ဟင်းခတ်အမွှေးအကြိုင် လီမွန်ဘမ်း
လီမွန်ဘမ်းအပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်ပြီး၊ အပူချိန် (ရေခဲမှတ်အောက်) ၃၀ ဒီဂရီဖာရင်ဟိုက်မှ အပူချိန် ၄၀ ဒီဂရီဖာရင်ဟိုက်ကျော်အထိ အပင်ဖြစ်ထွန်းသည်။ အရွက်ကိုစားသုံးရပြီး၊ အပင်အမြင့် ၂-၃ ပေနှင့် အကျယ် ၂ ပေရှိသည်။ ရှေးကတည်းက လူကြိုက်များခဲ့သော လီမွန်ဘမ်းပင်၏အရွက်များမှ ပူဒီနံအနံ့နှင့် သံပရိုအနံ့ပြင်းပြင်းကိုရရှိသည်။ ထိုအပင်၏ပန်းပွင့်များသည် ပျားကောင်များကို ဆွဲဆောင်နိုင်သည်။ လီမွန်ဘမ်းအရွက်သည် ဟင်းသီးဟင်းရွက်များ ချက်ပြုတ်ရာတွင်လည်းကောင်း၊ သစ်သီးအသုပ်တွင်လည်းကောင်း၊ ရေနွေးတွင်အရွက်ခတ်၍ လက်ဖက်ရည်ကြမ်း (Tea) ကဲ့သို့လည်းကောင်း စားသုံးရန် အလွန်ကောင်းသည်။ အပင်သည် ချုံပုတ်သဖွယ်ရှိပြီး၊ အကြောများစွာပါသော နှလုံး(Hart) ပုံသဏ္ဍာန်အရွက်များရှိသည်။ မြေဆီသြဇာညံ့သောအကွက်တွင် စိုက်ပျိုးသောအပင်မှ သံပရိုနံ့နှင့် ပန်းရနံ့ ပို၍သင်းကြိုင်သည်။ လီမွန်ဘမ်းအပင်သည် အခြားသော ဟင်းခတ်အမွှေးအကြိုင်ပင်များထက် လင်းရိပ်ဒဏ်နှင့် အစိုဓာတ်ဒဏ်တို့ကို ပို၍ခံနိုင်သည်။
စိုက်ပျိုးခြင်း
နွေဦးပေါက်အစောပိုင်းတွင် လီမွန်ဘမ်းကို စိုက်ပျိုးရသည်။ အပင်သည် နေရောင်ခြည်အပြည့်အဝသော်လည်းကောင်း၊ အရိပ်အနည်းငယ်ကျသောနေရာတွင်လည်းကောင်း၊ မြေအစိုဓာတ်ရှိသောအကွက်၊ မြေဆီသြဇာထက်သန်သောအကွက်၊ ရေထုတ်ကောင်းသောအကွက်တို့ကို ကြိုက်သည်။ အပင်ပေါက်ကိုဖြစ်စေ၊ အစေ့ကိုဖြစ်စေ ၂ ပေခြားစိုက်ပျိုးရသည်။ ပထမနှစ်တွင် အပင်များကျဲနေသည်ဟု ထင်ရသော်လည်း မကြာမီမှာပင် ပြည့်လာမည်ဖြစ်သည်။ အရွက်များကို ပန်းမပွင့်မီ ရိတ်သိမ်းရသည်။ အပင်မှ အစေ့များကျပြီး အပင်ပွားသဖြင့် တစ်ခါတစ်ရံ ပေါင်းမြက်သဖွယ် ဖြစ်လာတတ်သည်။ နွေရာသီအလယ်မှာ အပင်ကိုဖြတ်တောက်ပေးခြင်းဖြင့် အလေ့ကျအပင်ပေါက်မှုကို ကာကွယ်နိုင်သည်။ ဆောင်းရာသီတွင် အအေးဒဏ်ခံနိုင်စေရန် ကောက်ရိုးဖြင့် ဖုံးအုပ်ပေးရသည်။
ရိတ်သိမ်းခြင်း
လိုအပ်သလို အရွက်ကို လတ်လတ်ဆတ်ဆတ် ခူးယူအသုံးပြုရသည်။ အရွက်များကို အခြောက်ခံ၍ သိုလှောင်ထားနိုင်သည်။ သို့ရာတွင် အရွက်ခြောက်သွားလျှင် အနံ့လျော့နည်းသွားသည်။ အရွက်များ မည်းနက်မသွားစေရန် အရွက်ကို မြန်မြန်ခြောက်အောင် လုပ်ရသည်။ အရွက်ခြောက်ကို လေလုံသောဘူးတွင်ထည့်၍ သိုလှောင်ရသည်။
ပိုးမွှားရောဂါ
အထူးသဖြင့် လေဝင်လေထွက် မကောင်းသောနေရာတွင် မှိုရောဂါ(Powdery mildew) ကျရောက်တတ်သည်။
ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၂) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026