မြန်မာ့မိတ်ကပ် (သို့မဟုတ်) သနပ်ခါး အကြောင်း သိကောင်းစရာ
အင်္ဂလိပ်အမည် = Chinese Box Tree, Wood Apple, Thanakha
မြန်မာ့ရိုးရာသနပ်ခါးကို နှစ်ပေါင်းများစွာမှ စတင်ကာ မြန်မာအမျိုးသမီးများ၏ သဘာဝအလှကုန်ပစ္စည်းအဖြစ် သုံးစွဲလာခဲ့ကြပါသည်။ ထို့အပြင် သနပ်ခါးအား အသားအရေထိန်းသိမ်းပေးသည့် သဘာဝပစ္စည်းအဖြစ်လည်း လူသိများပါသည်။ သနပ်ခါးကို မြန်မာနိုင်ငံတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ သနပ်ခါးအတုံးကို ကျောက်ပျဉ်ပေါ်တွင် ရေအနည်းငယ်နှင့် သွေးကာ ရရှိလာသော အနှစ်အား မျက်နှာနှင့် ခန္ဓာကိုယ်တွင် လွယ်ကူစွာလိမ်းခြယ် အသုံးပြုနိုင်ပါသည်။
ပေါက်ရောက်ရာ ဒေသ
သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတို့တွင် တွေ့ရှိရပါသည်။ သနပ်ခါးသည် အပူပိုင်းဒေသများတွင် ဖြစ်ထွန်းအောင်မြင်သည့် သီးနှံဖြစ်သဖြင့် မြန်မာနိုင်ငံ၏ အပူပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးကြရုံတင်မက အိမ်ခြံဝင်းအတွင်းတွင်လည်း စိုက်ပျိုးလေ့ရှိကြသည်ကို တွေ့မြင်နိုင်ပါသည်။ သနပ်ခါးပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး သက်တမ်းအားဖြင့် ၃၅ နှစ်ဝန်းကျင်ရှိကာ ၎င်းအချိန်သည် သနပ်ခါးပင်၏ အရည်အသွေးအကောင်းဆုံးအချိန်လည်း ဖြစ်ပါသည်။
ထင်ရှားသော သနပ်ခါးများ
မြန်မာနိုင်ငံအလယ်ပိုင်းမှ ထွက်ရှိသော သနပ်ခါးများအနက် ထင်ရှားသောသနပ်ခါးများမှာ စစ်ကိုင်းတိုင်းမှထွက်ရှိသော ရွှေဘိုသနပ်ခါးနှင့် မကွေးတိုင်းမှထွက်ရှိသော ရှင်မတောင်သနပ်ခါးများ ဖြစ်ပါသည်။ ထို့အပြင် သနပ်ခါးကို ခရင်မ် (သို့မဟုတ်) အနှစ်အဖြစ်ပြုလုပ်ကာ ဈေးကွက်ထဲတွင် လူသိများသော သနပ်ခါးများမှာ ရွှေပြည်နန်းသနပ်ခါးနှင့် တောင်ကြီးမောက်မယ်သနပ်ခါးတို့ ဖြစ်ပါသည်။ သနပ်ခါးကို ယခင်ကဆိုလျှင် အပင်မှခုတ်ပြီး အတုံးလိုက် (သို့မဟုတ်) အစည်းလိုက် ရောင်းချကြပြီး ယနေ့အချိန်တွင် ဈေးကွက်လိုအပ်ချက်အရ သနပ်ခါးကို ခရင်မ် (သို့မဟုတ်) ပေါင်ဒါအမှုန့်အဖြစ် ပြုလုပ်ကာ ထုတ်လုပ်ရောင်းချနေကြပြီ ဖြစ်ပါသည်။
အပင်၏ သွင်ပြင်လက္ခဏာ
သနပ်ခါးပင်၏ ပုံသဏ္ဌာန်မှာ အပင် ပင်လတ်မျိုးဖြစ်သည်။ အမြင့်ပေ ၂၀ မှ ၃၀ ထိ ကြီးထွားနိုင်ပြီး ပင်စည်နှင့် အကိုင်းအခက်များတွင် တစ်လက်မခန့်ရှည်သည့် မာကျောသော ဆူးများပါရှိသည်။ အပင်ငယ်စဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသောအခါတွင် အပွေးထူလာပါသည်။ အရွက်ပုံသဏ္ဌာန်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။ ရွက်မြွှာ ၂ စုံမှ ၃ စုံထိရှိပြီး ရွက်ထိပ်တွင် တစ်ရွက်ပါသည်။ အပွင့်ပုံသဏ္ဌာန်မှာ သေးငယ်ပြီး၊ အဝါနုရောင်ရှိသည်။ အဆုပ်လိုက်ပွင့်သည်။ ရေမြေရာသီဥတုအပေါ်မူတည်၍ တပေါင်း၊ တန်ခူး၊ ကဆုန်လများတွင် အပွင့်များပွင့်သည်။ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလများတွင် အသီးရင့်မှည့်သည်။ ရေသောက်မြစ် ရှည်လျားသည်။ ဘေးမြစ်များလည်း ရှည်လျားပြီး ဖြန့်ထွက်သည်။ အမြစ်တွင်လည်း အပွေးအခေါက်ပါရှိသည်။ အမြစ်မှ သားတက်များလည်း ထွက်လေ့ရှိပါသည်။
မြေအမျိုးအစား နှင့် စိုက်ပျိုး ပြုစုခြင်းခြင်း
သနပ်ခါးပင်သည် ရွှံ့စေးမြေ၊ ဆားပေါက်သောမြေနှင့် ရေဝပ်သောမြေများမှလွဲ၍ ကျန်မြေအမျိုးအစားများတွင် စိုက်ပျိုးနိုင်ပါသည်။ သနပ်ခါးစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ ဂဝံ/ကျောက်စရစ်မြေ ဖြစ်ပါသည်။ အပင် ၂-၃ နှစ်သား အရွယ်မှစ၍ ပင်ခြေအတက်များနှင့် အကိုင်းအခက်များကို ရှင်းလင်းဖယ်ရှားပေးရပါမည်။ သားတက်စိုက်ခင်းများတွင် (၁-၂) တက်သာထား၍ ကျန်အတက်များအား ရှင်းလင်းဖယ်ရှားပေးရပါမည်။ ရာသီဥတုအခြေအနေနှင့် အပင်အခြေအနေပေါ် မူတည်၍ ပင်လုံးပျံ့ပိုးသတ်ဆေး၊ ထိသေပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ပက်ဖျန်းပေးသင့်ပါသည်။
ရိတ်သိမ်းခြင်း
သနပ်ခါးစိုက်ခင်းအသစ်များတွင် အပင်သက်တမ်း ၆ နှစ်၊ ၇ နှစ်သားမှစတင်၍ သနပ်ခါးအဖြစ် စတင်ရောင်းချနိုင်ပါသည်။ အများအားဖြင့် ၈ နှစ်မှ ၁၀ နှစ်သားအရွယ်သည် ဈေးကွက်တွင်း၌ အရောင်းအများဆုံး အရွယ်ဖြစ်ပါသည်။သားတက်သနပ်ခါးစိုက်ခင်းများတွင် အပင်သက်တမ်း ၅ နှစ်မှ ၆နှစ်တွင် စတင်ရောင်းချပြီး၊ ၆ နှစ်မှ ၈ နှစ်အရွယ် သက်တမ်းသည် ဈေးကွက်အဝင်ဆုံး ရောင်းချချိန်ဖြစ်ပါသည်။ အရည်အသွေးအကောင်းဆုံး သနပ်ခါးတစ်ပင်ရရှိရန်မှာ သက်တမ်း(၃၅)နှစ်ခန့် လိုပါသည်။ အခြားသောဒေသတွင်းနိုင်ငံများတွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း မြန်မာ့သနပ်ခါးသည် အရည်အသွေး အကောင်းဆုံးဖြစ်ပါသည်။
ဇင်ထူးနိုင်
ကိုးကားချက်
၁. https://en.wikipedia.org/wiki/Thanaka
၂. စိုက်ပျိုးရေး ဦးစီးဌာန ထုတ်၊ သနပ်ခါး အကြောင်း သိကောင်းစရာ နှင့် စိုက်ပျိုးနည်းစနစ် စာအုပ်မှ
၃. Application of Myanmar traditional THANAKHA as cosmetic; Asian Institute of Technology. Food Engineering and Bioprocess Technology, School of Environment, Resources and Development.
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026