အစာကုန်ကျမှုသက်သာစေပြီး စီးပွားရေးအရတွက်ခြေကိုက်သော ရေချိုငါးများကိုရောစပ်မွေးမြူနည်း (အပိုင်း-၁)
ရေချိုငါးများကိုစီးပွားဖြစ်မွေးမြူရာတွင် ငါးတစ်မျိုးတည်းမွေးမြူခြင်းထက် ရော၍ မွေးမြူခြင်းက ပိုမိုကောင်းမွန်ပေသည်။ အဘယ်ကြောင့်ဆိုသော် ငါးတစ်မျိုးက မစားနိုင်သဖြင့် ကျန်ခဲ့သောအစာသည် အလဟဿ ဖြစ်မသွားဘဲ အခြားငါးတစ်မျိုးကစားသုံးမည်ဖြစ်ပါသည်။
ငါးများကိုရောနှောမွေးမြူရာတွင်လည်း လိုက်ဖက်ညီသောငါးမျိုးစုံကို ရောနှောမွေးမြူ ရပါသည်။ ငါးတစ်မျိုးတည်းကိုသာမွေးမြူမည်ဆိုပါက ကျွေးသောအစာ၏ တစ်စိတ်တစ်ဒေသကိုသာ စားသုံးသည်ဖြစ်၍ စီးပွားရေးအရတွက်ချေမကိုက်တော့ပေ။
ရောနှောမွေးမြူရာတွင်လည်း တစ်မျိုးနှင့်တစ်မျိုး ရန်မမူသောငါးမျိုးများကိုရော၍ မွေးမြူ နိုင်သလို အစားဓလေ့မတူညီသောငါးများနှင့် မတူညီသောနေရာများတွင် စားသောက်လေ့ရှိသော ငါးများ ကိုလည်း ရောနှော၍မွေးမြူသင့်၏။ နိုင်ငံအသီးသီးတွင် ရေမြေဒေသပတ်ဝန်းကျင်အလိုက် ရောနှော မွေးမြူခြင်းများ တူညီကြမည်မဟုတ်ပါ။
မြန်မာနိုင်ငံတွင်မူ အများဆုံးရောစပ်မွေးမြူလေ့ရှိသည့် ငါးများမှာ ငါးကြင်း၊ ငါးမြစ်ချင်း (ငါးမျက်ဆန်နီ) နှင့် ငါးသိုင်းခေါင်းပွ(ငါးခေါင်းပွ)တို့ ဖြစ်ကြသည်။
ငါးများကို အမျိုးအစားအလိုက် ကန်တွင်း၌ရောနှော မွေးမြူလိုလျှင် အချိုးအစားမှာ-
ငါးကောင်ရေ ၁၀၀ မွေးလျှင်
ငါးမြစ်ချင်း(ငါးမျက်ဆန်နီ)- ၃၀ ကောင်
ငါးသိုင်းခေါင်းပွ(ငါးခေါင်းပွ)- ၃၀ ကောင်
ငါးကြင်း - ၄၀ ကောင်နှုန်းထား၍ မွေးရပါသည်။ အချိုးအစားမှာ ၃:၃:၄ ဖြစ်ပါသည်။
ဤအချိုးအစားအတိုင်းမွေးလျှင်ကြီးထွားနှုန်းမှာ အမြင့်ဆုံးရရှိနိုင်သည်ဟု ဆိုကြသည်။ ဤနည်းမှာ ရေအောက်တွင်ကျက်စားလေ့ရှိသော ငါးကြင်းကို အဓိကထား၍ မွေးမြူသောနည်းဖြစ် ပါသည်။

ငါးများကို ရောစပ်မွေးမြူလျှင် ၁ဧကကျယ်သောကန်တွင် ငါးကောင်ရေ ၃၀၀၀ မွေးမြူပါက အကောင်းဆုံးဖြစ် သည်။
ငါးကြင်းကို အဓိကထားဦးစားမပေးဘဲ ရေလယ်တွင် ကျက်စားသောငါးမြစ်ချင်း (ငါးမျက်ဆန်နီ) ကို အဓိကထား ဦးစားပေးမွေးမြူသော အချိုးအစားလည်းရှိပါသည်။
တစ်ဧကရှိသည့်ကန်တွင် ထည့်ရမည့်ငါးကောင်ရေ ၃၀၀၀ တွင်
ငါးမြစ်ချင်း(ငါးမျက်ဆန်နီ)- ၂၂၀၀ ကောင်
ငါးကြင်း - ၆၀၀ ကောင်
ငါးသိုင်းခေါင်းပွ(ငါးခေါင်းပွ)- ၂၀၀ ကောင်ကို ရောစပ်၍လည်း မွေးကြ၏။
ရေပေါ်တွင်ကျက်စားလေ့ရှိသော ငါးသိုင်းခေါင်းပွ (ငါးခေါင်းပွ)ကို အဓိကထား ဦးစားပေး မွေးမြူလိုပါက ၄င်းငါးကို ကောင်ရေများများထည့်ပြီး ကျန်ငါးများကိုလျော့နည်းထည့် နိုင်ပါသည်။
ငါးမွေးမြူရာတွင် ပုံသေမထားဘဲ ဒေသအခြေအနေ အရ ငါးများကို သင့်လျော်သလို ဦးစားပေး အဓိကထားကာ အလွယ်တကူရနိုင်သော ငါးများကို များများထည့်၍ မွေးမြူကြရပါသည်။
အထက်မြန်မာပြည်တွင် ငါးခေါင်းပွ(ခေါ်) ငါးသိုင်း ခေါင်းပွမှာ ရှားပါးသဖြင့် ရေပေါ်တွင် ကျက်စားလေ့ရှိသော တီလားပီးယားငါးနှင့် ရောစပ်မွေးကြပါသည်။
ရေအောက်ငါးအဖြစ် ရွှေဝါငါးကြင်း၊ငါးကြင်းဖြူ၊ ရေလယ်ငါးအဖြစ် ငါးမြစ်ချင်း၊ရေပေါ်ငါးအဖြစ် တီလားပီးယားဟုသတ်မှတ်ပြီးမွေးမြူကြပါသည်။ တီလားပီးယားငါးသည် ရေပေါ်သာမက ရေလယ် ရေအောက်၌လည်း ကျက်စားတတ် ပါသည်။ ထိုကဲ့သို့ ရေအလွှာမျိုးစုံ၌ ကျက်စားတတ်သဖြင့် အကျိုးအမြတ်ရှိသည်။
အရင်းအနှီးကောင်းစွာမလုံလောက်သော မွေးမြူရေး သမားများအနေဖြင့် တီလားပီးယားငါးကို တခြားငါးများနှင့် ရော၍မွေးမြူသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော်တီလားပီးယားငါးမှာ အကောင် ပေါက်မြန်၊ အပွားမြန်သောငါးဖြစ်ပြီး စျေးကွက်တွင် နေရာရနေသော ငါးတစ်မျိုးလည်း ဖြစ်သောကြောင့် နေ့စဥ် ပေါပေါများများ ဖမ်းဆီးရောင်းချနိုင်ပါ သည်။
မွေးမြူရေးသမားများအတွက် အခက်ခဲဆုံးပြဿနာမှာ ငါးများကို စံချိန်မီ နေ့စဥ်ကျွေးမွေးစရိတ်ပင် ဖြစ်ပါသည်။ ထိုနေ့စဥ်ငါးစာကျွေးမွေးစရိတ်ကို တီလားပီးယားငါးများ ရောင်းရငွေက အထောက်အကူ များစွာဖြစ်ကြောင်း တွေ့ရပါ သည်။
အထက်မြန်မာပြည်၌ တီလားပီးယားငါးနှင့် ရောစပ် မွေးမြူသောကန်ကို တစ်ဖက်စောင်းတူး ထားကြပါသည်။ ဆိုလိုသည်မှာ တစ်ဖက်သို့ ဆင်ခြေလျှောတူးပြီး ရေတစ်ဖက်အနက်မှာ ၆ပေ ရှိလျှင် ရေတစ်ဖက် အနက်မှာ ၄ပေ သာရှိပါ သည်။
ကန်ပေါင်၏အောက်ခြေမှာ ၂၅ ပေကျယ်၍ ၅ပေအမြင့်ထိပ်သို့ တဖြည်းဖြည်းစု၍ ဖို့ထားသည်။ ကန်ပေါင်ထိပ်အကျယ်မှာ ၁၀ ပေသာ ရှိပါသည်။
ထိုကန်အတွင်းတွင် ရွှေဝါငါးကြင်း၊ ငါးကြင်းဖြူ၊ ငါးမြစ်ချင်း၊ ငါးသိုင်းနှင့် တီလားပီးယားငါးတို့ ရောစပ်၍ မွေးမြူခြင်း ဖြစ်ပါသည်။
ဒေသအခြေအနေ ရေမြေအနေအထားအလိုက် ကြီးထွားနှုန်းကိုလေ့လာပြီး သင့်သလိုအချိုးအစား ထည့်၍ မွေးမြူရပါသည်။
Ref: ငါးလုပ်ငန်းစခန်းတွင် လေ့လောသင်ယူခဲ့သော အချက်အလက်များ။
(အပိုင်း-၂ တွင် “ရောနှောမွေးမြူထားသော ငါးများကို စနစ်တကျ အစာကျွေးနည်း” အကြောင်းကို ဖော်ပြပေးပါ မည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ငါးမွေးမြူနည်း
ဆက်စပ်မေးခွန်းများ
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
Win Min Htwe • ဖြေကြားချက် 2 ခု
မွေးမြူရေ
aung zin oo • ဖြေကြားချက် 0 ခု
ငါး.ဘယ်လိုပုံစံနဲ့မွေးမြူရမလဲဆိုတာသိချင်လို့ပါ
sawkyawshwe • ဖြေကြားချက် 0 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
Tun Wanna Kyaw • ဖြေကြားချက် 1 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ လမ်ညွှန်ပေးပါ ဧရာဝတီတိုင်း ဘိုကလေး ကပါ
ခိုင်ဇော် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....