ဘက်စုံအသုံးဝင်တဲ့ နှမ်းရွက် စိုက်ပျိုးပြုစုခြင်း
- အင်္ဂလိပ်အမည် - Perilla Leave, Beefsteak plant, Chinese Basil
- သိပ္ပံအမည် - Perilla frutescens
နှမ်းရွက်ဆိုလို့ ကျွန်တော်တို့ မြန်မာ့ရိုးရာမုန့်တွေမှာ ထည့်သွင်းအသုံးပြုကြတဲ့ နှမ်းစေ့ထုတ်ပေးတဲ့ နှမ်းပင်ရဲ့ အရွက်တွေကို ပြောတာမဟုတ်ပါဘူး။ ဒီနှမ်းရွက်ဟာ ကိုရီးယားရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေထဲမှာ အသားကင်တွေကို ဆလပ်ရွက်ကဲ့သို့ ထုပ်ပြီးစားကြသလို ထမင်းလိပ်ပြုလုပ်ရာမှာလည်း ထည့်သွင်းအသုံးပြုကြတဲ့ အရွက်ကိုဆိုလိုတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုရီးယားနှမ်းရွက်ဆိုပြီးတော့လည်း ခေါ်ဆိုကြပါတယ်။

အရွက်ရဲ့ အပေါ်ဘက်ဟာ စိမ်းစိုနေပြီး အရွက်အောက်ဘက်မှာတော့ အမွှေးကြမ်းတွေ ရှိတာဖြစ်ပါတယ်။ ၎င်းမှာ စူးရှရှနဲ့မွှေးတဲ့ အနံ့အသက်လည်း ရှိပါတယ်။ ဒါကြောင့်ပဲ နှမ်းရွက်တွေကို ငါးဟင်း၊ ထမင်း၊ တန်ပူရာနဲ့ ဆာရှိမိ ဟင်းလျာတွေမှာ အနံ့အသက်ကောင်းမွန်စေဖို့အတွက် အသုံးပြုကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း တွင်တွင်ကျယ်ကျယ် စားသုံးနေကြသလို ဈေး ကောင်းရတဲ့ အရွက်လည်းဖြစ်ပါတယ်။
သူ့ရဲ့မူရင်းဒေသကတော့ ဟိမဝန္တာတောင်တန်းတွေနဲ့ အရှေ့တောင်အာရှဒေသတွေပဲ ဖြစ်ပါတယ်။ နှမ်းရွက်ကို အာရှနိုင်ငံတွေမှာတော့ ဟင်းလျာတွေချက်ပြုတ်ရာမှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သာမက ဆေးဖက်ဝင်အပင်အနေနဲ့ရော အစားအစာတွေမှာ အရောင်အဆင်းအတွက်ရောပါ အသုံး ပြုကြတာဖြစ်ပါတယ်။ ဒီအပင်ဟာ Lamiaceae မျိုးရင်းဝင်အပင်ဖြစ်ပြီး တစ်ရာသီခံပင်လည်း ဖြစ်ပါတယ်။
ဒီအပင်ဟာ ကြီးထွားမှုမြန်ဆန်ပြီး အမြင့်အားဖြင့် ၃ ပေနဲ့ အကျယ်အားဖြင့် ၁ ပေခွဲခန့်အထိ ကြီးထွားနိုင်တာ ဖြစ်ပါတယ်။ နှမ်းရွက်အပင်တွေဟာ အပူဒဏ်နဲ့ မိုးခေါင်မှုဒဏ်ကို အသင့်တင့် ခံနိုင် ရည်ရှိတဲ့ အပင်တွေဖြစ်ပါတယ်။ နေရောင်ခြည် ကောင်းစွာရရှိပြီး အစိုဓာတ်အနည်းငယ်ရရှိရုံနဲ့ ကောင်းစွာဖြစ်ထွန်းနိုင်တာ ဖြစ်ပါတယ်။
မြေပြင်ခြင်း
- အော်ဂဲနစ်ဓာတ်ကြွယ်ဝပြီး ရေဆင်းအားကောင်းတဲ့ မြေနေရာကို ကြိုက်နှစ်သက်တာ ဖြစ်ပါတယ်။
- အကယ်လို့ စိုက်ပျိုးမယ့် မြေနေရာဟာ သဲဆန်နေတယ် ရွှံ့စေးဆန်နေတယ်ဆိုရင်တော့ မြေဆွေး၊ သစ်ဆွေးမြေသြဇာ၊ အုန်းဆံမှုန့် စတာတွေထည့်ပြီး ပြင်ဆင်ထားသင့်ပါတယ်။
စိုက်ပျိုးခြင်း
- မျိုးစေ့ကနေ စိုက်ပျိုးနိုင်သလို ပင်စည်ကို ဖြတ်ပြီး (Stem Cutting) နဲ့လည်း မျိုးပွားစိုက်ပျိုးနိုင်တာ ဖြစ်ပါတယ်။ အိုးနဲ့လည်း စိုက်ပျိုးနိုင်သလို ပြုစုထိန်းသိမ်းရတာလည်း လွယ်ကူတဲ့အပင်ဖြစ်ပါတယ်။
- နှမ်းရွက်ပင်တွေရဲ့ မျိုးစေ့ဟာ အပင်ပေါက်ဖို့အတွက် အလင်းရောင်လိုအပ်တာကြောင့် ၎င်းတို့ကို ခပ်နက်နက်စိုက်တာမျိုး ဖုံးအုပ်ထားတာမျိုး မပြုလုပ်သင့်ပါဘူး။ မျိုးစေ့တွေကို ကျင်းတူးပြီးစိုက်ပျိုးနိုင်သလို ကြဲပက်ပြီးတော့လည်း စိုက်ပျိုးနိုင်ပါတယ်။
- ကျင်းတူးပြီးစိုက်မယ်ဆိုရင်တော့ အနက်အားဖြင့် ၁ မီလီမီတာ လောက်သာရှိသင့်တာ ဖြစ်ပါတယ်။ ကြဲပက်ပြီးစိုက်မယ်ဆိုရင်တော့ မျိုးစေ့ကြဲပြီးတဲ့နောက် ထွန်ခြစ်နဲ့ ခပ်ဖွဖွလေးဆွဲပြီး ပြန်ဖုံးပေးနိုင်ပါတယ်။
- အပင်ပေါက် မြင့်မားစေဖို့အတွက် အဓိကကျတဲ့သော့ချက်တွေကတော့ အလင်းရောင်နဲ့ အစိုဓာတ် တသမတ်တည်းရှိနေဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် မျိုးစေ့ကြဲထားပြီးပြီဆိုရင် တစ်နေ့လျှင်တစ်ကြိမ် ရေလောင်းပေးဖို့လိုအပ်ပြီး မြေဆီလွှာ ခြောက်သွေ့သွားခြင်းမရှိအောင် ဂရုပြုသင့်ပါတယ်။
- မျိုးညှောက်ပေါက်ချိန်ဟာ ၂ ပတ်ကနေ ၄ ပတ်လောက်အထိ ကြာနိုင်ပါတယ်။ မျိုးစေ့တွေဟာ အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ် နဲ့ ဝန်းကျင်မှာဆိုရင် အပင်ပေါက်တာ မြန်မှာဖြစ်ပါတယ်။
ရွှေ့ပြောင်းစိုက်ပျိုးခြင်း
- ယေဘုယျအားဖြင့်တော့ ပျိုးပင်တွေမှာ ပထမဆုံးအရွက်အစစ်ထွက်ရှိပြီး အမြင့်အားဖြင့် ၅ - ၁၀ စင်တီမီတာခန့် ရောက်ပြီဆိုပါက ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပြီ ဖြစ်ပါတယ်။
- ပျိုးပင်တွေကိုတော့ အရွယ်အစားပေါ်မူတည်ပြီး ၆ - ၁၂ လက်မ ခြားပြီး စိုက်ပျိုးနိုင်ပါတယ်။
- နွေရာသီလို ပူပြင်းတဲ့ ကာလမျိုးမှာဆိုရင်တော့ ရေကိုဂရုတစိုက် လောင်းပေးဖို့လိုအပ်ပါတယ်။
- အာဟာရအနေနဲ့ကတော့ နိုက်ထရိုဂျင် ပါဝင်မှုများတဲ့ မြေသြဇာတွေနဲ့ ရေပျော်မြေသြဇာတွေကို ထည့်ပေးလို့ရပါတယ်။
- မြေဆီလွှာအစိုဓာတ် ထိန်းထားနိုင်ဖို့အတွက် ၂ - ၃ လက်မခန့် မြေဖုံး (mulching) ပေးဖို့လည်း လိုအပ်ပါတယ်။ မြေဖုံးပေးခြင်းဖြင့် ပေါင်းပင် ပေါက်ရောက်မှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ပိုးမွှားရောဂါ
- ကျရောက်တတ်တဲ့ အဖျက်ပိုးနဲ့ ရောဂါတွေကတော့ ပျပိုး၊ ယင်ဖြူ၊ မွှားပင့်ကူနီ၊ ခါရိရောဂါ၊ ဒေါင်းနီးရွက်ခြောက်ရောဂါ စတာတွေ ဖြစ်ပါတယ်။
- နှမ်းရွက်တွေကို ခန့်မှန်းခြေအားဖြင့် သက်တမ်း ၈၀ - ၉၅ ရက်ခန့် အမြင့်အားဖြင့် ၆၀ စင်တီမီတာ ရောက်ပြီဆိုလျှင် ခူးဆွတ်ရိတ်သိမ်းလို့ရပြီ ဖြစ်ပါတယ်။
- ပုံမှန်အားဖြင့်တော့ အရွက်တွေဟာ စားသုံးဖို့အတွက် လုံလောက်တဲ့အရွယ်အစား ရောက်ပြီဆိုရင်ကို ခူးဆွတ်ရပြီလို့ သတ်မှတ်နိုင်ပါတယ်။
- အရွက်တွေကို ခူးဆွတ်ပြီးမကြာခင်မှာပဲ စားသုံးနိုင်တာ ဖြစ်ပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူးများ
- နှမ်းရွက်မှာဆိုရင် ဘီတာကယ်ရိုတင်း (Beta-carotene) ဓာတ်တွေ မြင့်မားစွာ ပါဝင်နေတဲ့အပြင် ဘီတာမင် အီး၊ ရိုင်ဗိုဖလာဗင် (riboflavin)၊ ဖောလစ်အက်ဆစ်၊ အက်စ်ကောဘစ် အက်စစ် (ascorbic)၊ ကယ်လ်စီယမ်၊ အိုင်းယွန်း၊ ပရိုတင်းဓာတ်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
- ဒါ့အပြင် အရွက်တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖီနိုလစ်ဒြပ်ပေါင်းတွေနဲ့ (phenolic compounds)နဲ့ sitosterol ဆိုတဲ့ ဓာတ်တွေပါဝင်နေပြီး ရောင်ရမ်းမှုနဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဆန့်ကျင်တိုက်ဖျက်ပေးနိုင်တဲ့ luteolin ဆိုတဲ့ ဓာတ်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ဇင်ထူးနိုင်
Ref: https://www.theseedcollection.com.au/
https://avrdc.org/perilla-perilla-frutescens/
https://www.kcet.org/
https://www.thegourmanticgarden.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
mtp Htun
လွန်ခဲ့သော ၁ နှစ် ကအစေ့ကကြ ဘယ်အချိန်ရလည်း
Shwe sin ei
လွန်ခဲ့သော ၃ နှစ် ကမျိုးစေ့ ဘယ်မှာဝယ်ရမလဲ။ဘယ်ရာသီတွေမှာစိုက်လို့ပိုအဆင်ပြေလည်း။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....