ဆီအုန်း စိုက်ပျိုးခြင်း
ဆီအုန်းပင်သည် အပူပိုင်းဒေသများတွင် စိုက်ပျိုးသော အပင်ဖြစ်ပြီး အဓိကအားဖြင့် စက်မှုသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ဆီအုန်းပင်များကို များသောအားဖြင့် မြေဧရိယာ ကျယ်ကျယ်တွင် တစ်စုတစ်စည်းတည်း စိုက်ပျိုးကြပါသည်။ ယနေ့အချိန်၌ ဆီအုန်းကို ကမ္ဘာတစ်ဝန်းတွင် စားသုံးနေကြပါသည်။ မြန်မာနိုင်ငံ၏ လူဦးရေမှာ သန်း ၅၀ ကျော်ရှိပြီး လူတစ်ဦးချင်း၏ နှစ်စဥ်ဆီ စားသုံးမှုမှာ ၉.၃ ကီလိုဂရမ်ရှိပါသည်။ မြန်မာနိုင်ငံ ဆီစားသုံးမှု စုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းသော ဆီ အမျိုးအစားမှာ ဆီအုန်း ဖြစ်ပါသည်။ ဆီအုန်းကို မြန်မာနိုင်ငံအောက်ပိုင်း ဒေသရှိ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် အများဆုံးစိုက်ပျိုး ကြပါသည်။
ဆီအုန်းပင်၏ သွင်ပြင်လက္ခဏာများ
ဆီအုန်းပင်သည် ပျမ်းမျှ အပင်အမြင့် ၉၈ ပေရှိပြီး အရွက်၏ အလျားမှာ ၂၃ ပေခန့်ရှိပါသည်။ ဆီအုန်းပင်သည် တစ်ပင်တည်းပေါ်တွင် အဖိုပန်းခိုင်နှင့် အမပန်းခိုင် တို့သည် သီးခြားစွာရှိနေကြပါသည်။ ဆီအုန်းပင်မှာ လေနှင့် အင်းဆက် စသည်တို့ဖြင့် ပင်ခြား ဝတ်မှုံကူးလေ့ရှိပါသည်။
ရာသီဥတု
ဆီအုန်းစိုက်ပျိုးရန်အတွက် အသင့်တော်ဆုံး အပူချိန်မှာ ၂၇ - ၂၈ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါသည်။ အပူချိန် ၁၅ - ၁၈ ဒီဂရီ စင်တီဂရိတ် အောက်ရောက်ပါက အပင်ကြီးထွားမှု ရပ်တန့်သွားပြီး ရှင်သန်နိုင်စွမ်း လျော့ကျသွားမည် ဖြစ်ပါသည်။ ဆီအုန်းပင်သည် နှစ်စဥ်မိုးရေချိန် ပျမ်းမျှ ၇၂ လက်မရှိသော ဒေသများတွင် ကောင်းစွာရှင်သန် ကြီးထွားနိုင်ပါသည်။
မြေဆီလွှာ
ဆီအုန်းပင်ကို မြေပြန့်ဒေသရှိ ရေစိမ့်ဝင်မှု ကောင်းမွန်ပြီး ရေထိန်းစွမ်းအား ကောင်းသော နှုန်းနှင့် သဲနှုန်းဆန်သော မြေများတွင် အဓိက စိုက်ပျိုးနိုင်ပါသည်။ ဆီအုန်းပင် အတွက် အသင့်တော်ဆုံး မြေချဥ် ငံကိန်း ၅.၅ မှ ၆.၅ အတွင်း ဖြစ်ပါသည်။
မြေပြင်ခြင်း
ဆီအုန်း စိုက်ပျိုးရန်အတွက် မြေပြင်ရာတွင် မုတ်သုံရာသီ အကုန် နိုဝင်ဘာမှ ဖေဖော်ဝါရီ အတွင်း မြေပြင်ကြပါသည်။ စိုက်ပျိုးမည့် မြေနေရာ သတ်မှတ်ပြီးနောက် ပေါင်းမြက်ရှင်းလင်းခြင်း၊ အပင်အဟောင်းများ ခုတ်ထွင်ရှင်းလင်းခြင်း စသည်တို့ ပြုလုပ်ကြပါသည်။ ထို့နောက် အပင် ရွှေ့ပြောင်းမစိုက်ခင် ၆ ပတ်ခန့် ကတည်းက ၂ ပေခွဲခန့်ရှိသော သုံးနားညီတြိဂံပုံစံ ကျင်းများ တူးထားရန် လိုအပ်ပါသည်။
ပျိုးထောင်ခြင်း
အပူချိန် ၃၀ မှ ၄၀ ဒီဂရီ စင်တီဂရိတ်ရှိသော နေရာတွင် ရက်ပေါင်း ၈၀ ခန့်အထိ အစိုဓာတ် ပေးပြီး အညှောင့် ဖောက်ရမည်ဖြစ်ပါသည်။ အညှောင့် ပေါက်လာသော အပင်ငယ်လေးများကို အရွက် ၄ ရွက်မှ ၅ ရွက်ထွက်သည် အထိ ပျိုးဗန်း (သို့မဟုတ်) ပျိုးပေါင်တွင် ထားရမည် ဖြစ်ပါသည်။ ပျိုးပင် သက်တမ်း သက်တမ်း ၁၂ လမှ ၁၅ လ ရောက်မှသာ ရွှေ့ပြောင်း စိုက်ပျိုးရမည် ဖြစ်ပါသည်။
စိုက်ပျိုးခြင်းနှင့် ရေသွင်းခြင်း
ဆီအုန်းပင် စိုက်ပျိုးရာတွင် ဇွန်လနှင့် ဒီဇင်ဘာလ အတွင်း စိုက်ပျိုးခြင်းက အကောင်းဆုံးဖြစ်ပါသည်။ စိုက်ပျိုးရာတွင် အခြား သီးနှံများနှင့် အတူရောကာ သီးညှပ်စိုက်ပျိုးခြင်းဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။ မြေဆီသြဇာ ကောင်းသော မြေတွင် စိုက်ပျိုးပါက (၃၀×၃၀×၃၀) ပေ (တြိဂံပုံစံ) စိုက်ပျိုးပါက ၁ ဧကလျှင် အပင်ဦးရေ ၅၆ ပင် ဝင်ဆန့်မည် ဖြစ်ပါသည်။ (၂၈×၂၈×၂၈) ပေ (တြိဂံပုံစံ) စိုက်ပျိုးပါက ၁ ဧကလျှင် အပင်ဦးရေ ၆၅ ပင် ဝင်ဆန့် မည် ဖြစ်ပါသည်။ ရေလိုအပ်ချက်မှာ အပင်သက်တမ်း ၃ နှစ် နှင့်အထက် ဆိုပါက ရေလုံလုံလောက်လောက် သွင်းပေးရန် လိုအပ်ပါသည်။ တစ်ရက်လျှင် ရေပမာဏ အနည်းဆုံး လီတာ ၁၅၀ မှ ၂၀၀ ထိ သွင်းပေးရန်လိုအပ်ပါသည်။ ရေအစက်ချ စနစ်ဖြင့် လည်း ရေပေးသွင်းမှုများလည်း ပြုလုပ်နိုင်ပါသည်။
မြေသြဇာ ကျွေးခြင်း
အပင်သက်တမ်း ၁ နှစ်သားတွင် ၁ ပင်လျှင် ယူရီးယား ၁.၉ ပေါင်၊ တီစူပါ ၂.၇ ပေါင်၊ ပိုတက်ရှ် ၁.၄ ပေါင် ထည့်ပေးရမည် ဖြစ်ပါသည်။ အပင်သက်တမ်း ၃ နှစ်နှင့် အထက် ဖြစ်ပါက ၁ ပင်လျှင် ယူရီးယား ၅.၇ ပေါင်၊ တီစူပါ ၈.၂ ပေါင်၊ ပိုတက် ၄.၄ ပေါင် ထည့်သွင်းပေးရမည် ဖြစ်ပါသည်။
ပိုးမွှားရောဂါ
ဆီအုန်းပင်တွင် ကြွက်၊ ကျိုင်းကောင်အနွယ်ဝင် ပိုးများနှင့် ပင်ညှိုးရောဂါ များကျရောက် ဖျက်ဆီးတတ်ပါသည်။
ရိတ်သိမ်းခြင်း
စိုက်ပျိုးပြီး ၃ နှစ်အကြာတွင် ဆီအုန်းပင်၏ အသီးခိုင်များကို စတင်ခူးဆွတ်နိုင်ပြီ ဖြစ်ပါသည်။ ဆီအုန်းပင်၏ အသီးခိုင်သည် အနီရောင်သို့ ပြောင်းပြီး အသီး အချို့ကြွေကျ နေသည်ကို တွေ့ရပါက ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။ ခူးဆွတ်ရမည့် အချိန်ကို ကြာမြင့်စွာ စောင့်ပါက အသီးအများ အပြား ကြွေကျမည်ဖြစ်ပါသည်။ ၎င်းအသီးများကို ကြိတ်ခွဲပါက ဆီထွက်နှုန်း နှင့် ဆီ၏ အရည်အသွေးလည်း ကျမည်ဖြစ်ပါသည်။ အပင်သက်တမ်း ၇ နှစ် မှ ၁၈ နှစ်အထိ ကာလသည် အထွက်နှုန်း အများဆုံးကာလ ဖြစ်ပါသည်။ အပင်သက်တမ်း ၁၈ နှစ်အထက် ကျော်ပါက အထွက်နှုန်း ကျဆင်းသွားမည်ဖြစ်ပါသည်။
ဇင်ထူးနိုင်
ကိုးကားချက်
https://en.wikipedia.org/wiki/Palm_oil
http://www.gprholdings.com/harvesting.html
Ko Maung
လွန်ခဲ့သော ၂ နှစ် ကဗဟုသုတတိုးပွားရပါသည်။
အောင်နိုင်လင်း
လွန်ခဲ့သော ၂ နှစ် ကပျိုးပင်လိုချင်ပါတယ်ခဗျာ
စိုင်းယီ
လွန်ခဲ့သော ၅ နှစ် ကထိုင်းနိူင်ငံမြောက်ပိုင်း ဇင်းမယ်ခရိုင် တောင်ပေါ်ဒေသ မယ်ဟောင်ဆွမ် လည်း စိုက်ပျိုးတွေ့ရပါတယ်ခင်ဗျာ
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကသဘောစိုက်ပိိျိူးခြင်း
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....