ရွှံ့ကဏန်း(Mud Crab)များကို စီးပွားဖြစ်မွေးမြူနည်း အပိုင်း-၂
(ဃ) ဒီရေတောနေရာများတွင် ခြံဖြင့်စီးပွားဖြစ် မွေးမြူခြင်း
• ရွှံ့ကဏန်းများကို ဒီရေတောများအနီးတွင် ခြံဖြင့်မွေးမြူပါက ခြံများအား ဒေသတွင်း ပေါက်သည့် ဝါးခြမ်းများ(သို့မဟု တ်) ကွမ်းသီးပင်တိုင်များ(သို့မဟုတ်) ကြိမ်များဖြင့် ပြုလုပ်နိုင်ပါသည်။
• ထိုကဲ့သို့ပြုလုပ်ခြင်းသည် ကဏန်းများအား ထိန်းသိမ်းနိုင်ရန်နှင့် ပြင်ပမှသားရဲတိရစ္ဆာန်များရန်မှ ကင်းဝေးရန်အတွက် မြေကြီးထဲသို့ ၁ - ၁.၅ မီတာဝင်နေရန် လိုအပ်ပါသည်။
• စီမံခန့်ခွဲရမည့်နေရာအကျယ်အဝန်းသည် ၁၀၀-၁၅၀ sq.m ရှိရမည်ဖြစ်သည်။
• ခြံအတွင်းတွင် အကျယ် ၀.၃-၀.၉ မီတာနှင့် ၀.၃ မီတာရှိသည့် ကျင်းအား တူးဖော်ရန် လိုအပ်သည်။
• ခြံအလယ်တွင် စိုက်ပျိုးထားသည့် ဒီရေတောပင်များသည် ကဏန်းများအတွက် အရိပ်ရစေပါ သည်။
• ခြံအတွင်း၌ အလေးချိန် ၁၀၀ ဂရမ်ရှိသည့် ကဏန်းကောင် ရေ စုစုပေါင်းအရေအတွက် ၁၀၀၀ မှ ၁၅၀၀ အထိ မွေးမြူနိုင်ပါသည်။
• ကဏန်းများအား တစ်နေ့လျှင် ၁ကြိမ်၊ ဒီရေတက်သည့်အချိန်တွင် တန်ဖိုးနည်းငါးများ၊ ယောက်သွားများ၊ ဂုံးကောင်များ၊ ခရုများ အစရှိသည်တို့ကို ကျွေးမွေးနိုင်ပါသည်။
• ကဏန်းများအား ၄လမှ ၇လ ကြာပြီးနောက် ဖမ်းဆီးရ မည်ဖြစ်သည်။
• ကဏန်းများအား ၄င်းတို့၏အလေးချိန် ၄၀၀ ဂရမ်(သို့မဟုတ်)ကျော်လွန်လာပါက ရွေးချယ်၍ ဖမ်းဆီးရမည်ဖြစ်သည်။
• ၄င်းစနစ်သည် သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမှုရှိသည့်တိုင် ရှင်သန်မွေးမြူနိုင်သည့်နှုန်းသည် ၄၇-၅၀% သာရှိနိုင်သည်။
• ဆုံးရှုံးမှုများဖြစ်ပေါ်ရခြင်းမှာ အချင်းချင်းစားသောက်ခြင်း (Cannibalism)နှင့် လွတ်မြောက် ထွက်ပြေးသွားခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ပေါ်ခြင်းမှ ကင်းဝေးရန်အတွက် အနည်းငယ် မွေးမြူခြင်းသည်သာ ဖြေရှင်းသည့်နည်းလမ်းတစ်ခု ဖြစ်နိုင် သည်။ 
(င)လှောင်အိမ်ဖြင့် မွေးမြူခြင်း (Suspended (သို့မဟုတ်) Fixed type)
၁။ လှောင်အိမ်တည်ဆောက်ပုံ
• ကဏန်းများ အသားတိုးလာစေရန်အတွက် cell ပုံစံရှိ သည့် ကြိမ်ဖြင့်ပြုလုပ်ထားသည့် လှောင်အိမ် အရွယ်အစား အလျားxအနံxအမြင့်(1m x1m x 20 cm )ဖြင့်ပြုလုပ်၍ ညီမျှ သည့်အကန့် ၉ခု ခွဲဝေ မွေးမြူနိုင်ပါသည်။
• ၄င်းတို့တွင် အဖုံးတစ်ခုစီထားရှိခြင်းဖြင့် ကဏန်းများမထွက်ပြေးနိုင်ရန် ထားရှိရမည်ဖြစ်သည်။
• ရေများလှောင်အိမ်ထဲသို့ လွယ်ကူစွာဝင်ရောက်နိုင်ရန်အထက်ပိုင်းရှိ ကြိမ်များ၏ကြားတွင် 5 mm ရှိသည့် အပေါက် များထားရှိရမည်ဖြစ်ကာ လှောင်အိမ်များဘေးတွင် 2.5 cm ရှိသည့် အပေါက် များ ထားရှိရမည်ဖြစ်သည်။
• လှောင်အိမ်၏အောက်ဘက်တွင်မူ ကဏန်းများလွယ်ကူစွာ ရွေ့လျားနိုင်စေရန်အတွက် အပေါက်များထားရှိရန် မလိုအပ် ပါ။
၂။ထည့်သွင်းမွေးမြူခြင်းနှင့် လှောင်အိမ်များအတွင်း အစာကျွေးခြင်း
• ကဏန်းတစ်ကောင်စီအား လှောင်အိမ်အတွင်းရှိ အကန့်တစ် ခုစီမှာ ထားရှိရမည်ဖြစ်သည်။
• ထိုသို့ပြုလုပ်ခြင်းဖြင့် square meter အကျယ်အဝန်း e.g.9 crabs/m² ရှိသည့်နေရာတွင် ကဏန်းအကောင်အရေအတွက် များစွာ ဝဖြိုးလာနိုင်မည်ဖြစ်သည်။
• နေရာဒေသပေါ်မူတည်၍ အစာကျွေးသည့်အခါတွင် တန်ဖိုးနည်းငါးများ၊ ယောက်သွား၊ ဂုံးကောင်များနှင့် အခြားအစာများအား ကျွေးမွေးနိုင်ပါသည်။
၃။ လှောင်အိမ်များအား နေရာချထားခြင်း
• ၄င်းလှောင်အိမ်များကို ဖောင်များပေါ်မှတဆင့် မျော၍ ပင်လယ်အော်များ၊ မြစ်ချောင်းများရှိ ရေသေနေသော အပိုင်းများ(သို့) ဒီရေတောအပင်များပေါက်ရောက်သည့် နေရာများမှာ ထားရှိ နိုင်ပါသည်။
• ၄င်းလှောင်အိမ်များကို ရေသေချောင်းများ(သို့)ပင်လယ်ကမ်းရိုးတန်းများ(သို့)ဒီရေတောပင်များ ပေါက်သည့်နေရာများ တွင် ထားရှိနိုင်ပါသည်။
• ၄င်းလှောင်အိမ်များအား အထဲတွင် အခန်းငယ်များထားရှိ ခြင်းမပြုဘဲ မွေးမြူရမည်ဖြစ်သည်။
• ထိုသို့လုပ်ဆောင်ခြင်းကြောင့် အချင်းချင်းစားသောက်ခြင်း (Cannibalism)မှ ကင်းဝေးကာ ရှင်သန်မှုနှုန်း ကောင်းစေမည် ဖြစ်သည်။
၄။ လှောင်အိမ်များအား ထိန်းသိမ်းမှု လုပ်ဆောင်ခြင်း
• လှောင်အိမ်များအတွင်း ရေများအလွယ်တကူစီးဆင်းနိုင် စေရန်အတွက် brush(ဘရပ်ရှ်) များဖြင့် အကြိမ်များစွာတိုက် ၍ သန့်စင်ပေးပါ။
• သံများအား လှောင်အိမ်များအတွင်း အသုံးပြုမည်ဆိုပါက ပင်လယ်ရေမှာကြာရှည်အသုံးခံနိုင်သည့် anodized MS/ copper/ SS သံများကို အသုံးပြုပါ။
• လှောင်အိမ်များအတွင်း ပျက်စီးမှုဖြစ်ပေါ်ပါက ချက်ချင်းပြုပြင်ပါ။
• မပြင်းထန်သည့် ရေစီးကြောင်းရှိသည့်အချိန်တွင် လှောင်အိမ်များအား ရေထဲသို့ထားရှိပါ။
• ရေမှော်ပင်များအား ကဏန်းများပေါ်တွင် တွေ့ရှိပါက ၄င်းတို့အား brush(ဘရပ်ရှ်)များဖြင့် သန့်စင်ပေးပါ။
မှီငြမ်း-ငါးလုပ်ငန်းဦးစီးဌာနတွင် သင်တန်းတက်ခဲ့စဥ်က လေ့လာသင်ယူခဲ့သော အချက်အလက်များ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Lin young chi
လွန်ခဲ့သော ၃ နှစ် ကအခုလို သိရလို့ကျေးဇူးပာနော်
Lin young chi
လွန်ခဲ့သော ၃ နှစ် ကဒါမဲ့ ရေကျသွားတော့ ကဏန်းမွေးတဲ့ဖောင်က လတ်တာ ပေါ်တင်ကျန်ခဲ့လို့ အဆင်ြေပပမလား
ဆက်စပ်မေးခွန်းများ
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
Win Min Htwe • ဖြေကြားချက် 2 ခု
မွေးမြူရေ
aung zin oo • ဖြေကြားချက် 0 ခု
ငါး.ဘယ်လိုပုံစံနဲ့မွေးမြူရမလဲဆိုတာသိချင်လို့ပါ
sawkyawshwe • ဖြေကြားချက် 0 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
Tun Wanna Kyaw • ဖြေကြားချက် 1 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ လမ်ညွှန်ပေးပါ ဧရာဝတီတိုင်း ဘိုကလေး ကပါ
ခိုင်ဇော် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026