နုန်းငါးရှဉ့်မွေးမြူနည်း
ငါးရှဉ့်မွေးမြူရေးသည် အသေးစားတစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများအတွက် သင့်တော်သော ငါးမွေးမြူရေးအမျိုးအစား ဖြစ်ပါသ ည်။ ငါးရှဉ့်အမျိုးအစား အများအပြားရှိသော်လည်း စီးပွားရေးအရ အရေးပါသော အောင်မြင်စွာမွေးမြူနေသော ငါးရှဉ့်မှာ စပါးကွင်းငါးရှဉ့်(Rice-field eel)ခေါ် နုန်းငါးရှဉ့်(Swamp eel) ဖြစ်ပြီး သိပ္ပံအမည်မှာ Monopterus albus ဖြစ်ပါသည်။ ၄င်းနုန်းငါးရှဉ့်၌ ထူးခြားစွာ တစ်ကောင်တည်းတွင် အထီး၊ အမ လိင်အင်္ဂါနှစ်ခုစလုံးပါဝင်သည်ကို တွေ့ရှိရပါသည်။
ငါးရှဉ့်အား တစ်နိုင်တစ်ပိုင်မွေးမြူရာတွင် အုတ်ကန်များဖြင့်သော်လည်းကောင်း၊ အခြားကန်အမျိုးအစားဖြင့်သော်လည်းကောင်း တစ်ပိုင်တစ် မွေးမြူနိုင်ပါသည်။ ငါးရှဉ့်သည်အောက်ဆီဂျင်နည်းပါးသော အခြေအနေများတွင်ပင် အသက်ရှင်နိုင်သောကြောင့် ရေရှားပါးသောဒေသများတွင်ပါ မွေးမြူနိုင်ပါသည်။ ၄င်း၏ သဘာဝအစားအစာမှာ ငါး၊ ခရု၊ ရေနေအင်းဆက်များ၊ ကျောရိုးမဲ့သတ္တဝါများနှင့် တီကောင်စသည်တို့ ဖြစ်ပါသည်။ ၄င်းနည်းစနစ်အား ဘိုကလေးနှင့် ဖျာပုံမြို့နယ်များတွင် ဆောင်ရွက်လျက်ရှိကြပါသည်။
ကန်ပြင်ဆင်ခြင်း - မွေးကန်အနေဖြင့် အလျား ၆ ပေ၊ အနံ ၃ ပေ၊ အမြင့် ၃ ပေ ရှိသော ကန် ၂ လုံးအား ပူးတွဲဆောက်လုပ်ရမည်ဖြစ်ပါသည်။ ကန်များသည် ရေစိမ့်ထွက်ခြင်းမရှိစေရဘဲ ကန်အောက်ခြေတွင် ရေထွက်ပေါက်လည်း ပါဝင်ရမည် ဖြစ်ပါသည်။
မွေးမြူရန်အတွက် မြေလွှာများ တည်ဆောက်ခြင်း
- ပထမဦးစွာ ကန်အတွင်းအောက်ခြေတွင် ၄ လက်မ အမြင့်ခန့် ရွှံ့များကို အလျားလိုက် ထည့်ရပါမည်။ ထိုသို့ထည့်သွင်းရာတွင် ကန်အနံ၏ ထက်ဝက်ခန့်သာ ထည့်ရမည်ဖြစ်ပါသည်။
- ဒုတိယအနေဖြင့် ဆွေးမြည့်နေသော ကောက်ရိုးများကို ၄လက်မအထူခန့် ထပ်မံထည့်သွင်းပေးရပါမည်။အကယ်၍ ကောက်ရိုးသည် လတ်ဆတ်နေပါ က တစ်ပတ်ခန့် ဆွေးမြည့်အောင်ထားပြီးမှ ထည့်သွင်းရပါမည်။
- တတိယအဆင့်အနေဖြင့် ငှက်ပျောတုံးများကို တစ်ပတ်ခန့် ကြိုတင်ခုတ်စင်း ထားပြီးမှ ၄င်းကန်အတွင်းသို့ ၄ လက်မအထူခန့် ထည့်သွင်းပေးရပါမည်။
- စတုတ္ထအဆင့်အနေဖြင့် နွားချေးကို ၄လက်မအထူ ထပ်မံ ထည့်သွင်းပေးပါ။
- ပဥ္စမအဆင့်တွင် နံရံအားမှီ၍ မွေးမြူလွှာများ ပြိုမကျစေရန် ကျောက်တုံး၊ ကျောက်ခဲများဖြင့် ကန်အလျားလိုက် ထက်ဝက်ခန့်ထည့်ကာ ထိန်းပေးရပါမည်။

ငါးရှဉ့်မွေးမြူရာတွင် ရေထည့်သွင်းရမည်။ ရေအား အဝီစိတွင်းရေ (သို့မဟုတ်) မိုးရေကို အသုံးပြုပါ။ အများသုံးရေအား အသုံးပြုပါက ကလိုရင်းပါဝင်မှု မရှိစေရန် သတိပြုပါ။ ကလိုရင်းပါဝင်နေပါက ကလိုရင်းဓာတ်ပြယ်စေရန် စောင့်ဆိုင်းပြီးမှ အသုံးပြုပါ။ ရေထည့်သွင်းရာတွင် အပေါ်ဆုံးအလွှာ၏အထက် ၆ လက်မခန့်ဖုံးလွှမ်းသည်အထိ ထည့်သွင်းပါ။
တစ်ပတ်ခန့်ထားပြီး အမြုပ်များထလာသည့်အချိန်တွင် ရေများအား ရေထုတ်ပိုက်မှတစ်ဆင့် ဖောက်ထုတ်ပြီး ရေအသစ်ပြန်ထည့်ပါ။ ရေထည့်ခြင်း ဖောက်ထုတ်ခြင်းကို အမြုပ်များကုန်သည်အထိ ရက် ၂၀ မှ ၂၅ ရက်ခန့် ပြုလုပ် ပေးရပါမည်။
အမြုပ်များ ကင်းစင်ပါက ၄င်းရေအတွင်းသို့ ငါးသန်အချို့အား ထည့်သွင်းစမ်းသပ်ပါ။ ၃ ရက်ခန့်အကြာတွင် ငါးသန်များသေဆုံးမှု မရှိပါက ငါးရှဉ့်မွေးမြူရန် အသင့်အနေအထားသို့ ရောက်ရှိပြီ ဖြစ်ပါသည်။
ငါးရှဉ့်များ မထည့်သွင်းမီ ဗေဒါပင်များကို ရွှံ့လွှာအပေါ်ရေတွင် ထည့်သွင်းပေးရပါမည်။ ၄င်းဗေဒါပင်များသည် ငါးရှဉ့်များအတွက် ခိုအောင်းရာနေရာအပြင် နေရောင်ခြည်တိုက်ရိုက်ကျရောက်မှုမှ ကာကွယ်ပေးမည်ဖြစ်ပါသည်။
ဖော်ပြပါ ကန်အရွယ်အစားအတွက် ၅ လက်မမှ ၆ လက်မအရှည်အရွယ်ရှိ သော ငါးရှဉ့်ငယ်စုစုပေါင်းကောင်ရေ ၂၀၀ အား ထည့်သွင်းမွေးမြူပါ။
အစာအဖြစ် ငါးနုတ်ငါးဖွဲများအား ကြိတ်၍ ကျွေးမွေးနိုင်သကဲ့သို့ ဖွဲနု၊ ဆန်ကွဲများဖြင့် ရောစပ်၍လည်း ကျွေးမွေးပေးနိုင်ပါသည်။အစာကျွေးနှုန်းမှာ ငါးရှဥ့်စုစုပေါင်းအလေးချိန်၏ ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်း ဖြစ်ပါသည်။ ငါးရှဉ့်သည် အမှောင်ကို ကြိုက်နှစ်သက်သည့်အတွက် ညအချိန်တွင် အစာကျွေးသင့်ပါသည်။
ငါးရှဉ့်ကန်အတွင်း ဗေဒါပင်များကို ကန်အပြည့် ထည့်သွင်းပေးထားရပါမည်။ လိုအပ်ပါက ထပ်မံထည့်သွင်းရန် လိုအပ်ပါသည်။ ကန်ရေကို ၂ ရက်လျှင် တစ်ကြိမ် ရေလှယ်ပေးပါက အစာကိုဇကာဗန်းဖြင့်သော်လည်းကောင်း၊ အထုပ်အတွင်း ထည့်၍လည်းကောင်း ကျွေးနိုင်ပါသည်။
ငါးရှဉ့်များအား တစ်လလျှင် တစ်ကြိမ် အလေးချိန်အား စစ်ဆေးပါ။ အရွယ်အစားခွဲခြားခြင်းကို ၂ ပတ်လျှင်တစ်ကြိမ်နှုန်းဖြင့် ၃ လခန့် ဆောင်ရွက် ပေးခြင်းဖြင့် ရှင်သန်မှုပိုမိုကောင်းမွန်ပါသည်။
မူလစတင်ထည့်သွင်းထားသော၂ ပိဿာအလေးချိန်ရှိ ငါးရှဉ့်များကို အထက်ပါနည်းအတိုင်းမွေးမြူပါက ၆ လအကြာတွင် ၁၂ ပိဿာမှ ၁၈ ပိဿာခန့်အထိ ကြီးထွားလာမည် ဖြစ် ပါသည်။ထိုအချိန်တွင် ကန်ဖော်ဖမ်းဆီးပြီး စျေးကွက်သို့ ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ပြီ ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Aung myo Oo
လွန်ခဲ့သော ၉ လ ကဆွေးနွေးချင်ပါတယ်
ဇလွန်သား
လွန်ခဲ့သော ၁ နှစ် ကငါးနဲ့ဖွဲနုရေားကြိတ်ပြီကျွေးလို့ရနိုင်မလားခဗျ
ဆက်စပ်မေးခွန်းများ
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
Win Min Htwe • ဖြေကြားချက် 2 ခု
မွေးမြူရေ
aung zin oo • ဖြေကြားချက် 0 ခု
ငါး.ဘယ်လိုပုံစံနဲ့မွေးမြူရမလဲဆိုတာသိချင်လို့ပါ
sawkyawshwe • ဖြေကြားချက် 0 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
Tun Wanna Kyaw • ဖြေကြားချက် 1 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ လမ်ညွှန်ပေးပါ ဧရာဝတီတိုင်း ဘိုကလေး ကပါ
ခိုင်ဇော် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....