‘မျောက်တွေကို အုန်းသီးခူးခိုင်းတာမလုပ်ဘူး’ လက်မှတ်ရ ထိုင်းအုန်းစိုက်တောင်သူများ
ထိုင်းအုန်းစိုက်တောင်သူတွေဟာ မျောက်တွေကို အုန်းသီးခူးခိုင်းပြီး အခမဲ့ အလုပ်သမားအဖြစ် အသုံး ချနေလို့ အရေးယူပေးပါဆိုပြီး အာရှအခြေစိုက် တိရစ္ဆာန်အခွင့်အရေးအဖွဲ့ (PETA Asia) ရဲ့ စွပ်စွဲချက်ကို ပြန်တုံ့ပြန်တဲ့ အနေနဲ့ ‘မျောက်ကင်းမဲ့’ အသိအမှတ်ပြုလက်မှတ်တွေကို စိုက်ပျိုးရေးဌာနကနေ ရယူလာကြတယ် လို့ သိရပါတယ်။
ထိုင်းနိုင်ငံ၊ ရက်ချနာဘူရီနဲ့ စမွတ်စခွန် စီရင်စုတွေက အုန်းစိုက်တောင်သူတွေဟာ ဒီလိုအသိအမှတ်ပြု လက်မှတ်တွေ ရယူလာတာဖြစ်ပြီး ဒီလက်မှတ်တွေက ‘အုန်းသီးခူးတဲ့နေရာမှာ မျောက်တွေကို မသုံးပါဘူး’ ဆိုတာကို အသိအမှတ်ပြုပေးသွားမှာပါ။

PETA Asia ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ ဓာတ်ပုံအထောက်အထားတွေ၊ ဗီဒီယိုအထောက်အထားတွေနဲ့ ဒီကိစ္စကို ထုတ်ဖော်လိုက်ပြီးနောက် ကမ္ဘာ့အာရုံစိုက်မှုကိုပါ ဖြစ်စေခဲ့ပါတယ်။ အုန်းရည်၊ အုန်းနို့နဲ့ အခြား အုန်းထုတ်ကုန် တွေဟာ လူအများစု အထူးသဖြင့် သက်သတ်လွတ်သမားတွေအတွက် အဓိက အစားအစာဖြစ်နေတာပါ။ ဒါပေမဲ့ ဒီလိုထုတ်ကုန်တွေအတွက် အုန်းသီးတွေ ခူးရာမှာတော့ အုန်းစိုက် တောင်သူအများစုဟာ မျောက်တွေကို အသုံးချနေတာကို PETA Asia က တွေ့ရှိခဲ့တာပါ။
PETA Asia ဟာ အုန်းသီးခူးဖို့မျောက်တွေကို လေ့ကျင့်ပေးတဲ့နေရာတွေ၊ မျောက်အုန်းသီးခူးပြိုင်ပွဲလုပ်တဲ့ နေရာတွေကို သွားရောက်မှတ်တမ်းတင်ခဲ့ပြီးနောက် ‘ခေါင်းပုံဖြတ်အမြတ်ထုတ်ညှင်းပန်းမှု’ လို့ ခေါင်းစဉ်တပ်စွပ်စွဲခဲ့ပါတယ်။
သာမန်လူတစ်ယောက်ဟာ အကြမ်းဖျဉ်းအားဖြင့် တစ်နေ့အုန်းသီးအလုံး ၈၀ လောက်ပဲ ခူးနိုင်တဲ့အချိန်မှာ တချို့မျောက်ထီးတွေကတော့ တစ်နေ့ အလုံး ၁၀၀၀ လောက်ထိ ခူးနိုင်တယ်လို့ PETA Asia က ဆိုပါတယ်။ ဒါပေမဲ့ အဲ့လိုမျောက်တွေကို ထားတဲ့နေရာတွေကတော့ အများအားဖြင့် ကျဉ်းကျုတ်ညစ်ပတ်နေတဲ့ နေရာတွေပါတဲ့။
“ မျောက်အများစုဟာ သူတို့ကလေးဘဝကတည်းက သူတို့ရဲ့သဘာဝရိပ်မြုံ၊ မိသားစုရင်ခွင်တွေဆီကနေ အတင်းအကြပ် ဆွဲထုတ်ခံခဲ့ရတယ်။ ပြီးရင် သူတို့ကို အုန်းသီးခူးခိုင်းလို့ မရသေးခင်အချိန်ထိ သတ္တုလည်ပင်းကြိုးကျပ်ကျပ်တွေနဲ့ လံထားခံရတာ” လို့ PETA Asia က ဆိုပါတယ်။
ဒီနောက်ပိုင်းတော့ ထိုင်းစိုက်ပျိုးရေးဌာနဟာ နိုင်ငံတကာအုန်းအဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့ပြီး ကောင်းမွန်တဲ့ စိုက်ပျိုးရေးအလေ့အထ GAP အတွက် အကောင်အထည်ဖော်ခဲ့ကာ GAP မျောက်ကင်းမဲ့ အစီအစဉ်ဆီကို ဦးတည်ခဲ့တာပါ။
လက်ရှိမှာ ရက်ချနာဘူရီစီရင်စုက Theppadungporn Coconut ကုမ္ပဏီနဲ့ စမွတ်စခွန်စီရင်စုက K-Fresh ကုမ္ပဏီတွေကို မျောက်ကင်းမဲ့အသိအမှတ်ပြုလက်မှတ်တွေထုတ်ပေးထားပြီးပြီလို့ ထိုင်းစိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူးချုပ် ရာပီပက်ချန်ဆရီဝန်က ပြောပါတယ်။
တခြားအုန်းစိုက်တောင်သူတွေအနေနဲ့လည်း မျောက်ကင်းမဲ့ ပရိုဂရမ်မှာ ပါဝင်ပူးပေါင်းကြပြီး ဌာနရဲ့ စိုက်ပျိုးရေး သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနမှာ မှတ်ပုံတင်ကြဖို့ ရာပီပက်က တိုက်တွန်းလိုက်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ်အတွင်း အုန်းနို့တန်ချိန်ဘီလျံ ၂၄၀ ထိ ပြည်ပတင်ပို့ခဲ့ပြီး ဝင်ငွေ ထိုင်းဘတ် ၁၃ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၄၀၀) ရခဲ့တယ်လို့ သိရပါတယ်။ ထိုင်းအုန်းနို့ဟာ အမေရိကန်နဲ့ ဥရောပရဲ့ အုန်းထုတ်ကုန်ဈေးကွက်မှာ အကြီးမားဆုံးဈေးကွက်ဝေစုကို ချုပ်ကိုင်ထားနိုင်တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026