ပြည်ပပို့ကုန် ရွှေနီ(ခေါ်) တီလားပီးယားအနီ မွေးမြူနည်း
တီလားပီးယားငါး၏ မူရင်းဒေသမှာ Sahara-African ဒေသခွဲဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ အာရှနိုင်ငံများတွင် လူကြိုက်များပြီး ထင်ရှားသောတီလားပီးယား ငါးမျိုးစိတ်များမှာ နိုင်းလ်တီလားပီးယား၊ မျိုးစပ်တီလားပီးယားဖြစ်သည့် တီလားပီးယားအနီ၊ မိုဇမ်ဘီကျူ့ (သို့) ဂျာဗားတီလားပီးယားနှင့် မျိုးစပ်တီလားပီးယားမျိုးတို့ဖြစ်ကြပြီး အထူးသဖြင့် အပူလျော့ပိုင်းနှင့် သမပိုင်းနိုင်ငံများတွင် မွေးမြူကြပါသည်။
ရွှေနီ(ခေါ်)တီလားပီးယားငါး၏ ခန္ဓာကိုယ်အရောင်မှာ အနီနှင့် လိမ္မော်စပ်ထားသည့် အရောင်ရှိသော်လည်း အခြားကွဲပြားခြားနားသည့်အရောင်များဖြစ်သောပန်းရောင်၊ အဖြူရောင်၊ အစက်အပြောက်များနှင့် မီးခိုရောင်စသည့်အရောင်များလည်း ရှိကြပါသည်။ ရွှေနီ(ခေါ်) တီလားပီးယားအနီမှာ တီလားပီးယားမျိုး ၃ မျိုးပေါင်းစပ်မှ ဖြစ်ပေါ်လာသော ငါးမျိုးစိတ်ဖြစ်ပါသည်။
ရွှေနီ(ခေါ်)တီလားပီးယားအနီ (Oreochromis sp)မွေးမြူ နည်း
ရွှေနီ(ခေါ်)တီလားပီးယားအနီကို ရေချိုနှင့်ရေချိုရေငန်စပ်ဒေသ(၂)မျိုးလုံးတွင် မွေးမြူနိုင်ပြီး ပြည်ပပို့ကုန်အဖြစ်တင်ပို့နိုင်ရန် ရည်ရွယ်မွေးမြူပါသည်။ ငါးလုပ်ငန်းဦးစီးဌာန နေရာအချို့တွင် စမ်းသပ်မွေးမြူထားပြီး ငါးသားပေါက်လိုအပ်သူများအနေဖြင့် ဆက်သွယ် ဝယ်ယူနိုင်ပါသည်။
မွေးမြူရာတွင် အရေးပါသော မြေနေရာရွေးချယ်ခြင်း
၁။ လမ်းပန်းဆက်သွယ်ရေးကောင်းပြီး စျေးကွက်ရှိသည့် နေရာများ။
၂။ ရေအလွယ်တကူရရှိနိုင်သည့် နေရာများ။
၃။ မြေလွတ်၊မြေလပ်များ၊ရေနက်ကွင်းများနှင့် စပါးစိုက်ပျိုးရန် မသင့်သော အခြားမြေများကို ရွေးချယ်သင့်ပါသည်။
မြေအမျိုးအစား
၁။ သဲဆန်သောမြေကို မရွေးချယ်သင့်ပါ။
၂။ မြေစေး(ရွှံ့စေး)ပေါများသော မြေအမျိုးအစားကိုသာ ရွေးချယ်ရပါမည်။ ၎င်းမြေသည် ရေထိန်းချုပ်မှုကောင်းမွန်သောကြောင့်ဖြစ်ပါသည်။
ရေအမျိုးအစား
၁။ ငါးကန်အတွက်လိုအပ်သောရေကို အလုံအလောက် အချိန်မရွေး ရရှိနိုင်သည့် မြစ်ချောင်း၊ ရေကန်၊ တူးမြောင်း စသည်တို့၏ အနီးအနားတွင် ရွေးချယ်သင့်ပါသည်။
၂။ ဂဝံမြေဖြစ်ပြီး ရေအချဥ်ဓာတ်ပေါက်နေသော်လည်း အောက်ခြေမြေသား၏ ချဥ်ဖန်နှုန်း ၅ အထက်ရှိပြီး ရေနေပါက ရွေးချယ်နိုင်ပါသည်။
၃။ ထုံးဓာတ်များသောရေသည် ပြုပြင်၍ရသော်လည်း ပြုပြင်စရိတ်ကြီးမားသဖြင့် စီးပွားရေးအရ တွက်ခြေမကိုက်နိုင်ပါ။
ငါးမွေးကန်အရွယ်အစား
၁။ ရွှေနီ(ခေါ်)တီလားပီးယားအနီမျိုးများအတွက် အနည်းဆုံး အလျားပေ ၁၀၀၊ အနံပေ ၁၀၀ ရှိသည့်ကန်များမှ ၂-၃ ဧက ကန်များအထိ မွေးမြူရန်သင့်လျော်ပါသည်။
၂။ တစ်နှစ်ပတ်လုံးရေအနက် ၄ ပေ ရှိရန်လိုအပ်ပါသည်။
၃။ ကန်ပေါင်ဖို့ရာတွင် ကန်နှုတ်ခမ်းမှ အတွင်းဘက်သို့ ၅ ပေခန့် ဆုတ်ပြီးမှ မြေဖို့သင့်ပါသည်။
၄။ မိုးများသည့်ဒေသများအတွက် ကန်ပေါင်ထိပ်မှ အောက် ၁၈ လက်မအကွာတွင် ရေလျှံပေါက်ထားရပါမည်။
၅။ ကန်ပေါင်ခိုင်မာစေရန် မြက်အပြည့်ကပ်ထားသင့်ပါသည်။
၆။ ရေနက်ကွင်းများတွင် မြေသားကျောက်ပြင်ကိုချန်၍ တူးဖော်ခြင်းဖြင့် ကန်တူးစရိတ် ပိုမိုသက်သာစေပါသည်။

ရေသြဇာဓာတ်ပြည့်ဝလာစေရန် ပြုပြင်ခြင်း
၁။ ကန်တွင်း၌ ရေခန်းခြောက်သည့်အချိန်တွင် ထုံးမှုန့်ကို ၁ ဧကလျှင် ကန်၏မြေအမျိုးအစားနှင့် မြေသားချဥ်ဖန်နှုန်းပေါ်မူတည်၍ ပိဿာ ၆၀ မှ ပိဿာ ၃၀၀ အတွင်း လိုအပ် သလို ဖြန့်၍ထည့်သွင်းပေးရန် လိုအပ်ပါသည်။
၂။ ထုံးသည်ကန်တွင်းရှိ အသားစားငါးနှင့် ပိုးမွှားများအား ရှင်းလင်းနိုင်ပြီး ကန်အောက်ခြေရှိ အချဥ်ဓာတ်ပေါက်နေမှုကိုလည်း ပျက်ပြယ်စေနိုင်ပါသည်။
၃။ ထုံးထည့်ပြီး ၂-၃ ရက်ခန့်အကြာတွင် နွားချေး၊ ကြက်ချေး၊ ဝက်ချေးစသည်တို့ကို ၁ ဧကကန်အတွက် တင်း ၁၅၀ ခန့် ဖြန့် ဖြူးထည့်ပေးရပါမည်။
၄။ ထို့နောက် ကန်အတွင်းသို့ ရေထည့်ပေးရပါမည်။
၅။ ၁ ပတ်ခန့်ကြာလျှင် ကန်ရေစိမ်းလာပြီး ငါးသားပေါက်များ ထည့်သွင်းမွေးမြူရန် သဘာဝအစာများ လုံလောက်စွာရရှိနေမည်ဖြစ်ပါသည်။
ငါးသားပေါက်ထည့်သွင်းနှုန်း
၁။ ရွှေနီ(ခေါ်) တီလားပီးယားအနီကို မွေးမြူရာတွင်ငါးအထီး၊ အမ သီးခြားစီခွဲ၍မွေးမြူခြင်းက ပိုမိုအကျိုးရှိစေနိုင်ပါသည်။
၂။ ငါးသားပေါက်များ ထည့်သွင်းမွေးမြူရာတွင် ၁ လက်မမှ ၂ လက်မအရွယ်ရှိ ငါးသန်များ(သို့မဟုတ်) ၄ လက်မမှ ၅ လက်မ အရွယ်ထိရှိသည့် ငါးဖြန်း(ခေါ်)နှစ်ချို့ငါးသားပေါက်များ ထည့်သွင်းမွေးမြူရပါမည်။
၃။ ၁ ဧကကန်အတွက် ငါးသားပေါက်ကောင်ရေ (၅၀၀၀)နှုန်းဖြင့် ထည့်သွင်းမွေးမြူနိုင်ပါသည်။
အစာကျွေးနှုန်း
၁။ မွေးမြူထားသောငါးများအတွက် ဖြည့်စွက်အစာအဖြစ် ဖွဲနု၊ ဂျုံ၊ ပဲဖတ်၊ နှမ်းဖတ်၊ဝါဖတ်၊ ပီလောပီနံ၊ ပဲနှစ် စသည်များကို ရောစပ်၍ အစာလုံးများပြုလုပ်ကာ ကျွေးမွေးနိုင်ပါသည်။
၂။ နေ့စဥ်ကန်အတွင်းရှိ စုစုပေါင်းငါးအလေးချိန်၏ အနည်းဆုံး ၅ ရာခိုင်နှုန်းရှိသော အစာများကို ကျွေးမွေးရပါမည်။
၃။ အစာများအား အလုံး၊ အဆုပ်များပြုလုပ်၍ အစာခြင်းများတွင် ထည့်ကာ ကျွေးမွေးသင့်ပါသည်။
ကြီးထွားနှုန်း
၁။ ၆ လကြာမွေးမြူသည့်အခါ ရွှေနီမျိုးများသည် ၁၅ ကျပ်သားမှ ၂၀ ကျပ်သားအထိ ကြီးထွားနိုင်ပါသည်။ ထိုအချိန်တွင် ငါးကြီးများအား ပိုက်ဖြင့် ဖမ်းဆီးရောင်းချနိုင်ပါသည်။
၂။ တစ်ပြိုင်နက်တည်းမှာပင် ကန်ထဲ၌ ရွှေနီငါးသားပေါက်များ အလုံအလောက်ကျန်ရှိနေမည် ဖြစ်ပါသည်။
၃။ ကန်ထဲတွင်ငါးသားပေါက်များ အလွန်များပြားနေပါက ၁ ဧကလျှင် ၅၀၀၀ နှုန်းချန်၍ ကျန်သားပေါက်များကို ဖမ်းဆီးဆယ်ထုတ်ပစ်ရန် လိုအပ်ပါသည်။ သို့မှသာ ကန်ထဲရှိငါးများအနေဖြင့် ၆ လ အရွယ်အတွင်း စျေးကွက်ဝင်သည့် ငါးအရွယ်အစားသို့ ကြီးထွားလာမည်ဖြစ်ပါသည်။
Ref: ငါးလုပ်ငန်းစခန်းတွင် သင်တန်းတက်ခဲ့စဥ်က မှတ်စုများ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ငါးမွေးမြူနည်း
သီဟသွင်
လွန်ခဲ့သော ၃ နှစ် ကဘယ်မှာဝယ်လို့ရလဲဗျ
ဆက်စပ်မေးခွန်းများ
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
Win Min Htwe • ဖြေကြားချက် 2 ခု
မွေးမြူရေ
aung zin oo • ဖြေကြားချက် 0 ခု
ငါး.ဘယ်လိုပုံစံနဲ့မွေးမြူရမလဲဆိုတာသိချင်လို့ပါ
sawkyawshwe • ဖြေကြားချက် 0 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
Tun Wanna Kyaw • ဖြေကြားချက် 1 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ လမ်ညွှန်ပေးပါ ဧရာဝတီတိုင်း ဘိုကလေး ကပါ
ခိုင်ဇော် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....