ဟင်းခတ်အမွှေးအကြိုင်ပင်များကို တာရှည်ခံပြုလုပ်ခြင်း
ဟင်းခတ်အမွှေးအကြိုင်ပင်များကို စိုက်ထားပြီးတာရှည်ခံအောင်ပြုလုပ်ချင်သူများ အရင်ဆုံးစဉ်းစားမိသည်က အခြောက်လှန်းခြင်း ဖြစ်ပါလိမ့်မည်။ သီးနှံပင်များကို အေးခဲ (Frozen) ထား၍လည်းရပါသည်။ မိမိစိုက်ပျိုးသော ဟင်းခတ်အမွှေးအကြိုင်ပင်များသည် မိမိသုံးရန် ပိုလျှံနေသည်ဖြစ်စေ၊ တာရှည်စွာသိုလှောင်လိုသည်ဖြစ်စေ၊ ဈေးကွက်သို့ပို့ရန်ဖြစ်စေ၊ အခြောက်လှန်းခြင်းနှင့် အေးခဲခြင်းဖြင့် တာရှည်ခံသည့်နည်းလမ်းများကို ညွှန်းပေးလိုပါသည်။
(က) အခြောက်လှန်းခြင်း
ဟင်းခတ်အမွှေးအကြိုင်ပင်မှ အရွက်များကို ချိတ်ဆွဲထားပေးခြင်း၊ အခြောက်လှန်းသောစင်ပေါ်မှ ဗန်းတွင်ဖြန့်ချထားခြင်း၊ အခြောက်ခံစက် (Dehydrator) သုံးခြင်းတို့ဖြင့် ခြောက်အောင်ပြုလုပ်နိုင်သည်။ အခြောက်ခံသော အခန်း သို့မဟုတ် ခြောက်ပြီးသိုလှောင်သောအခန်းသည် မှောင်(အလင်းရောင်မရှိ) ရသည်။ ခြောက်သွေ့နေရသည်။ နွေးနေရသည်။ လေဝင်လေထွက် ကောင်းနေရသည်။
(၁) အရွက်နှင့်အပွင့်
ပျက်ဆီးနေသော သို့မဟုတ် အိုဟောင်းသောအရွက်နှင့် အပွင့်များကို ပယ်ပစ်ရသည်။ ရိတ်သိမ်းစဉ်က မြေကြီးပေကျံနေသော အစိတ်အပိုင်းကို ရေအေးနှင့်အနည်းငယ်ဆေးကြောပြီး အခြောက်ခံရသည်။ ရိတ်သိမ်းထားသမျှကို ရေဆေးရန် မဟုတ်ချေ။
ပင်စိမ်း၊ ပူဒီနာပင်ကဲ့သို့ အရွက်ကြီးသော အမွှေးအကြုိင်ပင်မှ အရွက်များကိုခူးယူပြီး အခြောက်လှန်းစင်ပေါ်မှ ဗန်းထဲ သို့ မထပ်ဘဲ ဖြန့်၍ထည့်ရသည်။ ပင်စိမ်းပင်အရွက်ပေါ်၌ သတင်းစာစက္ကူ ဖုံးအုပ်ပေးလျှင် အစိမ်းရောင်မပျောက်တော့ချေ။
အပင်ငယ်များ၊ အကိုင်းများကိုချိန်ဆွဲ၍ အခြောက်လှန်းနိုင်သည်။ အခြောက်လှန်းရန်အတွက် အပင်ငယ်များ၊ အကိုင်းအခက်များ၏အရင်းပိုင်းကို ညီညာအောင်ထားပြီး စု၍စည်းရသည်။ အနေတော်အရွယ်ရှိအစည်းများကို ဇောက်ထိုးချိတ်ဆွဲရသည်။ အကယ်၍ အခြောက်ခံကိရိယာ (Dehydrator) ကိုအသုံးပြုလျှင် ညွှန်ကြားချက် (Instruction) အတိုင်းဆောင်ရွက်ရသည်။ အရွက်များကို အပင်မှခူးဆွတ်၍ အရွက်ချည်း အခြောက်လှန်းလျှင် ပိုမို၍မြန်နိုင်သည်။
ဟင်းခတ်အမွှေးအကြိုင်ပင်တို့၏ အရွက်နှင့်အပွင့်တို့သည် ကြွပ်ရွနေလျှင် ခြောက်ပြီဖြစ်သည်။ အပင်ပေါ်တွင် ခြောက်နေသောအရွက်များကို အသာအယာခူးယူ၍ စက္ကူအခြောက်ပေါ်တင်ထားပြီးမှသာ သိုလှောင်ရသည်။ လာဗင်ဒါရေမွှေးပန်းကဲ့သို့သော အမွှေးအကြိုင်ပင်ကို ပန်းပွင့်များ မခူးဘဲ ထားနိုင်သည်။
(၂) အစေ့များ
အစေ့ခိုင်များကိုစုစည်း၍ မလျော့မတင်းချည်နှောင်ရသည်။ ထိုအစေ့ခိုင်များကို ဇောက်ထိုးကိုင်၍ ခေါင်းများကို သေတ္တာပေါ် သို့မဟုတ် စက္ကူအိတ်ထဲသို့ မျက်နှာမူရသည်။ ခြောက်သွေ့နေလျှင် အစေ့များ ထွက်ကျလာမည်ဖြစ်သည်။ ကျန်ရှိနေသော အစေ့များပါ ထွက်ကျစေရန် အသာအယာအစေ့ခေါင်းကို ပွတ်ပေးရသည်။ အစေ့မဟုတ်သော အခြားအစိတ်အပိုင်းများပါရှိပါက ဆန်ကာနှင့်ချ၍ဖြစ်စေ၊ လေနှင့်အသာမှုတ်၍ဖြစ်စေ သန့်စင်ရသည်။
(ခ) အေးခဲခြင်း
အချို့ဟင်းခတ်အမွှေးအကြိုင်ပင်သည် ခြောက်သွေ့သွားသောအခါ အနံ့လျော့သွားတတ်သည်။ ထိုသို့သောအပင်မျိုးနှင့် အရွက်နုနယ်သောအပင်မျိုးများကို အေးခဲစေသောနည်းလမ်းဖြင့် တာရှည်ခံအောင်လုပ်ရသည်။ အေးခဲသောနည်းလမ်းဖြင့် တာရှည်ခံအောင်ပြုလုပ်သင့်သော သီးနှံများမှာ ချိုက် (Chives)၊ ရှာဗီလ် (Chervil)၊ တာရာဂွန် (Tarragon)၊ ပင်စိမ်း (Basil)၊ တရုတ်နံနံ (Parsley)၊ စမြိတ် (Dill)၊ စမုန်နက် (Fennel) နှင့် ပူဒီနာပင် (Mint) တို့ဖြစ်သည်။
အမွှေးအကြိုင်ပင်ကို အေးခဲမည်ဆိုလျှင် သန့်ရှင်းပြီးခြောက်သွေ့နေသောအရွက် တစ်ရွက်ချင်းဖြစ်စေ၊ တစ်ခိုင်(တစ်အုံ) ချင်းဖြစ်စေ ရေခဲသေတ္တာသုံး ပလပ်စတစ်အိတ်ထဲသို့ ထည့်ရသည်။ အိတ်ကိုလေလုံအောင်ပိတ်ပြီးလျှင် အမည်နှင့်ရက်စွဲတပ်ရသည်။ အိတ်နှစ်ထပ်ထည့်ပေးလျှင် ထပ်မံခြောက်သွေ့ခြင်းနှင့် အနံ့လျော့နည်းခြင်းတို့မဖြစ်တော့ချေ။
အေးခဲသောအခြားနည်းလမ်းတစ်နည်းမှာ သစ်သီးဖျော်စက်တွင် အမွှေးအကြိုင်သီးနှံထည့်ပြီး ရေနည်းနည်းနှင့်မွှေ၍ သီးနှံအနှစ်(Puree) လုပ်ရသည်။ ထိုအနှစ်ကိုရေခဲသောခွက်များတွင်ထည့်၍ ခဲရသည်။ အနှစ်များအတုံးအခဲဖြစ်သွားသောအခါ ပလပ်စတစ်အိတ်ကြီးတွင်ထည့်ပြီး အေးခဲသေတ္တာ (Freezer) ထဲ၌ သိုလှောင်နိုင်သည်။ လိုအပ်သောအခါ အတုံးငယ်လေးတစ်တုံးဖြစ်စေ၊ နှစ်တုံးဖြစ်စေ သုံးစွဲခြင်းဖြင့် အမွှေးအကြိုင်နံ့ကိုရရှိသည်။
ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၂) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများကို ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....