အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
COVID-19 ရောဂါ ဖြစ်ပွားကူးစက်ပျံ့နှံ့မှု မရှိစေရန် ရခိုင်ပြည်နယ်သို့ (၁၀-၈-၂၀၂၀) ရက်နေ့ နောက်ပိုင်းခရီးသွားလာမှုများရှိခဲ့ပါက မဖြစ်မနေသတင်းပေးပို့ကြပါရန် သတိပေးနှိုးဆော်ချက်

COVID-19 ရောဂါ ဖြစ်ပွားကူးစက်ပျံ့နှံ့မှု မရှိစေရန် ရခိုင်ပြည်နယ်သို့ (၁၀-၈-၂၀၂၀) ရက်နေ့ နောက်ပိုင်းခရီးသွားလာမှုများရှိခဲ့ပါက မဖြစ်မနေသတင်းပေးပို့ကြပါရန် သတိပေးနှိုးဆော်ချက်

Thein Soe Min
Thein Soe Min • 29/08/2020

(၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၈ ရက်)

(လက်ကိုင်စပီကာဖြင့် ပြောကြားရန် အခြေခံအချက်များ)

(၁) ရခိုင်ပြည်နယ်အတွင်း ‌ဒေသတွင်းကူးစက်မှုများအဖြစ် လတ်တလောတွေ့ရှိနေရသည့် (COVID-19) ရောဂါ သည် အလွန်ကူးစက်မှုမြန်ဆန်သည်ကို တွေ့ရှိရပြီး ကူးစက်ခံရသူများ၏ (၇၉) ရာခိုင်နှုန်း (လူ ၁၀၀ လျှင် ၇၉ ဦး) ၌ ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသခြင်းမရှိပါ။ ပိုးရှိသူများသည် အမြင်အားဖြင့် နေကောင်းကျန်းမာ စွာရှိသော်လည်း ထိတွေ့မှုရှိသူများကို လျင်မြန်စွာ ဆက်လက်ကူးစက်နိုင်သည်ကို တွေ့ရပါသည်။ 

(၂) (၁၀-၈-၂၀၂၀)ရက်နေ့ နောက်ပိုင်းရခိုင်ပြည်နယ်အတွင်းသို့ ခရီးသွားလာမှုရှိခဲ့ပါက သင်ကိုယ်တိုင် ရောဂါပိုး သယ်ဆောင်ဖြန့်ဖြူးသူ ဖြစ်နေနိုင်ပါသဖြင့် သင်ချစ်ခင်ရသော မိသားစုများနှင့် ပတ်ဝန်းကျင်ရှိ မိတ်ဆွေများထံ ဆက်လက်ရောဂါပြန့်ပွားမှု မရှိစေရန်အတွက် နီးစပ်ရာကျန်းမာရေးဌာနနှင့် အုပ်ချုပ်‌ရေးမှူးရုံးသို့ ချက်ချင်း သတင်းမှန်ပေးပို့ပါ။ 

(၃) ခရီးသွားလာခဲ့သူ သင်ကိုယ်တိုင်နှင့် သင်နှင့်ထိတွေ့ခဲ့သူများတွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ ခက်ခဲခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း စသည့် ရောဂါသံသယလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် အုပ်ချုပ်‌ရေးမှူးရုံးသို့ ချက်ချင်း သတင်းမှန်ပေးပို့ပါ၊ စောစီးစွာ ဆေးကုသမှု ခံယူပါ။

(၄) တစ်နိုင်ငံလုံးရှိ ပြည်သူအားလုံးအနေဖြင့် (COVID-19) ရောဂါသည် ဒေသအများအပြားသို့ အရှိန်အဟုန်ဖြင့် ကူးစက်ပြန့်ပွားလာနိုင်မှုကို ထိရောက်စွာကာကွယ်ရန် အောက်ပါအချက်များကို အထူးဂရုပြု၍ အတိအကျ လိုက်နာပေးပါ - 

• မိမိအိမ်မှာသာ နေပါ၊

• မဖြစ်မနေ အပြင်ထွက်ရလျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ပါ၊

• တစ်ဦးနှင့်တစ်ဦး (၆) ပေ အကွာ ခပ်ခွာခွာ နေထိုင်ပြောဆိုပါ၊

• လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံးစက္ကန့် (၂၀) ကြာအောင် မကြာခဏ စနစ်တကျ ဆေးကြောပါ၊

• ရောဂါပိုးရှိသူအတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့မှုရှိသူများကို ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းစဉ်များ တွင် အပြည့်အဝ ပူးပေါင်းပါဝင်ပေးပါ၊

• အသွားအလာကန့်သတ်ခြင်း (Quarantine) လုပ်ငန်းများကို သတင်းပို့လာသူများ၏ ခရီးသွားရာဇဝင် အပေါ် မူတည်၍ သတ်မှတ်ကာလအတွင်းသာ နေထိုင်စေရေး စီစဉ်ထားပါသဖြင့် ပူးပေါင်းကူညီပေးပါ၊ ရခိုင်ပြည်နယ်အတွင်းသို့ ခရီးသွားခဲ့ခြင်းရှိသူများအားလည်း သတင်းပို့ရန် တိုက်တွန်းပေးပါ၊

• ယခု နှိုးဆော်ချက်ပါ အချက်များကို သင့်မိသားစုဝင်များ၊ မိတ်ဆွေများထံ ဆက်လက်ဖြန့်ဝေပေးပါ။

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

#Ministry_of_Health_and_Sports, #MoHS, #COVID19, #ကိုရိုနာဗိုင်းရပ်စ်

https://www.mohs.gov.mm/

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ

Aung Myo Oo • ဖြေကြားချက် 1 ခု

အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်

wai phyo naing • ဖြေကြားချက် 0 ခု

ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။

ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

Phyo Zaw Hein • ဖြေကြားချက် 3 ခု

မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား

Sawsamson • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။