ပြောင်းအဝယ်လျှော့လိုက်တဲ့တရုတ်နဲ့ ကမ္ဘာတလွှား စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းများ
အင်ဒိုနီးရှားက ကြက်သားတွေတင်သွင်းတော့မယ့် စင်ကာပူ

စင်ကာပူနိုင်ငံဟာ သူ့နိုင်ငံသားတွေစားသုံးဖို့ ကြက်သားကို မလေးရှားနိုင်ငံကနေ ဝယ်ယူတင်သွင်းရတဲ့နိုင်ငံ ဖြစ်ပါတယ်။ အခုတော့ မလေးရှားနိုင်ငံအပြင် အင်ဒိုနီးရှားနိုင်ငံကနေပါ တင်သွင်းဖို့ လက်ခံလိုက်ပါပြီ။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်မှာ စင်ကာပူအစားအသောက်ကွပ်ကဲရေးအေဂျင်စီ (Singapore Food Agency - SFA) အနေနဲ့ အင်ဒိုနီးရှားနိုင်ငံက ကြက်ငှက်တုပ်ကွေးရောဂါကင်းစင်တဲ့ ကြက်ခြံတစ်ခြံကနေ မွေးမြူထုတ်လုပ်ထားတဲ့ ကြက်သားတွေကို တင်သွင်းခွင့်ပြုလိုက်ကြောင်း ထုတ်ပြန် ကြေညာခဲ့တယ်လို့ Channel News Asia သတင်းတစ်ပုဒ်က ဆိုပါတယ်။
စင်ကာပူ SFA အနေနဲ့ ရောဂါပိုးကင်းစင်တဲ့ ကြက်သားတွေကို တင်ပို့နိုင်ဖို့အတွက် စင်ကာပူနိုင်ငံ တိရစ္ဆာန်ဆေးကုဌာန (Animal and Veterinary Services - AVS) နဲ့ နီးနီးကပ်ကပ်ပူးပေါင်း ဆောင် ရွက်နေတဲ့အပြင် အင်ဒိုနီးရှားအာဏာပိုင်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စင်ကာပူနိုင်ငံကို ကြက်ဥ၊ ကြက်သား အပါအဝင် မွေးမြူရေးထုတ်ကုန် အစားအသောက်တွေ တင်သွင်းဖို့ ဆိုရင် SFA နဲ့ AVS တို့ရဲ့ ခွင့်ပြုချက်ရရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံအနေနဲ့ မလေးရှားနိုင်ငံအပြင် အခြား အာဆီယံနိုင်ငံတစ်နိုင်ငံက ကြက်သားတွေ စတင်ဝယ်ယူတင်သွင်းတဲ့သတင်းဟာ ဒေသတွင်းက မွေးမြူသူတွေအတွက်တော့ စိတ်လှုပ်ရှားစရာပါပဲ။
တကယ်တော့ မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ ကြက်ဥတွေကို စင်ကာပူနိုင်ငံဆီ တင်သွင်းဖို့ စင်ကာပူကုမ္ပဏီအချို့ မြန်မာ့မွေးမြူရေးခြံတချို့ကို ဆက်သွယ်လာခဲ့ဖူးပါတယ်။ စင်ကာပူနိုင်ငံရဲ့ အရည် အသွေးစံချိန်စံညွှန်းတွေကို လိုက်မီအောင် ထုတ်လုပ်ထားသည့်တိုင် လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားအချို့ လိုအပ်နေဆဲ ဖြစ်တာကြောင့် တင်ပို့တဲ့အဆင့်အထိ မရောက်သေးဘဲ ပြင်ဆင်ဆဲအခြေအနေမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အစီအစဉ်တွေ ရပ်ဆိုင်းသွားခဲ့ရပါတယ်။
တကယ်တော့ မွေးမြူရေးထုတ်ကုန်တွေကို ပြည်ပတင်ပို့နိုင်မယ်ဆိုရင် နိုင်ငံအတွက် ဝင်ငွေတိုးသလို၊ မွေးမြူသူတွေအတွက်လည်း အထိုက်အလျောက် အသက်ရှူချောင်မယ့် သဘောရှိပါတယ်။ ၁၉၉၀ ဝန်းကျင်ကာလတွေမှာ မြန်မာ့မွေးမြူရေးလောကထဲကို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ခဲ့စဉ်က ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာ့မွေးမြူရေးထုတ်ကုန်တွေကို ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်သွားဖို့ သက်ဆိုင်ရာအစိုးရအဆက်ဆက်က လမ်းညွှန်ခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်အထိတော့ လက်တွေ့ အကောင်အထည်ပေါ်မလာသေးပါဘူး။
လတ်တလောမှာတော့ ပြည်ပတင်ပို့နိုင်ရေးထက်ကို ပြည်တွင်းမှာ မွေးမြူရေးသမားတွေ ရှင်သန်နိုင်ဖို့နဲ့ ပြည်သူလူထုအနေနဲ့ မွေးမြူရေးထုတ်ကုန်တွေကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ဖို့ အသည်းအသန် ကြိုးစားနေရဆဲ ဖြစ်ပါတယ်။
အင်္ဂလန်က ခြံလုပ်သားနှစ်ယောက်မှာ ကြက်ငှက်တုပ်ကွေး ကူးစက်ခံရ

အင်္ဂလန်က မွေးမြူရေးခြံလုပ်သားနှစ်ဦးမှာ ကြက်ငှက်တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့တယ်လို့ မေလ ၁၆ ရက်မှာ ယူကေအစိုးရက ကြေညာပါတယ်။ အဲဒီလူနှစ်ယောက်ဟာ ကြက်ငှက်တုပ်ကွေးရောဂါ ကျရောက်ဖြစ်ပွားနေတဲ့ကြက်ခြံမှာ အလုပ်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့မှာ ဘာရောဂါလက္ခဏာမှ မပြသလို နောက်ပိုင်းမှာလည်း ရောဂါကူးစက်ခံရမှု မရှိတော့ဘူးဆိုတာကို တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ခြံလုပ်သားတွေရဲ့ နှာခေါင်းထဲက ရောဂါနမူနာပစ္စည်းကို ရယူပြီး စမ်းသပ်ခဲ့ရာမှာ ကြက်ငှက်တုပ်ကွေးရောဂါပိုးကို စမ်းသပ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါပိုးတွေ့ရုံနဲ့ ဒီလူတွေရဲ့ ခန္ဓာကိုယ်ထဲကို တကယ်ပဲ ဗိုင်းရပ်စ်ပိုး ကူးစက်ရောက်ရှိနေတာ ဟုတ်/မဟုတ် ကတော့ ပြောရခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါပိုးကို စမ်းသပ်တွေ့ရှိရပေမဲ့ ရောဂါလက္ခဏာ မပြလို့ပါ။ ဒါကြောင့် ခန္ဓာကိုယ်ထဲကို ကူးစက်တာမဟုတ်ဘဲ ကြက်တွေကို သယ်ထုတ်ရင်း ဗိုင်းရပ်စ်က ခြံလုပ်သားတွေရဲ့ နှာခေါင်းထဲ ခဏရောက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အင်္ဂလန်နည်းတူ အမေရိကန်မှာလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ လူတစ်ယောက်ဆီက ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကို စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ တကယ်ကူးစက်ခံရတာ ဟုတ်/မဟုတ်တော့ အဖြေမထွက်ခဲ့ပါဘူး။ အမေရိကန်မှာ ၂၀၂၂ ခုနှစ် ရောဂါစတင်ကျရောက်ချိန်က စတင်ပြီး ကြက်ကောင်ရေ ၅၉ သန်း ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။
အခုတော့ အမေရိကန်နိုင်ငံက ကြက်ငှက်တုပ်ကွေးရောဂါကို ကာကွယ်ဆေးနဲ့ ကာကွယ်ထိန်းချုပ်ဖို့ စတင်နေပါပြီ။ ကာကွယ်ဆေးအသုံးပြုလိုက်ပြီ ဆိုရင်တော့ အမေရိကန်ကြက်သားတွေကို ပြည်ပကို တင်ပို့ဖို့ ခက်ခဲလာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကာကွယ်ဆေးမသုံးဘဲ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြတာပါ။ ဒါပေမဲ့ အခုနောက်ဆုံးမှာတော့ ကာကွယ်ဆေး မဖြစ်မနေသုံးရမယ့် အခြေအနေကို ဆိုက်လာနေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အခုချိန်ထိ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားတယ်လို့ တရားဝင် ရောဂါရှာဖွေစမ်းသပ်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ တစ်ဖက်မှာလည်း ဈေးကွက်အခြေအနေ၊ အစာဈေးနှုန်းကြီးမြင့်မှု၊ ဝယ်လိုအားကျဆင်းလာမှုနဲ့ အရပ်ရပ်အခြေအနေကြောင့် ကြက်မွေးမြူရေး လျော့နည်းကျဆင်းနေတာက ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကို လျော့ကျစေနေတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြက်ငှက်တုပ်ကွေးရောဂါ အပါအဝင် အခြားရောဂါတွေကို ထိန်းချုပ်နိုင်ဖို့ ဇီဝလုံခြုံရေးကို ဂရုစိုက်ကြရမှာကတော့ မွေးမြူရေးလောကသားအားလုံးရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။
ပြောင်းတင်သွင်းမှု လျော့ကျပြီး၊ ဂျုံအသုံးပြုမှု မြင့်မားလာတဲ့ တရုတ်နိုင်ငံ

မွေးမြူရေးအစာမှာ ပြောင်းဟာ အရေးကြီး ကုန်ကြမ်းတစ်မည် ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ပြောင်းသုံးစွဲမှု အမြင့်မားဆုံးနိုင်ငံတစ်နိုင်ငံပါ။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ ပြောင်းသုံးစွဲမှုနှုန်း အနိမ့်အမြင့်ဟာ အခြားနိုင်ငံတွေရဲ့ ပြောင်းဈေးနှုန်းနဲ့ မွေးမြူရေးအစာဈေးနှုန်းအပြောင်းအလဲအပေါ် သက်ရောက်မှု ရှိပါတယ်။
ဒီနှစ်ထဲမှာတော့ တရုတ်ဟာ ပြောင်းအဝယ်လျော့ကျလာပြီး ဂျုံတင်သွင်းမှု အများဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။ တရုတ်ကိုယ်တိုင်က ဂျုံစိုက်ပျိုးမှုများပေမဲ့ အခြားနိုင်ငံကပါ တင်သွင်းနေတာပါ။ အထူးသဖြင့် သြစတေးလျနိုင်ငံကနေ တင်သွင်းနေတယ်လို့ ဆိုပါတယ်။
၂၀၂၂-၂၃ ဘဏ္ဍာနှစ် ပထမ ၄ လပတ်အတွင်း ဂျုံ တန်ချိန် ၆ သန်း တင်သွင်းခဲ့ပြီး၊ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် တစ်နှစ်လုံးတင်သွင်းမှုရဲ့ ၆၁ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ အဲဒီလိုတင်သွင်းမှု မြှင့်တင်ထားတာကြောင့် တရုတ်ပြည်တွင်းက ဂျုံထွက်လာချိန် ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ တရုတ်နိုင်ငံအတွင်း ဂျုံဈေးနှုန်းဟာ ၁၅ ရာခိုင်နှုန်း လျော့ကျသက်သာခဲ့ပါတယ်။ ဒါကြောင့် ပြောင်းအစား ဈေးနှုန်းပိုမိုသက်သာတဲ့ ဂျုံကို ပြောင်းလဲအသုံးပြုလာကြတာပါ။
အကျိုးဆက်အနေနဲ့ကတော့ ပြောင်းဝယ်ယူတင်သွင်းမှု လျော့ကျသွားခြင်းပါ။ ဥပမာအားဖြင့် အမေရိကန်က တင်သွင်းမယ့် ပြောင်းတန်ချိန် ၈ သိန်းအတွက် အမှာစာကို ခဏ နောက်ဆုတ်ထားကြပါတယ်။ ဂျုံဈေးအကျမှာ ပြောင်းပိုလျှံလာမှာမို့ ပြောင်းဈေးအကျကို ဝယ်လက်တွေက ထိုင်စောင့်နေတဲ့ သဘောပါ။
ဒီသတင်းကလည်း မြန်မာ့မွေးမြူရေးကဏ္ဍအတွက်တော့ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ တရုတ်ရဲ့ ပြောင်းကနေ ဂျုံဘက်လှည့်လာတဲ့ အကူးအပြောင်းက မြန်မာနိုင်ငံရဲ့ ပြောင်းဈေး၊ အစာဈေးနှုန်းတွေအပေါ် ဘယ်လိုသက်ရောက်လာမလဲဆိုတာ သတိကြီးကြီးထားပြီး ဆက်လက်စောင့်ကြည့်ကြရတော့မှာ ဖြစ်ပါတယ်။
သက်ခိုင်စုစည်းတင်ပြသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025