ဝင်ငွေလျှော့တွက်လို့မရတဲ့ သနပ်ဖက်စိုက်ပျိုးရေး..
သနပ်ဖက်လို့ကြားလိုက်တာနဲ့ ဆေးပေါ့လိပ်တွေကို တန်းမြင်မိကြတဲ့အထိ မြန်မာနိုင်ငံမှာတော့ ထင်ရှားလူသိများတာပါ။ မရှိမဖြစ် ကုန်ပစ္စည်းတစ်မျိုးလို့ဆိုရင်တောင် ရပါတယ်။ ဒါပေမဲ့ ဒီသနပ်ဖက်ဟာ ဘယ်ကနေ ဘယ်လိုရပြီး ဘယ်နေရာဒေသတွေကနေ အဓိကထုတ်လုပ်ပေးနေတာလဲဆိုရင်တော့ သိသူနည်းသွားမယ်ထင်ပါတယ်။

ဆေးလိပ်လိပ်ရာမှာ အသုံးပြုတဲ့ သနပ်ဖက်ကို သနပ်ဖက်ပင်တွေကနေ ရရှိတာဖြစ်ပြီး လူသိနည်းသေးတဲ့ လယ်ယာထုတ်ကုန်တမျိုးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အကျိုးအမြတ်ကတော့ တခြား စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ယှဉ်ရင် တော်တော်လေး လုပ်ကိုင်သင့်တဲ့ အနေအထားမျိုးမှာ ရှိနေတာပါ။
သနပ်ဖက်ပင်အဓိကစိုက်ပျိုးရာဒေသတွေထဲမှာ တောင်ကြီးခရိုင်၊ ဘော်ဆိုင်းဒေသလည်းပါဝင်နေပြီး စာရေးသူလည်း ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်း ပြောင်းစိုက်ဧရိယာတွေ ကွင်းဆင်းရင်း ဘော်ဆိုင်းဒေသ၊ သနပ်ဖက်ပင်ရင်းထုတ်လုပ်ရာ တောင်ပေါ် ဓနုရွာလေးကို ရောက်ရှိခဲ့ပါတယ်။
ရပ်စောက်၊ ပင်ဖြစ် အနောက်တောင်ဖက်၊ တောလမ်းလေးအတိုင်း တောင်ပေါ်တက်သွားရင် ၁၅ မိုင်လောက်ဝေးတဲ့ ပုန်းတပ်ဆိုတဲ့ရွာလေးကို ရောက်ခဲ့တာပါ။
"တောင်ပေါ်ရွာဆိုတော့ သနပ်ဖက်တမျိုးတည်းနဲ့ ရပ်တည်ကြရတာပါပဲ။ ဒီနှစ် သနပ်ဖက်စျေးက တပိသာ ၁၈၀၀၀ ကျပ်စျေး ဆိုတော့ လုပ်ရတာအားရှိပါတယ်" လို့ ဒေသခံ သနပ်ဖက်တောင်သူ ကိုနေဝင်းက ပြောပြပါတယ်။
စာရေးသူလည်း သနပ်ဖက်ပင်နဲ့ အစိမ်းသက်သက် ဖြစ်နေတော့ ဗဟုသုတအလို့ငှာ ကြုံတုန်း ဆုံခိုက် အင်တာဗျူးတော့တာပါပဲ။
သနပ်ဖက်ပင်ကို မိုးဦးကာလမှာ တကျင်းနဲ့တကျင်း နှစ်ပေခန့်ခြားပြီး စိုက်ကြပါတယ်။
တစ်ဧက အပင်ဦးရေဆိုရင်တော့ နှစ်သောင်းခန့်ရှိနိုင်ပါတယ်။
စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်မှာတော့ တထွာခန့်ချန်ပြီး ဖြတ်ပေးရပါတယ်။ ဒါမှ အတက်ထွက်လာပြီး အပင်သန်လာတာပါ။
ထွက်လာတဲ့ အတက်တွေထဲက သန်တဲ့တကိုင်းပဲ ချန်ပြီး ကျန်ကိုင်းတွေ ပယ်ပေးရပါတယ်။
ရက်သားနဲ့ ပြောရရင်...အတက်ပေါက်ပြီး ၁၅ ရက်သားမှာ ပိုးသတ်ဆေးတကြိမ် အရင်ဖျန်းပြီး..
၂၀ ရက်သားမှာ ကိုင်းပယ်ရပါတယ်။
နှစ်လသားရောက်ပြီဆိုရင်တော့ အရွက်စခူးနိုင်တဲ့အရွယ်ရောက်ပါပြီ။
ပျမ်းမျှ တရက်တရွက်နုန်းထွက်ပြီး ၁၀-၁၂ ရက်ဆို ခူးနိုင်ပါပြီ။
အထွက်နှုန်းကတော့ တစ်ဧကကို ပိဿာချိန် ၈၀၀ လောက်ထွက်ပါတယ်။
"ကျနော် နှစ်ဧကစိုက်ထားတာ ကုန်ချိန် ၁၅၀၀ ထွက်ပါတယ်"လို့ ကိုနေဝင်း က ရှင်းပြပါတယ်။
စာရေးသူက ဆေးသမားဆိုတော့..
ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး သုံးစွဲနည်းစနစ်အကြောင်းစပ်စုကြည့်တော့..
ပိုးသတ်ဆေးရောင်းတဲ့ ကိုလင်းနိုင်ဆိုသူက...
"အညွန့်တွေမှာ စုပ်စားပိုးလေးတွေလည်း ကျတယ်၊ ပိုဆိုးတာကတော့ ဆင်ပိုးလို့ခေါ်တဲ့ နှာတံရှည် အကောင်တွေက အရွက်တွေ ကိုက်ဖောက်တယ်ဗျ... အဲဒါ..တင်းဒါးဆိုတဲ့ ပိုးသတ်ဆေးဖျန်းမှ ရတယ်" လို့ ရှင်းပြပါတယ်။
"ပေါင်းသတ်ဆေးအနေနဲ့တော့ အပင်သတ်ဆေး(ပါရာကွပ်)ကို သုံးပါတယ်။ အမြစ်သတ်ဆေး(ဂလိုက်ဖိုဇိတ်)မသုံးရဲဘူး၊ သနပ်ဖက် အထွက်နှုန်းကျသွားတတ်လို့" ဆိုပြီးလည်း ကိုလင်းနိုင်က သူ့ကိုယ်တွေ့ အတွေ့အကြုံကို ပြောပြပါတယ်။
" မိုးရွာပြီးတိုင်း ယူရီးယားသိပ်မများတဲ့ ကွန်ပေါင်းမြေဆီ ကျွေးပေးရပါတယ်။ ယူရီးယား အကျွေးများရင် ဖက်အရည်အသွေးညံ့လို့ ပွဲစားမကြိုက်ဘူး၊ စျေးနှိမ်တယ်၊ ပြီးတော့ အကိုင်းခွံပွပြီး အပင်လူတိုးရင် ကျိုးလွယ်တယ်ပေါ့ဗျာ" လို့လည်း သူက ရှင်းပြပါတယ်။
တကြိမ်တည်းခုတ်ပြီး ပြီးရောလား? လို့ မေးကြည့်တော့...
"နှစ်စဉ် တနှစ်တကြိမ်ခုတ်ရပါတယ်..သကြန်ပြီးတာနဲ့ ဧပြီလဆို အပင်တွေအားလုံး ကိုင်းခုတ်ရပါတယ်။ အစို့လေးတွေ ပြူလာတာနဲ့ ကျိုင်းစားမှာစိုးလို့ ဆေးဖျန်းရတယ်ဆရာရေ..အညွန့်ထွက်လာပြန်တော့ ရွက်စားပိုး၊ ငမြောင်တောင်က လာပြန်ရော။ ပြီးတော့ရှိသေးတယ်ဆရာ၊ ဖက်ရွက်ပေါ်မှာကြွက်နို့ လို့ခေါ်တဲ့ အဖုလေးတွေဖြစ်တာ၊ ဘာပိုးကြောင့်လဲမသိဘူး.ဗျ။ ဖက်ရွက်မလှတော့ဘူး".လို့. တောင်သူကိုနေဝင်းက သူ့ အတွေ့အကြုံကို ပြောပြတော့..
စာရေးသူက သရက်မှာကျတဲ့ မှက်တမျိုးကြောင့် ဖြစ်ကြောင်း ပြန်ရှင်းပြလိုက်ရပါတယ်။
သနပ်ဖက်ဟာ တခါစိုက်ပြီးတာနဲ့ တနှစ်တခါ ကိုင်းဖြတ်ပြီး အရွက်ကို ခူးယူ၊ လှော်၊ ထပ် ရောင်းချရတဲ့ စိုက်ပျိုးရေးလုပ်ငန်းတမျိုးဖြစ်ပါတယ်။
အမှန်တကယ် ဖက်စျေး တပိသာ တသောင်း ရှိမယ်ဆိုရင် တဧက ပိဿာ ၈၀၀ နဲ့တွက်ကြည့်တော့ ... တစ်ဧက ဝင်ငွေ သိန်း ၈၀ ရနိုင်တဲ့ထိ အကျိုးအမြတ်များတဲ့ သီးနှံတမျိုးဖြစ်နေတာ တွေ့ရပါတယ်။
သို့ပါ၍..အစိမ်းရောင်လမ်း မိတ်ဆွေများအနေနဲ့...
စိုက်ပျိုးသီးနှံ အမည်သစ်တမျိုးအနေဖြင့် ဗဟုသုတရစေရန်အလို့ငှာ ခရီးသွားဆောင်းပါးအဖြစ် ရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ..။
စေတနာများစွာဖြင့်
ဒို့ဦးလေး
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သန္တာ
လွန်ခဲ့သော ၂ နှစ် ကမန္တလေးတိုင်းဘက်ရောစိုက်ရလားရှင့်
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကရောင်းစရာ/ဝယ်စရာရှိရင် စျေးတန်းကြီးမှာ..ကြေငြာထားပါ
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကဖက်ပွဲစားတွေ ခြံထဲဆင်းဝယ်တာရှိသလို... ဖက်ပွဲရုံတွေကို သွားသွင်းရတာလဲရှိပါတယ်။
ရန်ရှင်းအောင်း
လွန်ခဲ့သော ၃ နှစ် ကရောင်ရင်ဘယ်မှာရောင်းရမှာလဲခဗျာ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Thar Po
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....