ကမ္ဘောဒီးယားတွင် အမျိုးသားတစ်ဦး မိကျောင်းကန်တွင်း ပြုတ်ကျသေဆုံး
ကမ္ဘောဒီးယားမြောက်ပိုင်းမှာ မိကျောင်းမွေးမြူရေးသမားတစ်ဦး မိကျောင်းကန်တွင်းပြုတ်ကျခဲ့ပြီး မိကျောင်း တွေရဲ့ ကိုက်စားသတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ ဒေသတွင်းရဲတွေထံကသိရကြောင်း BBC သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

လွမ်နမ်လို့ခေါ်တဲ့ အဲ့ဒီ ၇၂ နှစ်အရွယ်အမျိုးသားဟာ မိကျောင်းတစ်ကောင်ကို နေရာရွှေ့ဖို့လုပ်ဆောင်နေစဉ် အဲ့ဒီမိကျောင်းက သူ့ရဲ့ တုတ်တံကို ဆတ်ခနဲဆွဲယူချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
“ တခြားမိကျောင်းတွေကပါ သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့ သူသေသွားတယ်” လို့ ရဲချုပ် မေဆက်ဘရီက AFP သတင်းဌာနကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီအဖြစ်အပျက်ဟာ မြို့တော် ဆီရမ်ရိအနီးမှာ ပြီးခဲ့တဲ့သောကြာနေ့က ဖြစ်သွားခဲ့တာပါ။
“ မစ္စတာနမ်ရဲ့ခန္ဓာကိုယ်မှာ မိကျောင်းကိုက်ရာတွေနဲ့ပြည့်နေပြီး လက်တစ်ဖက်လည်းပျောက်သွားပါတယ်” လို့ ရဲချုပ် မေဆက်ဘရီက ဆိုပါတယ်။
မိကျောင်းကိုက်ခံလို့သေဆုံးသွားသူဟာ ဒေသတွင်းမိကျောင်းမွေးမြူရေးတောင်သူအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်တုန်းကလည်း ကမ္ဘာ့နာမည်ကျော် အန်ကောဝပ်ဘုရားကျောင်းအနီး ဒီဒေသတွင်းက အလားတူ မိကျောင်းမွေးမြူရေးကန်တစ်ကန်မှာပဲ ၂ နှစ်အရွယ်မိန်းကလေးတစ်ယောက် မိကျောင်းတွေရဲ့သတ်ဖြတ်စားသောက်ခြင်းခံခဲ့ရဖူးတယ်လို့ သိရပါတယ်။
အရှေ့အာရှနိုင်ငံတွေမှာ မိကျောင်းတွေကို ဥတွေ၊ သားရေတွေနဲ့ အသားတွေအတွက် ရည်ရွယ်မွေးမြူကြတာ ဖြစ်ပါတယ်။
Ref: https://www.bbc.com/news/world-asia
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
နိုင်ငံတကာသတင်း
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026