ဇူကီးနီး "ခေါ်" ဖရုံသခွား စိုက်ပျိုးနည်းစနစ်
မြေပြုပြင်နည်းစနစ်
စိုက်ပျိုးမြေကို ထယ် ၁ စပ်ထွန် ၂ စပ်ထွန်ပြီး မိုးများသောဒေသ မိုးတွင်းအချိန်များတွင် ဘောင်စနစ်သုံး၍ မိုးနည်းဒေသများတွင် ဘောင်မလုပ်ဘဲ ပုံမှန်ပင်ကြား၊ တန်းကြားဖြင့် စိုက်ပျိုးနိုင်ပါသည်။
သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ အသုံးပြုခြင်း
မြေခံတွင် ထည့်ရန် နွားချေးဆွေး (သို့) ကြက်ချေးဆွေး တစ်ဧက လှည်းနှစ်စီးတိုက် (တစ် ၁/၂ တင်းဝင် အိတ် ၃၀ မှ အိတ် ၅၀) ခန့် ထည့်သွင်းပါ။ ဓာတ်မြေသြဇာကို တစ်ဧကနှုန်းထား၊ ယူရီးယား ၁/၂ အိတ်၊ ပိုတက် ၁/၂ အိတ်၊ တီစူပါ ၁/၂ အိတ် အသုံးပြုပါ။ ဓာတ်စုံ Compound မြေသြဇာများကိုလည်း အသုံးပြုနိုင်သည်။
မိုးများဒေသ မြေချဉ်များတွင် ထုံးထည့်သွင်း အသုံးပြုရပါမည်။ တစ်ဧက ထုံးတစ်တန်နူန်း မစိုက်ပျိုးမီ ကြိုတင်ထည့်သွင်းရပါမည်။
မြေတွင်းအောင်းပိုးများနှင့် အပင်ငယ်စဉ်ကျရောက်သောပိုးများ၊ ကာကွယ်ရန်ဖြူရာဒန်ပိုးသတ်ဆေးကို စိုက်ဘောင်တွင် ထည့်သွင်း အသုံးပြုသင့်ပါသည်။
စိုက်ပျိုးပုံနည်းစနစ်
ပျိုးထောင်စိုက်ပါ။ မျိုးစေ့ကို ၄ နာရီကြာ ရေစိမ်ပြီးမှ ပျိုးထောင်ပါ။ ၂၄ နာရီကြာလျှင် မျိုးစေ့များ အညှောက်ပေါက်လာပါသည်။
- ၃ လက်မ x ၄ လက်မ ပျိုးအိတ် (သို့) ၁၀၄ ပေါက်ပါ ပျိုးဆန်းတွင် ပျိုးမြေထည့်၍ ပျိုးပါ။
- ပျိုးမြေကို မြေဆွေး ၂ ဆ + ဖွဲပြာ ၂ ဆ + နွားချေးဆွေး ၁ ဆရော၍ ပြုလုပ်အသုံးပြုပါ။
- ပျိုးသက် ၇-၁၀ ရက်တွင် စိုက်ခင်းသို့ ပြောင်းရွေ့စိုက်ပါ။
အပင်ပြုစုနည်းများ
- စိုက်ပြီး ၅ ရက်ကြာလျှင် ယူရီးယားတစ်ပင်ကို ၁၀ ကီလိုဂရမ်နူန်း ကျွေးပါ။
- အပင်သက်တမ်း တစ်လသားတွင် ယူရီးယားတစ်ဧက ၅၆ ပေါင်နူန်းနှင့် ပိုတက် ၂၈ ပေါင်နူန်း ထပ်မံကျွေးပါ။
- ပေါင်းမြက်ကင်းစင်စေရန် အစိုဓာတ်ထိန်းနိုင်ရန် စိုက်ဘောင်ကို ရောင်ပြန်ပလပ်စတစ်နှင့်အုပ်ခြင်း mulching ပြုလုပ်ပေးရပါမည်။
- ပေါင်းရှင်းခြင်း၊ ရေသွင်းခြင်း၊ ဆေးဖျန်းခြင်း၊ ဝတ်မှုံကူးခြင်းလုပ်ငန်းများကို လိုအပ်သလို ဆောင်ရွက်ပေးရပါမည်။
- စိုက်ပျိုးပြုစုရာတွင် ဇူကီးနီးစပ်မျိုးစေ့ထုတ်လုပ်ရန်နှင့် ဟင်းသီးထုတ်လုပ်ရန် မတူကွဲပြားမှုများလည်း ရှိပါသည်။
စားသုံးရန်ဇူကီးနီးဟင်းသီးစိုက်ပျိုးထုတ်လုပ်နည်း
- စားသုံးရန် စိုက်ပျိုးရာတွင် အရည်အသွေးကောင်း ဒေသ၊ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသော စပ်မျိုး၊ ဇူကီးနီးမျိုးစေ့ကို အသုံးပြုစိုက်ပျိုးရန် လိုပါသည်။ စပ်မျိုးစေ့ ထုတ်လုပ်သကဲ့သို့ အဖိုမျိုးဝတ်မှုံကို အမမျိုးပေါ်သို့ ဝတ်မှုံကူးပေးရန် မလိုပါ။
- သို့သော် မျိုးတူအပင်များမှာ အဖိုပွင့်နှင့် အမပွင့်ကို ဝတ်မှုံကူးပေးရန် လိုပါသည်။
- ပင်တည်းဝတ်မှုံကူးပေးပြီး ၅ – ၇ ရက်အတွင်း ခူးဆွတ်၍ စားသုံးရောင်းချနိုင်ပါသည်။
စပ်မျိုးစေ့ထုတ်လုပ်ရာတွင် အပင်ပြုစုနည်းစနစ်များ
- စပ်မျိုးစေ့ထုတ်လုပ်ရာတွင် အဖိုလိုင်းအပင်များကို အမမျိုး အပင်များနှင့် ဝေးဝေးတွင် စိုက်ရပါသည်။
- အဖိုလိုင်းအပင်မှ အမပွင့်များကို ခြွေပစ်ရပါမည်။
- အမပင်မှ အဖိုပွင့်များကိုလည်း နေ့စဉ်စစ်ဆေး၍ ခြွေပစ်ပေးရပါသည်။
- အမလိုင်းအပင်မှ အမပွင့်များကိုမူ နောက်နေ့ပွင့်မည့် အမပွင့်များကို ရွေးပြီး အိတ်အနီရောင်နှင့် ကြိုတင်၍ စွပ်ထားရပါမည်။ ဝတ်မှုံမကူးရသေးသော အမပွင့်များကို သိသာထင်ရှားစွာ သိရန်နှင့် ၎င်းအပွင့်များကို နောက်နေ့တွင် စပ်မျိုးရဖို့ အဖိုဝတ်မှုံကူးပေးရာတွင် လွယ်ကူသိသာရန် ဖြစ်ပါသည်။
- အဖိုလိုင်းအပင်မှ အဖိုပွင့်များထဲမှ နောက်နေ့မနက်ပွင့်မည့် အဖိုပွင့်များကို ရွေးချယ်ခူးဆွတ်ပြီး ဆန်ကာပေါက်တောင်းငယ်များတွင် ထည့်၍ ဝတ်မှုံကူးရာတွင် အသုံးပြုရပါသည်။
- ဤနေရာတွင် အမပွင့် ဝတ်မှုံခံတိုင် အစီးများထွက်နေပါက ဝတ်မှုံကို လက်မခံနိုင်ပါ။
- ဝတ်မှုံကူးပြီးပါက အမပွင့်များကို အဖြူရောင်အိတ်နှင့် စွပ်၍ထားရပါမည်။ ထို့ပြင် ဝတ်မှုံကူးပြီးအမပွင့်များကို အရောင်ပါ သိုးမွေးကြိုးနှင့် ချည်ပြီး မှတ်သားထားပါ။ အဆိုပါကြိုးတွင် ဝတ်မှုံကူးသည့်ရက်စွဲ တပ်ထားရပါသည်။
မျိုးစေ့ထုတ်ရန် အသီးခူးဆွတ်ခြင်း
ဝတ်မှုံကူးပြီး ၄၅- ၅၅ ရက်တွင် အသီးခူးပြီး အခန်းထဲတွင် ၁၀-၃၀ ရက်ခန့် သိုလှောင်ပြီးမှ မျိုးစေ့ထုတ်ယူရပါသည်။ မျိုးစေ့များကို သန့်စင်ပြီး အစိုဓာတ် ၁၀-၁၂ ရာခိုင်နူန်းခန့်ရှိအောင် အခြောက်ခံပြီး မှိုသတ်ဆေးလူးနယ်ကာ သိုလှောင်၍ စနစ်တကျ မျိုးစေ့အိတ်များနှင့် ထုတ်၍ စျေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်။
လှဆန်း(စိုက်ပျိုးရေး) B.Ag - 79
Ko Phaw
လွန်ခဲ့သော ၅ နှစ် ကဖရုံပင်စိုက်ပြီး 1လသားအချိန် ဆို ဘယ်လုပ်ရမလည်း အသီးသီးအောင် အညွတ်ရော တစ်ခါနှစ်ခါလောက်လောက် ခူးရသေးလား အလင်းပြပေးပါပြ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026