထည့်မွေးနိုင်ပါသည်။ အလျားပေ ၂၀၀ နှင့် အနံပေ ၁၀၀ ရှိသော ကန်အတွင်းမူ ငါးရှဉ့်သားပေါက်အကောင် ၂၀၀၀၀ ခန့်ထည့်၍ မွေးမြူနိုင်ကြောင်း သိရသည်။
လယ်ငါးရှဉ့်မွေးမြူရေးကန်အရွယ်အစား
ငါးရှဉ့်မွေးမြူသူများအနေဖြင့် မွေးမြူမည့်ကန်အရွယ်အစားသည် တစ်ပိုင်တစ်နိုင်ဆိုလျှင် အလျား ပေ ၂၀ နှင့် အနံ ၁၀ ပေ ရှိရမည်။ စီးပွားဖြစ်အများအပြား မွေးမြူမည်ဆိုပါကလည်း ထိုအရွယ် အစားအတိုင်း ကန်များကိုပြုလုပ်၍ မွေးမြူနိုင်ပါသည်။ တချို့က အလျား ပေ ၂၀၀ နှင့် အနံ ပေ ၁၀၀ အထိလည်း ပြုလုပ်ကြသည်။ အနက် ၂ ပေဟု သိရပါသည်။
ငါးရှဉ့်သည် မြေကြီးအတွင်း တိုးဝင်နိုင်သောကြောင့် ကန်အတွင်း ရေမထည့်မီ ကန်အောက်ခြေကို မာနေအောင် ကြမ်းတုံးရိုက်ပေးဖို့လိုပါသည်။ ကန်ဘောင်နိမ့်နိမ့်ဖို့ပြီး ကန်အတွင်းဘေး၌ ဝါးထရံကို ရေမျက်နှာပြင်အထက် ၂၈ လက်မအမြင့် ပြုလုပ်ပေးရပါမည်။ ယင်းကဲ့သို့လုပ်ဆောင်မှုမျိုးကို အလျားပေ ၂၀၀ ကန်များ၌ ပြုလုပ်ပေးသင့်ပါသည်။
တချို့က ပေ ၂၀ ကန်များကို ပြုလုပ်ရာတွင် တာလပတ်များအတွင်း ရွှံ့ထည့်၍ ပြုလုပ်မွေးမြူကြပါသည်။ တချို့က အုတ်ကန်များ ပြုလုပ်၍လည်း မွေးမြူကြပါသည်။ ထိုအုတ်ကန်၏ အောက်ခြေအတွင်း မြေကြီးတစ်လွှာခင်းရသည်။ ထိုမြေကြီးအပေါ်၌ ငါး(သို့မဟုတ်) တိရစ္ဆာန်အသေကောင်များ ဖြန့်ခင်းရသည်။ ထိုအပေါ်၌ ရွှံ့မြေတစ်ထပ်ခင်းပြီး ရေထည့်ရသည်။
လယ်ငါးရှဉ့် အစာကျွေးခြင်း
ငါးရှဉ့်သည် အစားကြူးသောသတ္တဝါဖြစ်ပြီး အပုပ်အစပ်ကို ကြိုက်နှစ်သက်သည်။ အသားတိုးငါးရှဉ့်များအတွက် အစာကျွေးနှုန်းကောင်းမှ အကြီးမြန်၍ အသားတိုးမည်ဖြစ်သည်။ အသားတိုးငါးရှဉ့်များအတွက် ခန္ဓာကိုယ်အလေးချိန်၏ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းခန့်အစာကို ၁ လခွဲခန့် လုံလုံ လောက်လောက် ကျွေးဖို့လိုပါသည်။
လယ်ငါးရှဉ့်များကို အစာကျွေးရာတွင် ခရုနှင့်စီးပွားဖြစ်အစာကို ၈-၁၀ : ၁ အချိုးနှုန်းဖြင့် ကျွေးရသည်ဟု ဆိုပါသည်။ ခရုကို အသားရရန်ပြုတ်ပြီး စီးပွားဖြစ်အစာအား ရေအနည်းငယ်ဖြင့် ပျော့အောင်ပြုလုပ်ထားရသည်ဟု ဆိုပါသည်။ ထို့နောက် အစာချေဖျက်နိုင်သည့် အင်ဇိုင်း၊ ဗီတာမင်စီတို့ကိုရော၍ ကျွေးရသည်။ အသားတိုးငါးရှဉ့်များကို အထက်ပါအစားအစာအပြင် တချို့က ငါးနုပ်ငါးသေးများကို ကျွေးကြသည်။ တချို့က ငါးနုပ်ငါးသေးများကို ကြိတ်၍လည်း ကျွေးကြပါသည်။ ကျွေးရမည့်အစာပမာဏသည် ငါးရှဉ့်အားလုံး၏ အလေးချိန် ပိဿာ ၁၀၀ ရှိလျှင် အစာ ၆ ပိဿာ ကျွေးရသည်ဟု သိရပါသည်။
သားဖောက်ရန်အတွက် မွေးမြူမည့်ငါးရှဉ့်များအား အစာကျွေးခြင်း
ငါးရှဉ့်ကို သားဖောက်ရန် မွေးမြူမည်ဆိုပါက အစာကို ၆၀-၇၀ ရာခိုင်နှုန်းအထိ လျှော့ကျွေးနိုင်ပါသည်။ ၂ လခန့်အကြာတွင် သားဖောက်ကန်အတွင်းသို့ထည့် ပြောင်းရွှေ့ထားရပါမည်။ သား ဖောက်ကန်အတွင်းသို့ မထည့်မီ ၅ ရက်ခန့် အစာဖြတ်ထားရပါမည်။
ထို့နောက် အစာကို ကိုယ်အလေးချိန်၏ ၃ ရာခိုင်နှုန်းခန့် တစ်နေ့ ၂ ကြိမ်ကျွေးပေးရပါမည်။ ရေချိုကိုလည်း တစ်လ ၂ ကြိမ်၊ ၃ကြိမ်ခန့် လဲလှယ်ပေးရပါမည်။ ဤကား သားဖောက်ငါးရှဉ့်အတွက်သာဖြစ်ပါသည်။
ကြီးထွားနှုန်း
အသားတိုးမွေးမြူထားသော ငါးရှဉ့်များကိုမူ အလေးချိန် ၂၀၀ ဂရမ်ရောက်ရှိပါက ဖမ်းဆီးရောင်းချနိုင်ကြောင်းသိရသည်။ တစ်နှစ်ခန့်အကြာတွင် ကန်အသေးရှိ ငါးရှဉ့်သည် ပိဿာချိန် ၃၀ ခန့် ရရှိနိုင်ပြီး ကန်အကြီးဖြင့် မွေးမြူသူများသည် ပိဿာချိန် ၃၀၀၀ အထိ ရနိုင်သည်ဟု သိရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဘကြီးးမှုန်
လွန်ခဲ့သော ၁၁ လ ကတာလပတ်ကန်နဲ့ဘလိုမွေးရမလဲ
Aung Tun
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ...
san
လွန်ခဲ့သော ၃ နှစ် ကမြေထဲပေျာက်ကုန်လိတ်မည် (ငါးဖမ်းနည်း)
hlawin
လွန်ခဲ့သော ၃ နှစ် ကကျေးဇူး ပါ
ဆက်စပ်မေးခွန်းများ
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
Win Min Htwe • ဖြေကြားချက် 2 ခု
မွေးမြူရေ
aung zin oo • ဖြေကြားချက် 0 ခု
ငါး.ဘယ်လိုပုံစံနဲ့မွေးမြူရမလဲဆိုတာသိချင်လို့ပါ
sawkyawshwe • ဖြေကြားချက် 0 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
Tun Wanna Kyaw • ဖြေကြားချက် 1 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ လမ်ညွှန်ပေးပါ ဧရာဝတီတိုင်း ဘိုကလေး ကပါ
ခိုင်ဇော် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....