ကျားပါးစပ်ပန်း စိုက်ပျိုးခြင်း
အင်္ဂလိပ် အမည် - Snapdragons
ရုက္ခဗေဒ အမည် - Antirrhinum majus
ကျားပါးစပ်ပန်းဟာ အေးတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်တဲ့ အပင်ဖြစ်ပါတယ်။ ဒါကြောင့် တောင်ပေါ်ဒေသတွေမှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါတယ်။ မြေပြန့်လိုနေရာမျိုးတွေမှာ ဆိုရင်တော့ ဆောင်းရာသီမှာ စိုက်ပျိုးသင့်ပါတယ်။ သူရဲ့ မူရင်း ဒေသတွေကတော့ ဥရောပရဲ့ ကျောက်တောင်ပေါများတဲ့ နေရာတွေ၊ အမေရိကန်နဲ့ အာဖရိက မြောက်ပိုင်း ဒေသတွေပဲ ဖြစ်ပါတယ်။ ကျားပါးစပ်ပန်းရဲ့ အရောင်ဟာဆိုရင် ကြက်သွေးနဲ့ အပြာရောင်ကလွဲရင် အရောင်စုံရှိပါတယ်။ ၎င်းတို့ရဲ့ ပန်းပွင့်ကာလဟာ ကြာရှည်ပြီး ဇွန်လမှ စတင်ကာ အောက်တိုဘာလအထိ ပန်းပွင့်လေ့ရှိကြပါတယ်။ အပင်ဟာ ၃ ပေကနေ ၅ ပေအထိ မြင့်နိုင်ပါတယ်။
ကျားပါးစပ်ပန်း စိုက်ပျိုးမယ်ဆိုရင် မြေဟာ ရေစိမ့်ဝင်မှု ကောင်းပြီး မြေဆီသြဇာထက်သန်တဲ့ မြေမျိုးကို ရွေးချယ်သင့်ပါတယ်။ ပျိုးထောင်ပြီး စိုက်ပျိုးနိုင်ပါတယ်။ ပျိုးထောင်ရန်အတွက် သဲ ၁ ဆ၊ မြေဆွေး ၁ ဆ၊ နုန်းမြေ ၁ ဆ ရောစပ်ရပါမယ်။ ထိုကဲ့သို့ ရောစပ်ရမှာ ကျောက်တုံး၊ ကျောက်ခဲနှင့် အမှိုက်သရိုက်များ မပါအောင် ဂရုစိုက်ပေးရပါမယ်။ မျိုးစေ့များဟာ သေးငယ်တဲ့ အတွက် သဲနုနဲ့ ရောမွှေပြီးမှ ပျိုးဘောင်ပေါ် ချပေးရပါမယ်။ မျိုးစေ့ချပြီးပါက ကောက်ရိုးနဲ့ ဖုံးထားပြီး ရေအနည်းငယ် ဖျန်းပေးရပါမယ်။ ပျိုးခင်းအား နေရောင်တိုက်ရိုက် မကျစေဖို့အတွက် အရိပ်ပြုလုပ်ထားပေးသင့်ပါတယ်။ ပျိုးပင်ငယ်လေးများအရွက် ၄ ရွက်ခန့်ထွက်သောအခါ ပြောင်းရွှေ့ စိုက်ပျိုးနိုင်ပြီ ဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ စိုက်ကွက်ဖော်ပြီးလျှင် တစ်ပင်နှင့် တစ်ပင် ၉ လက်မခြားကာ စိုက်ပျိုးနိုင်ပြီ ဖြစ်ပါတယ်။ စိုက်ကွက် တစ်ခုနဲ့ တစ်ခုကြား ၁ ပေခြားပေးထားရပါမယ်။
ဆောင်းရာသီ အစောပိုင်းတွင် စိုက်ပျိုးပါက မေလ အစောပိုင်းလောက်တွင် ပန်းပွင့်မှာ ဖြစ်ပါတယ်။ ပန်းပွင့်သောအခါ မရင့်မီ ခူးဖြတ်ပေးခြင်းဖြင့် ပန်းပွင့်သော နှုန်းကို တိုးလာစေမှာ ဖြစ်ပါတယ်။ ပန်းပွင့်သည့် ကာလ ကြာရှည်စေရန်အတွက် ပိုတက် မြေသြဇာနှင့် မြေဆွေးတို့ကို တစ်ပတ်လျှင် တစ်ကြိမ်ကျွေးသင့်ပါတယ်။
ကျားပါးစပ်ပန်းဟာ ယေဘူယျအားဖြင့် ပိုးမွှားရောဂါ ကျရောက်မှု နည်းတဲ့ အပင်ဖြစ်ပါတယ်။ ခရု၊ ပက်ကျိ၊ ပျ စတဲ့ ပိုးအချို့ ကျရောက်ပြီး အပင် ရိနာခြင်း၊ မှဲ့ပြောက်စွန်းနဲ့ ရွက်မည်းကွက်တို့ကဲ့သို့ မှိုရောဂါ တစ်ချို့ တစ်ခါတစ်ရံ ကျရောက်တတ် ပါတယ်။
ဇင်ထူးနိုင်
ကိုးကားချက်
- ခေတ်မီ ဘက်စုံ စိုက်ပျိုးနည်းပညာ - မျိုးသန့် (B.Ag)
- https://en.wikipedia.org/wiki/Antirrhinum
- https://www.gardenersworld.com/how-to/grow-plants/how-to-grow-snapdragons-antirrhinum/
Phyo Thi Ha
လွန်ခဲ့သော ၅ နှစ် ကမျိုးသိချင်ပါတယ်
ဦးကျော်စိန်
လွန်ခဲ့သော ၆ နှစ် ကမ်ိဳး
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....