ဆပ်မျိုးများကွာခြားပုံနှင့် စိုက်ပျိုးနည်း
ဆပ်ကို မြန်မာနိုင်ငံ၌ တောင်တန်းဒေသများတွင် အဓိကစိုက်ပျိုးကြသည်။ မြေပြန့်ဒေသများ၌မူ အနည်းငယ်သာစိုက်ပျိုးကြသည်။ ဆပ်မျိုးများမှာ ဆပ်နီ၊ ကုလားဆပ်၊ ပုလဲဆပ်၊ ခွေးမြီးဖြူ/နီနှင့် ဆပ်ကလေးဟူ၍ (၅) မျိုးရှိသည်။
ဆပ်နီ
တောင်ပေါ်ဒေသများတွင် အများအပြားစိုက်ပျိုးကြပြီး မြေပြန့်ဒေသများတွင် မိုးနည်းရေရှားခြောက်သွေ့သောနေရာများတွင် အနည်းငယ်စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် မိုးဦးရာသီတွင် မြေကိုထွန်ယက်ပြီး ပျိုးဘောင်ပြုလုပ်၍ ပျိုးထောင်ရမည်။ ပျိုးပင်အသက်ရက် (၃၀) ခန့်တွင်ပြောင်းရွှေ့စိုက်ပျိုးရမည်။ သို့မဟုတ်ပါက ပျိုးမကောင်းပဲ တိုက်ရိုက်မျိုးစေ့ချ၍ စိုက်ပျိုးနိုင်သည်။ စိုက်ကြောင်းများကို (၁၅) လက်မအကွာဆွဲ၍ တိုက်ရိုက်မျိုးစေ့ချပြီး ကြမ်းတုံးဖြင့် မြေပြန်ဖုံးပေးရမည်။
တစ်ဧကလျှင် မျိုးစေ့(၂)ပြည်ခန့်အသုံးပြုရပြီး အပင်အမြင့်မှာ (၄-၅) ပေခန့်ရှိသည်။ ထိပ်ဖျားတွင် လက်ချောင်းများကဲ့သို့ (၄-၅) ချောင်းရှိ အနှံထွက်သည်။ သက်လျင်မျိုးကို စက်တင်ဘာလ၊ အောက်တိုဘာလတွင် ရိတ်သိမ်းရမည်။ ရိတ်သိမ်းရာတွင် အနှံများကို တံစဉ်ဖြင့် ဖြတ်ယူပြီး နေလှမ်းရမည်။ ခြောက်သွားပါက နွားဖြင့်နယ်၍ အစေ့ထုတ်ယူရမည်။ အစေ့များကို ဆန်ဖွတ်သကဲ့သို့ ဖွတ်ပြီး ဖြူစင်အောင်ပြာရမည်။ တစ်ဧက (၈-၁၂) တင်းခန့်ထွက်ရှိသည်။
ကုလားဆပ်
အထက်မြန်မာနိုင်ငံအပူပိုင်းဇုန်တွင်စိုက်ပျိုးကြပြီး အပင်အမြင့်မှာ (၆-၇) ပေခန့်ရှိသည်။ အပင်ထိပ်ဖျားတွင် အနှံလုံးတံထွတ်ပြီး အစေ့များပါရှိသည်။ ဆူးနှင့်တူသော အမွေးများပါရှိသည်။ ရင့်မှည့်ပါက အနှံကိုဖြတ်ပြီး နေလှမ်းရမည်။ ခြောက်သွေ့သွားပါက နွားနှင့်နယ်၍ အစေ့ကိုထုတ်ယူရမည်။ အစေ့ကို ဆန်ဖွတ်သကဲ့သို့ဖွတ်၍ ပြာစင်ပြီး ထမင်းအဖြစ်လည်းကောင်း၊ အမှုန့်ကြိတ်၍ ကိတ်မုန့်၊ ပေါင်မုန့်၊ မုန့်ဆီကြော်အဖြစ်လည်းကောင်း ပြုလုပ်စားသောက်ကြသည်။
ပုလဲဆပ်
အပင်အမြင့် (၁၀-၁၂) ပေခန့်ရှိပြီး အပင်ထိပ်ဖျားမှ အနှံလုံးတံထွက်၍ အစေ့များပါရှိသည်။ မိုးဦးကျတွင် စိုက်ပျိုးရပြီး စက်တင်ဘာလတွင် ရင့်မှည့်သည်။ ထို့ကြောင့် အသက်ရက်မှာ (၁၂၀)ခန့်ဖြစ်သည်။ စိုက်တန်းအကွာအဝေးမှာ (၁၅) လက်မနှင့် အပင်အကွာအဝေး (၄) လက်မခန့်ထားသင့်သည်။ တစ်ဧကမျိုးစေ့နှုန်းထားမှာ (၂) ပြည်နှင့် အထွက်နှုန်းမှာ (၅-၈) တင်းခန့်ဖြစ်သည်။ ရိတ်သိမ်းနယ်လှေ့ခြင်းမှာ အခြားဆပ်မျိုးများနှင့် အတူတူပင်ဖြစ်သည်။
ခွေးမြီးဖြူ/နီ
ကုန်းမြင့်ဒေသခြောက်သွေ့သောမြေများတွင် ပို၍ဖြစ်ထွန်းသည်။ အပင်အမြင့်မှာ (၄-၅) ပေခန့်ရှိပြီး အပင်ထိပ်ဖျား၌ အနှံလုံးတံထွက်၍ အစေ့များပါရှိသည်။ အစေ့များရင့်မှည့်သောအခါ အနှံမှာအောက်သို့ ငိုက်၍ကျသည်။ မေလနှင့်ဇွန်လတို့တွင် စိုက်ပျိုးပြီး စက်တင်ဘာလ၊ အောက်တိုဘာလတို့တွင် ရိတ်သိမ်းရသည်။
ဆပ်ကလေး
မြန်မာနိုင်ငံအနောက်ပိုင်းတို့တွင် ကျယ်ပြန့်စွာ စိုက်ပျိုးကြသည်။ ရင့်မှည့်သောအခါ အနှံခက်သည် အောက်သို့ငိုက်ကျသည်။
နည်းပညာများကို အောင်ဝင်းထွဋ်၏ "လယ်ယာသီးနှံစိုက်ပျိုးနည်း" စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....