အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သမုဒ္ဒရာတွေကျန်းမာဖို့  လူသားတွေ စည်းကမ်းရှိစို့

သမုဒ္ဒရာတွေကျန်းမာဖို့  လူသားတွေ စည်းကမ်းရှိစို့

ဦးဇော်(dof)
ဦးဇော်(dof) • 11/01/2022

လူသားတွေအတွက် အစားအသောက်၊ အပန်းဖြေမှုနဲ့ ဆေးဝါးတွေကို ထုတ်လုပ်ပေးနေတဲ့ သမုဒ္ဒရာကြီးတွေက အခုတော့ ပလတ်စတစ်အမှုန်တွေနဲ့ ကျန်းမာရေးမကောင်းဘူးဖြစ်နေပါတယ်။ ဖျားနာနေတဲ့သမုဒ္ဒရာကြီးက လူသားတွေအတွက် ဆိုးကျိုးများစွာကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

ဥပမာပြောရရင် ရောဂါပိုးမွှားတွေကို ဖန်းတီးပေးတယ်၊ ရေထုညစ်ညမ်းမှုကို ဖြစ်စေတယ်၊ ရေညှိအဆိပ်သင့်မှုကို ဖြစ်လာစေတယ်။ အဲ့ဒါတွေက လူသားတွေရဲ့ကျန်းမာရေးကို ထိခိုက်လာစေတာပေါ့။ သမုဒ္ဒရာဆိုတာ ကုန်းပေါ်က လူသားတွေ စွန့်ပစ်တဲ့အမှိုက်တွေကို နောက်ဆုံးလက်ခံတဲ့နေရာဖြစ်တော့ နှစ်စဉ်လူသားတွေ လွှင့်ပစ်လိုက်တဲ့ အမှိုက်တွေ စုပုံနေတော့တာပေါ့။

ကမ္ဘာဂြိုဟ်ပေါ်မှာရှိတဲ့ သက်ရှိ၈၀% လောက်က သမုဒ္ဒရာထဲမှာ နေထိုင်တာပါ။ အဲ့ဒီ သက်ရှိတွေ အဆိပ်သင့်လာပြီဆိုရင် ကုန်းနေသတ္တဝါတွေဆီကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ရောက်လာတော့တာပါပဲ။ ရေမှာပေါက်ပွားတဲ့ ကူးစက်ရောဂါတွေနဲ့ ရေညှိအဆိပ်သင့်မှုက ပင်လယ်စာတွေကို သေချာပေါက် တိုက်ရိုက်ထိတွေ့မှု ဖြစ်နေပါတယ်။ အဲ့ဒီအထဲမှာ ဓာတုအဆိပ်ရည်တွေကိုပါ သမုဒ္ဒရာထဲစွန့်ပစ်တော့ ပိုပြီး ဆိုးဝါးတဲ့ရလဒ်တွေကို ဖြစ်စေတော့တာပေါ့။

ကမ္ဘာကြီး ပူနွေးလာမှုက ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကိုဖြစ်စေပါတယ်။ ပင်လယ်ကမ်းခြေဒေသနေ လူ့အဖွဲ့အစည်းကိုတိုက်ရိုက် ထိခိုက်လာပါတယ်။ ကမ်းခြေဒေသဆိုတာက ကုန်းပေါ်ကစိုက်ပျိုးရေးလုပ်ငန်းမှာသုံးတဲ့ ပိုးသတ်ဆေးတွေ၊ အပင်ကျွေး ဓာတုအဟာရတွေ စုပုံနေတဲ့နေရာပါ။ အဲ့ဒီ ပိုးသတ်ဆေးတွေနဲ့ ဓာတုဆေးဝါးပျော်ရည်တွေက ပင်လယ်ရေမြင့်တက်လာချိန်မှာ ကမ်းခြေဒေသကို ဆားငံရေတွေနဲ့ ပြန်လည်ဝင်ရောက်လာပါတယ်။ မမျှော်လင့်ထားတဲ့ ကျန်းမာရေးဆိုးကျိုးတွေကို လူတွေခံရပြန်ပါတယ်။

 ရေတွေပြန်ကျသွားတော့လည်း ဓာတုဆေးဝါးတွေကြောင့်ဓာတ်တိုးပြီး အောက်စီဂျင်ကင်းမဲ့တဲ့ ရေတွေကြောင့် ရေနေသက်ရှိတွေကို ထိခိုက်မှုကြုံရပြန်ပါတယ်။ စက်ရုံတွေ စက်မှုလုပ်ငန်းတွေက စွန့်ပစ်လိုက်တဲ့ ဓာတုပျော်ရည်တွေကတော့ သမုဒ္ဒရာကြီး နေမကောင်းအောင်လုပ်တဲ့နေရာမှာ အဆိုးဆုံးပါပဲ။

ကမ္ဘာပေါ်မှာ ပစ္စိဖိတ် အနောက်မြောက်ပိုင်း၊ အိန္ဒိယသမုဒ္ဒရာအနောက်ပိုင်း၊ အတ္တလန်တိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်း နေရာတွေပဲ ကျန်းမာရေးအကောင်းဆုံး ကျန်တော့ပါတယ်လို့ နောက်ဆုံး ပြုစုထားတဲ့ သုတေသနက ဆိုလိုက်ပါတယ်။

Source:  Seven sea media.

 

 

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။