သစ်ခွပန်း (Orchid) စိုက်ပျိုးနည်း
သစ်ခွသည်တောတောင်များတွင် သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိသော သစ်ခွနှင့် လူတို့ မျိုးစပ်၍ရသော စပ်မျိုးဟူ၍ နှစ်မျိုးရှိရာနှစ်မျိုးစလုံးကို ပန်းနှင့်အလှစိုက်ပင်အဖြစ် စိုက်ပျိုး လျက်ရှိသည်။ သစ်ခွသည်အမျိုးအမည်များပြားလှသလို အရောင်အသွေးလည်းစုံလင်လှပါသည်။ ဖယောင်းသစ်ခွ၊ ကြက်တူရွေးသစ်ခွ၊ ရတနာကရွှခက်သစ်ခွ၊ လက်တံတိုသစ်ခွ၊ လက်တံရှည်သစ်ခွ၊ မိုးလုံးမှိုင်းသစ်ခွ၊ ကုမ္မာရီသစ်ခွ၊ မျောက်သစ်ခွ စသဖြင့်အမျိုးမျိုးရှိကြသလို အရောင်အဆင်း အားဖြင့်လည်း ဝါ၊ စိမ်း၊ နီ၊ ပြာ၊ဖြူစသဖြ င့် စုံလင်လှပါသည်။
သစ်ခွမျိုးနွယ်ကိုအခြေခံအားဖြင့် ကြီးထွားပုံပေါ်မူတည်ပြီး ဒေါင်လိုက်ကြီးထွားသော (မိုနိုပိုဒီယယ်) သစ်ခွအုပ်စုနှင့် အလျားလိုက် ကြီးထွားသော (ဆင်ပိုဒီယယ်) သစ်ခွအုပ်စု ဟူ၍နှစ်မျိုးခွဲနိုင်ပါသည်။ စိုက်ပျိုးရာတွင်လည်းကောင်း၊ မျိုးပွားရာတွင်လည်းကောင်း၊ ကြီးထွားမှု ပုံစံကပါ်မူတည်ပြီး ကွဲပြားခြားနားသွားပါသည်။ သစ်ခွများတွင် ရာသီမရွေး တစ်နှစ်ပတ်လုံး ပွင့်တတ်သည့်အမျိုးအစားများနှင့် ရာသီအလိုက် တစ်နှစ်တစ်ခါသာပွင့်သည့် အပင်အမျိုးအစားဟူ၍ နှစ်မျိုးတွေ့နိုင်ပါသည်။ မြန်မာ့သစ်ခွများသည် ရာသီချိန်တစ်ခုသာပွင့်လေ့ရှိပါသည်။ စီးပွားဖြစ်စိုက်ပျိုးရန်အတွက် ရာသီမရွေးပွင့်သည့်သစ်ခွ အမျိုးအစားများကိုသာ ရွေးချယ် စိုက်ပျိုးသင့်ပါသည်။
မျိုးပွားခြင်း
သစ်ခွကို မျိုးပွားရာ၌ အစာသိုကလှာင်သော ပင်စည်ပိုင်း (Pseudobulb) များအား ခွဲယူစိုက်ပျိုးခြ င်း (Division) အားဖြင့်လည်းကောင်း၊ ပင်စည်ထိပ်ပိုင်းအား ဖြတ်၍စိုက်ပျိုးခြင်း (Top Cutting) အားဖြင့်လည်းကောင်း သစ်ခွမျိုးစေ့များနှင့် အပင်၏အစိတ်အပိုင်းများကို ဓာတ်ခွဲခန်းအတွင်း အာဟာရပြင်ပေါ်တွင် ပိုးသန့်မွေးမြူခြင်း (Tissue culture) တို့ဖြင့် သစ်ခွကို မျိုးပွားစိုက်ပျိုးနိုင်ပါသည်။

စိုက်ပျိုးမြေပြုပြင်ခြင်း
သစ်ခွကိုမြေအိုး၊ ပလတ်စတစ်အိုး၊ သစ်သားခြင်းစသည်တို့တွင် ထည့်၍လည်းကောင်း ၊မြေချ၍ လည်းကောင်း၊ သစ်သားကိုင်းကိုအုန်းဆံပတ်၍လည်းကောင်း၊ သစ်ပင်တွင်ကပ်၍လည်းကောင်း စိုက်ပျိုးကြလေ့ရှိပါသည်။ ကတ်တဲလီယာ (Cattleya)၊ စင်ဗီဒီယမ် (Cymbidium)၊ ဒမ်ဒရိုဗီယမ် (Dendrobium)၊ အစရှိသည့် ဆင်ပိုဒီယယ် (sympodial) သစ်ခွများကို မြေအိုး၊ ပလတ်စတစ်အိုးများဖြင့် စိုက်ပျိုးကြလေ့ရှိကြပါသည်။ သစ်ခွသည် ရေအစိုဓာတ် ရရုံသာလိုအပ်ပြီး ရေအိုင်နေသည်ကို မနှစ်သက်ပါ။ ထို့ကြောင့် သစ်ခွစိုက်သည့်အိုးမှာ ရေထွက်ပေါက် များစွာရှိရပါမည်။ ရေထွက်ပေါက် မပိတ်စေရန် အိုးထဲတွင် အုတ်ခဲကျိုး၊ အိုးကွဲများခံပြီးနောက် ပျိုးခံ ပစ္စည်းများထည့်ပေးရပါမည်။ ပျိုးခံပစ္စည်းများအဖြစ်မီးသွေးခဲ၊ အုတ်ခဲကျိုး၊ အုန်းဆံဖတ်၊ သစ်ခေါက်ဖတ်စသည် တို့ကိုရောစပ်၍ ထည့်ပေးရပါသည်။ ဗင်ဒါ (Vanda)ကဲ့သို့ကသာ မိုနိုပိုဒီယယ် (monopodial) သစ်ခွများကို သစ်သားခြင်းတွင် ထည့်၍လည်းကောင်း၊ သစ်သားတိုင်များတွင် ကပ်၍ လည်းကောင်း စိုက်ပျိုးကြပါသည်။ သစ်သားခြင်းကို အသားပွပြီး အမြစ်တွယ်ရန် လွယ်ကူသော သစ်သားနှင့် ပြုလုပ်ရပါမည်။ သစ်သားခြင်းထဲတွင် ပျိုးခံပစ္စည်း ထည့်ပေးရန်မလိုအပ်ပါ။
ပင့်ကူသစ်ခွ (spider orchid)၊ အရိုးသစ်ခွ (stick orchid)၊ အရန်ဒါသစ်ခွ (Aranda) စသည့် မိုနိုပိုဒီယယ် (monopodial) သစ်ခွများကို များသောအားဖြ င့် မြေတွင်ချ၍ အခင်းလိုက် စိုက်ပျိုးလေ့ရှိပါသည်။ မြေတွင်ချ၍စိုက်ပျိူးထားသော သစ်ခွများအတွက် မြောင်းတူးပြီး အောက်ခြေတွင် မြေဆွေး၊ နွားချေးဆွေး၊ အုတ်ခဲကျိုး၊ အုန်းဆံဖတ်များထည့်ပြီး အပင်များကို စိုက်ပျိုးရပါမည်။ အပင်မြင့် တက်လာချိန်တွင် တန်းများပစ်၍ တိုင်ထောင်ပေးရမည်။
သစ်ကိုင်းကို အုန်းဆံပတ်၍စိုက်ပျိုးရာတွင် ထုထောင်းပြီး သုံးလေးရက် ရေစိမ်ထားသည့် အုန်းဆံ များနှင့် သန့်စင်ထားသော သစ်ကိုင်းတွင် သစ်ခွအမြစ်များကို ရစ်ပတ်ချည်နှောင် စိုက်ပျိုး ရပါသည်။
စိုက်ပျိုးပြုစုခြင်း
သစ်ခွသည် စွတ်စိုထိုင်းမှိုင်းသော ရာသီဥတုကို နှစ်သက်သည်။ အမြစ်များသည် လေထဲမှ အစိုဓာတ်နှင့် အာဟာရဓာတ်တို့ကို စုပ်ယူစားသုံးကြပါသည်။ သစ်ခွကို နံနက်ခင်း နေရောင် ခြည် ကောင်းစွာရရှိပြီး လေဝင်လေထွက်ကောင်းစွာရရှိသောနေရာများတွင် ရွေးချယ် စိုက်ပျိုး သင့်ပါသည်။ သစ်ခွကို အိုးတွင်ထည့်၍ စိုက်ပျိုးရာ၌ အပင်ကို ပျိုးခံပစ္စည်းများ၏ အပေါ်ယံတွင်တင်၍ စိုက်ပျိုးရပါမည်။ သစ်သားခြင်းထဲထည့်၍ စိုက်ပျိုးရာတွင် အပင်ကို အမှီတစ်ခုခုရရန် တိုင်ထောင်၍ စိုက်ပျိုးရပါမည်။ သစ်ခွပင်အမြစ်စွဲပြီးသည့်နောက် ယင်းကြားခံတိုင်ကို ဖယ်ရှားပေးရပါမည်။ သစ်ခွပင် များကို နွေရာသီတွင် တစ်နေ့လျှင် ရေ ၂ ကြိမ်ဖျန်းပေးရပါမည်။ သစ်ခွပင်ကြီးထွားမှု စတင်လာလျှင် လိုအပ်သော အစာအာဟာရကို နေ့စဉ်ကျွေးသွားရပါမည်။ သဘာဝမြဩဇာအဖြ စ် နွားချေး၊ ကြက်ချေးတို့ကို အမှုန့်လုပ်၍လည်းကကာင်း၊ သစ်ရွက်ခြောက်မှုန့်နှင့် အရိုးမှုန့်တို့ကို လည်းကောင်း သုံးစွဲကြပါသည်။ အင်ဩဂဲနစ်ဓာတ်မြေဩဇာကို အသုံးပြုရာတွင်သစ်ခွပန်းအများစုက ပြင်းအား လျော့နည်းသည့် အရွက်ဖျန်း ဓာတ်မြေဩဇာအရည်ဖြ င့် ပက်ဖျန်းလေ့ရှိပါသည်။
ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း
သစ်ခွပင်တွင် အများဆုံးကျရောက်တတ်သော ပိုးမွှားများမှာ ချိပ်ပိုး၊ ဆစ်ပိုး၊ ဝါဂွမ်းပိုး၊ မွှားပင့်ကူ၊ ပျ၊ ခရု၊ ပက်ကျိ စသည်တို့ဖြစ်ပါသည်။ ယင်းတို့ကို သင့်လျော်သော ပိုးသတ်ဆေး လက်ဖက်ရည်ဇွန်းတစ်ဇွန်းလျှင် ရေတစ်ဂါလံနှင့် ရောစပ်၍ လောင်းပေးရပါမည်။ သစ်ခွပင်များသည် အချိန်အခါမရွေး မှိုရာဂါ၊ ဗိုင်းရပ်စ်ရာဂါ၊ ဘတ်တီးရီးယားကရာဂါများ ကျရာက် တတ်ပါသည်။ ရောဂါပိုးများ ကျရောက်နေသည့် အပင်အစိတ်အပိုင်းများကို ဖြတ်တောက်ပစ်ရန်လိုပါသည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် မှိုသတ်ဆေးတစ်မျိုးမျိုးကို အပတ်စဥ် ဖျန်းပေးရပါမည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးနေလင်း
လွန်ခဲ့သော ၃ ပတ် ကအမျိုးအစားများ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....