ကိုဗစ်ကာကွယ်နှာဖျန်းဆေး ထိုင်းနိုင်ငံမှာ ရနိုင်ပြီ...
‘ Besuto Qlears ’ လို့ခေါ်တဲ့ ထိုင်းနိုင်ငံရဲ့ ပထမဆုံး ကိုဗစ်ကာကွယ်နှာဖျန်းဆေး (နှာခေါင်းထဲသို့ ဖျန်းပေးရသည့်ဆေး)ကို ထိုင်းနိုင်ငံ မဟီဒေါလ်တက္ကသိုလ်ရဲ့ သုတေသနပညာရှင်များနဲ့ သိပ္ပံပညာရှင်တွေက မိတ်ဖက်အဖွဲ့တွေရဲ့အကူအညီနဲ့ ပူးပေါင်းတီထွင်ထုတ်လုပ်လိုက်တာပါ။

မဟီဒေါလ်တက္ကသိုလ်ရဲ့ အပူပိုင်းဒေသဆေးဝါးဌာနနဲ့ Biotec, Quantum Biotech, Healthlead ကုမ္ပဏီတွေ ပူးပေါင်းတီထွင်ထုတ်လုပ်တာဖြစ်ပါတယ်။
သံပရာခွံတွေအပါအဝင် ရှောက်၊ သံပရာ မျိုးရင်းတွေကနေ ထုတ်ယူရရှိတဲ့ သဘာဝပါဝင်ပစ္စည်းတွေနဲ့ချည်း ဖော်စပ်ထုတ်လုပ်ထားတာလို့ ဆိုပါတယ်။
သူ့ရဲ့ ကာကွယ်နိုင်မှုအစွမ်းကတော့ ကိုဗစ် -19 ဗိုင်းရပ်စ် တစ်မျိုးတည်းတင် မဟုတ်ပါဘူး။ ရာသီတုပ်ကွေး H1N1, ဖျားနာခြင်းဖြစ်စေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်တဲ့ Respiratory Syncytial Virus (RSV) တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်တဲ့။
ဒါ့အပြင် ဆဲလ်တွေကိုတိုက်ခိုက်တဲ့ဗိုင်းရပ်စ်တွေရန်ကို ကာကွယ်ပေးခြင်း၊ အအေးမိ တုပ်ကွေး ချောင်းဆိုး ရင်ကျပ် ရေကျောက် ရောဂါတွေဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တိုက်ခိုက်ခံရခြင်း (Viral infection) ကို လျှော့ချပေး နိုင်ခြင်း၊ အလာ့ဂျစ်ဖြစ်မှုကို သက်သာစေခြင်း စတဲ့ အစွမ်းသတ္တိတွေပါ ပါဝင်တယ်လို့လည်း ညွှန်းထားပါသေးတယ်။
ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးဖြစ်နိုင်မှုတွေအပေါ် စမ်းသပ်ချက်တွေပြုလုပ်အပြီးမှာတော့ လက်ရှိမှာ ထိုင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အန္တရာယ်ကင်းတဲ့ နေ့စဉ်သုံးဆေးဝါးအဖြစ် ခွင့်ပြုပေးလိုက်တာပါ။
ဆေးထုတ်လုပ်သူတွေကတော့ ဆေးကိုတစ်ကြိမ်ဖျန်းထားလိုက်ရင် ၃၊ ၄ နာရီလောက် ကာကွယ်ပေးထားနိုင် တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအမျိုးသားသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးအေဂျင်စီရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာဗီရာဝပ်ချမ်ပရီဒါ ကတော့ ဒီဆေးဟာ သဘာဝပါဝင်ပစ္စည်းတွေနဲ့ချည်းထုတ်လုပ်ထားတာလို့ ပြောပါတယ်။ ဒါဟာ သံပရာခွံ တွေလိုမျိုး စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းတွေကို ဆေးဝါးအဖြစ်အသွင်ပြောင်းအကျိုးရှိရှိ အသုံးချခြင်းဖြင့် ဇီဝလည်ပတ်မှုဆိုင်ရာ အစိမ်းရောင်စီးပွားရေးအပေါ် ကူညီရာလည်း ရောက်စေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ‘ Besuto Qlears ’နှာဖျန်းဆေးကို ထိုင်းနိုင်ငံအနှံ့အပြားက ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်နေပြီ ဖြစ်ပြီး နိုင်ငံတကာဈေးကွက်ထံ တင်ပို့သွားဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။
Photos Crd_ Besuto FB page
Ref: https://bit.ly/3UIhwIP
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Zaw Ye Thu
လွန်ခဲ့သော ၃ နှစ် ကo
ဆက်စပ်ဆောင်းပါးများ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
ဆက်စပ်မေးခွန်းများ
အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်
wai phyo naing • ဖြေကြားချက် 0 ခု
ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား
Sawsamson • ဖြေကြားချက် 1 ခု
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....