အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရွှံ့ထဲဗွက်ထဲမှာ ကခုန်ပျော်ပါးရင်းဆင်နွှဲကြတဲ့ နီပေါလူမျိုးတွေရဲ့ စပါးစိုက်ပွဲတော်

ရွှံ့ထဲဗွက်ထဲမှာ ကခုန်ပျော်ပါးရင်းဆင်နွှဲကြတဲ့ နီပေါလူမျိုးတွေရဲ့ စပါးစိုက်ပွဲတော်

Green Way
Green Way • 06/07/2023

နီပေါနိုင်ငံမှာက နှစ်စဉ်မုတ်သုံရာသီအစတိုင်းမှာ စပါးစိုက်ပွဲဆိုပြီး ရွှံထဲဗွက်ထဲမှာ ပျော်ရွှင်စွာ ဆော့ကစားကြရင်း စပါးစိုက်ပွဲ ဆင်နွှဲကြတာပါ။ အခုနှစ်အတွက် စပါးစိုက်ပွဲတော်ကိုတော့ ဇွန်လ ၃၀ ရက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

နီပေါနိုင်ငံတစ်ဝန်းက ထောင်ပေါင်းများစွာသော အမျိုးသား၊ အမျိုးသမီးတွေဟာ ဒီပွဲတော်မှာ တစ်ဦးနဲ့တစ်ဦး လယ်ကွင်းထဲကရွှံ့တွေဗွက်တွေထဲတွန်းလှဲ၊ ရွှံ့တွေနဲ့ ပစ်ပေါက်ကစားကြရင်း စပါးစိုက် ပျိုးမှုကို စတင်လုပ်ကိုင်ကြပါတယ်။ လယ်သမားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ ရိုးရာသီချင်းတွေ သီဆိုကြရင်း၊  ကခုန်ကစားကြရင်းနဲ့ စပါးပျိုးပင်တွေကို စိုက်ကြတာဖြစ်ပါတယ်။

ဒီပွဲတော်နေ့ကို နီပေါလူမျိုးတွေက ‘ဒဟီချီအူရာ’ လို့လည်း ခေါ်ကြပါတယ်။ ဒဟီ ဆိုတာက ဒိန်ချဉ် ဖြစ်ပြီး ချီအူရာ ဆိုတာက မုန့်ဆမ်းပါ။ ဘာလို့လဲဆိုတော့ ဒီပွဲတော်အတွင်းမှာ အဓိကစားသုံး ဆင်နွှဲကြတာက မုန့်ဆမ်းနဲ့ ဒိန်ချဉ်ဖြစ်လို့ပါတဲ့။

လယ်ကွင်းထဲကိုမဆင်းဘဲ အိမ်မှာပဲနေသူတွေကလည်း ဒီလိုနေ့မျိုးမှာ ဆန်ပေါက်ပေါက်နဲ့ ဒိန်ချဉ်တွေ၊ သရက်သီးတွေ၊ ငှက်ပျောသီးတွေ တွဲဖက်စားသုံးရင်း ပွဲတော်ကို ပါဝင်ဆင်နွှဲကြပါတယ်။

နီပေါနိုင်ငံမှာ ဆန်စပါးဟာ အဓိကနှံစားသီးနှံဖြစ်ပြီး နှစ်စဉ် ဇွန်လကုန် ဇူလိုင်လဆန်းပိုင်းမှာ စတင်စိုက် ပျိုးကြလေ့ရှိကာ နောက်ထပ် ၄ လခန့်အကြာမှာတော့ ရိတ်သိမ်းကြတာဖြစ်ပါတယ်။ နိုင်ငံရဲ့ စိုက်နိုင်ပျိုးနိုင်တဲ့ မြေဧရိယာစုစုပေါင်းရဲ့ ၄၇ ရာခိုင်နှုန်းက စပါးစိုက်ပျိုးတာပါ။ ဒါပေမဲ့ သန်းပေါင်း များစွာသော ပြည်သူတွေအတွက် ပြည်တွင်းစားသုံးမှု လုံလောက်ခြင်းတော့မရှိလို့ အိမ်နီးချင်းနိုင်ငံ တွေကနေ ဝယ်ယူစားသုံးရပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံကနေ ဝယ်ယူစားသုံးရတာဖြစ်ပါတယ်။ 

နီပေါနိုင်ငံအစိုးရကတော့ ရောဂါဒဏ်ခံနိုင်တဲ့ စပါးမျိုးသစ်တွေထုတ်လုပ်ခြင်း၊ ရေသွင်းစိုက်ပျိုးနိုင်ရေး ပိုမိုထောက်ပံ့နိုင်ခြင်းတို့နဲ့ ပြည်တွင်းစားသုံးမှုလုံလောက်အောင် စိုက်ပျိုးနိုင်ဖို့ ကြိုးစားနေပါတယ်။ 

ဒါ့အပြင် စပါးစိုက်ပျိုးခြင်းကို အားပေးတဲ့အနေနဲ့ စပါးစိုက်ပွဲတော်နေ့ကို အများပြည်သူရုံးပိတ်ရက် အဖြစ်လည်း သတ်မှတ်ပေးထားပါသေးတယ်။

Ref: https://www.aljazeera.com/gallery/2023/7/3/feasts-and-festivities-as-nepal-celebrates-rice-planting-festival

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ

Aung Myo Oo • ဖြေကြားချက် 2 ခု

အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်

wai phyo naing • ဖြေကြားချက် 0 ခု

ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။

ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

Phyo Zaw Hein • ဖြေကြားချက် 3 ခု

မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား

Sawsamson • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။